ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသော်လည်း နိုင် ငံကို Lockdown လုပ်မှာမဟုတ်ဟု အမေရိကန်ဆို

0
163

(Unicode)

ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသော်လည်း နိုင် ငံကို Lockdown လုပ်မှာမဟုတ်ဟု အမေရိကန်ဆို

အားလပ်ရက်ရာသီအတွင်း နိုင်ငံတဝန်း Lockdown မလုပ်ပဲ ကိုရိုနာဗိုင်းရပ်စ် အခြေအ နေကို ထိန်းချုပ်ထားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယခုနှစ်နှောင်းပိုင်းတွင် ကျေးဇူးတော်နေ့အား လပ်ရက်တွေမတိုင်မီ ရောဂါကူးစက်မှုနှုန်းတွေက ထပ်မံမြင့်တက်လာနေပြီး နောက်ပိုင်းမှာ ခရစ္စမတ်အားလပ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ် ရက်တို့လည်းရှိနေပါတယ်။

ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာနမှ ပြောကြားချက်အရ တနင်္လာနေ့ထိ ပျမ်းမျှနေ့စဉ်ကူးစက်မှုအသစ်အရေအတွက်မှာ ၉၂၀၀၀ ကျော်ရှိပြီး အစောပိုင်း ရက်သတ္တပတ်ကထက် ၁၈% မြင့်တက်လာတယ်လို့ သိရပါတယ်။

ဥရောပနိုင်ငံအချို့မှာတော့ ကူးစက်မှုအရေအတွက် ပြန်မြင့်တက်လာတာကြောင့် ကူးစက်မှုကို ထိန်းချုပ်ရန် Lockdown ပြန်လည်ပြုလုပ် ထားပါတယ်။

အိမ်ဖြူတော်ရဲ့ ကိုဗစ်ညှိနှိုင်းရေးမှူး Jeff Zients က အမေရိကန်ရဲ့ဗိုင်းရပ်စ်အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ သတင်းထောက်တွေကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

ကာကွယ်ဆေးထပ်ဆောင်းထိုးနှံမှုများနဲ့တခြားအစီအမံများကြောင့် စီးပွါးရေးလုပ်ငန်းတွေကို ကန့်သတ်ခြင်းမရှိပဲ ရောဂါပိုးများကို တားဆီးနိုင်တယ်လို့ ၄င်းကဆက်ပြောပါတယ်။

ခရီးသွာရခြင်း၊လူမှုဆက်ဆံရေးနှင့် အခြားလှုပ်ရှားမှုများမှတဆင့် ကူးစက်ရောဂါများဖြစ်နိုင် ချေကို ကာကွယ်ရန် အားလပ်ရပ်မတိုင်မီ က လေးတွေကို ကာကွယ်ဆေးထိုးရန်နှင့် ထပ် ဆောင်းကာကွယ်ဆေးတွေထိုးရန် အမေရိကန် အစိုးရက တိုက်တွန်းထားပါတယ်။

အမေရိကန်သယ်ယူပို့ဆောင်ရေးနှင့်လုံခြုံရေး စီမံကွပ်ကဲမှုမှ ပြုစုထားသော အချက်အလက် တွေအရ ပြီးခဲ့တဲ့သောကြာနေ့မှ တနင်္ဂနွေနေ့အထိ လူပေါင်း ၆.၄၅သန်းကျော်ဟာ လေကြောင်းဖြင့် ခရီးသွားလာခဲ့ကြောင်း ဖော်ပြထားပါတယ်။ဒါဟာ ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ခုနှစ်ကာလတူ ကိန်းဂဏန်းရဲ့ ၉၀% ခန့်ဖြစ်ပါတယ်။

အားလပ်ရက်ရာသီအတွင်း ခရီးသွားအရေအတွက်ဟာ ကပ်ရောဂါမတိုင်ခင်ကာလက အ ဆင့်ကို ပြန်လည်ရောက်ရှိဖို့မျှော်လင့်ထားတာကြောင့် ဖက်ဒရယ်အစိုးရနှင့်ကျန်းမာရေးအာဏာပိုင်တွေဟာ ပြန်စတင်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

(Zawgyi)

ဗိုင္းရပ္စ္ကူးစက္မႈျမင့္တက္ေနေသာ္လည္း ႏိုင္ ငံကို Lockdown လုပ္မွာမဟုတ္ဟု အေမရိကန္ဆို

အားလပ္ရက္ရာသီအတြင္း ႏိုင္ငံတဝန္း Lockdown မလုပ္ပဲ ကို႐ိုနာဗိုင္းရပ္စ္ အေျခအ ေနကို ထိန္းခ်ဳပ္ထားႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ယခုႏွစ္ေႏွာင္းပိုင္းတြင္ ေက်းဇူးေတာ္ေန႔အား လပ္ရက္ေတြမတိုင္မီ ေရာဂါကူးစက္မႈႏႈန္းေတြက ထပ္မံျမင့္တက္လာေနၿပီး ေနာက္ပိုင္းမွာ ခရစၥမတ္အားလပ္ရက္နဲ႔ ႏွစ္သစ္ကူး႐ုံးပိတ္ ရက္တို႔လည္းရွိေနပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးဗဟိုဌာနမွ ေျပာၾကားခ်က္အရ တနလၤာေန႔ထိ ပ်မ္းမွ်ေန႔စဥ္ကူးစက္မႈအသစ္အေရအတြက္မွာ ၉၂၀၀၀ ေက်ာ္ရွိၿပီး အေစာပိုင္း ရက္သတၱပတ္ကထက္ ၁၈% ျမင့္တက္လာတယ္လို႔ သိရပါတယ္။

ဥေရာပႏိုင္ငံအခ်ိဳ႕မွာေတာ့ ကူးစက္မႈအေရအတြက္ ျပန္ျမင့္တက္လာတာေၾကာင့္ ကူးစက္မႈကို ထိန္းခ်ဳပ္ရန္ Lockdown ျပန္လည္ျပဳလုပ္ ထားပါတယ္။

အိမ္ျဖဴေတာ္ရဲ႕ ကိုဗစ္ညႇိႏႈိင္းေရးမႉး Jeff Zients က အေမရိကန္ရဲ႕ဗိုင္းရပ္စ္အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ သတင္းေထာက္ေတြကို တနလၤာေန႔က ေျပာခဲ့ပါတယ္။

ကာကြယ္ေဆးထပ္ေဆာင္းထိုးႏွံမႈမ်ားနဲ႔တျခားအစီအမံမ်ားေၾကာင့္ စီးပြါးေရးလုပ္ငန္းေတြကို ကန္႔သတ္ျခင္းမရွိပဲ ေရာဂါပိုးမ်ားကို တားဆီးႏိုင္တယ္လို႔ ၄င္းကဆက္ေျပာပါတယ္။

ခရီးသြာရျခင္း၊လူမႈဆက္ဆံေရးႏွင့္ အျခားလႈပ္ရွားမႈမ်ားမွတဆင့္ ကူးစက္ေရာဂါမ်ားျဖစ္ႏိုင္ ေခ်ကို ကာကြယ္ရန္ အားလပ္ရပ္မတိုင္မီ က ေလးေတြကို ကာကြယ္ေဆးထိုးရန္ႏွင့္ ထပ္ ေဆာင္းကာကြယ္ေဆးေတြထိုးရန္ အေမရိကန္ အစိုးရက တိုက္တြန္းထားပါတယ္။

အေမရိကန္သယ္ယူပို႔ေဆာင္ေရးႏွင့္လုံၿခဳံေရး စီမံကြပ္ကဲမႈမွ ျပဳစုထားေသာ အခ်က္အလက္ ေတြအရ ၿပီးခဲ့တဲ့ေသာၾကာေန႔မွ တနဂၤေႏြေန႔အထိ လူေပါင္း ၆.၄၅သန္းေက်ာ္ဟာ ေလေၾကာင္းျဖင့္ ခရီးသြားလာခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ဒါဟာ ကပ္ေရာဂါမျဖစ္ခင္ ၂၀၁၉ခုႏွစ္ကာလတူ ကိန္းဂဏန္းရဲ႕ ၉၀% ခန္႔ျဖစ္ပါတယ္။

အားလပ္ရက္ရာသီအတြင္း ခရီးသြားအေရအတြက္ဟာ ကပ္ေရာဂါမတိုင္ခင္ကာလက အ ဆင့္ကို ျပန္လည္ေရာက္ရွိဖို႔ေမွ်ာ္လင့္ထားတာေၾကာင့္ ဖက္ဒရယ္အစိုးရႏွင့္က်န္းမာေရးအာဏာပိုင္ေတြဟာ ျပန္စတင္ႏိုင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here