ကုမ္ပဏီ/အဖွဲ့အစည်းတိုင်း သီးခြားဘဏ်ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ဖို့ ညွှန်ကြား

0
544

(Unicode)

ကုမ္ပဏီ/အဖွဲ့အစည်းတိုင်း သီးခြားဘဏ်ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်ဖို့ ညွှန်ကြား

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် အချို့သော ကုမ္ပဏီ/အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာကိစ္စများတွင် ဘဏ်များ၌ သီးခြားငွေစာရင်းဖွင့် လှစ်ဆောင်ရွက်မှုမပြုဘဲ ဒါရိုက်တာများ၏ဘဏ်ငွေစာရင်းကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက် နေကြသည်ကို တွေ့ရှိရ၍ကုမ္ပဏီ/အဖွဲ့ အစည်း အမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account)ဖွင့်လှစ်ရန် နစကရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အပ်နှင်း ထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ဤညွှန်ကြားချက်အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုဝန်ကြီးဌာနက ညွှန်ကြားစာတွင်ပြောဆိုထားသည်။

ကုမ္ပဏီ/အဖွဲ့ အစည်း အမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account)ဖွင့်လှစ်ရန် ညွှန်ကြားရခြင်းနှင့် စပ်လျဉ်း၍လည်း “ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၅ (က) အရ ကုမ္ပဏီသည် ၎င်းတွင် ပါဝင်သူများ ၏ အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့် တရားဝင်အဖွဲ့အစည်း တစ်ရပ် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ကုမ္ပဏီတိုင်းအနေဖြင့် သီးခြားဘဏ်ငွေစာရင်းထားရှိ ရမည်ဖြစ်ပါသည်”ဟု ဝန်ကြီးဌာနက ပြောဆိုသည်။

ဤညွှန်ကြားချက်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ/အဖွဲ့အစည်း အားလုံးနှင့် သက်ဆိုင်စေရမည်ဟုလည်းပြောသည်။

အဆိုပါညွှန်ကြားချက်နှင့် စပ်လျဉ်းပြီး အချို့က စိတ်ပူပန်မှုရှိနေကြသည်။

(Zawgyi)

ကုမၸဏီ/အဖြဲ႕အစည္းတိုင္း သီးျခားဘဏ္ေငြစာရင္းဖြင့္လွစ္ေဆာင္႐ြက္ဖို႔ ၫႊန္ၾကား

ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒအရ ဖြဲ႕စည္းတည္ေထာင္ထားသည့္ အခ်ိဳ႕ေသာ ကုမၸဏီ/အဖြဲ႕အစည္းမ်ားသည္ ေငြေၾကးဆိုင္ရာကိစၥမ်ားတြင္ ဘဏ္မ်ား၌ သီးျခားေငြစာရင္းဖြင့္ လွစ္ေဆာင္႐ြက္မႈမျပဳဘဲ ဒါ႐ိုက္တာမ်ား၏ဘဏ္ေငြစာရင္းကို အသုံးျပဳ၍ လုပ္ငန္းေဆာင္႐ြက္ ေနၾကသည္ကို ေတြ႕ရွိရ၍ကုမၸဏီ/အဖြဲ႕ အစည္း အမည္ျဖင့္ သီးျခားေငြစာရင္း (Corporate Account)ဖြင့္လွစ္ရန္ နစကရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနက ၫႊန္ၾကားခ်က္ထုတ္ျပန္ထားသည္။

၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ပုဒ္မ ၄၆၂ ပုဒ္မခြဲ (က) ပုဒ္မခြဲငယ္ (၂) အရ အပ္ႏွင္း ထားသည့္ အခြင့္အာဏာမ်ားကိုက်င့္သုံး၍ ဤၫႊန္ၾကားခ်က္အား ထုတ္ျပန္လိုက္ျခင္းျဖစ္သည္ဟုဝန္ႀကီးဌာနက ၫႊန္ၾကားစာတြင္ေျပာဆိုထားသည္။

ကုမၸဏီ/အဖြဲ႕ အစည္း အမည္ျဖင့္ သီးျခားေငြစာရင္း (Corporate Account)ဖြင့္လွစ္ရန္ ၫႊန္ၾကားရျခင္းႏွင့္ စပ္လ်ဥ္း၍လည္း “ ျမန္မာႏိုင္ငံ ကုမၸဏီမ်ား ဥပေဒပုဒ္မ ၅ (က) အရ ကုမၸဏီသည္ ၎တြင္ ပါဝင္သူမ်ား ၏ အခြင့္အေရးႏွင့္ သီးျခားျဖစ္ေသာ ကိုယ္ပိုင္အခြင့္အေရးမ်ားရွိသည့္ တရားဝင္အဖြဲ႕အစည္း တစ္ရပ္ ျဖစ္ေၾကာင္း ျပ႒ာန္းထားသျဖင့္ ကုမၸဏီတိုင္းအေနျဖင့္ သီးျခားဘဏ္ေငြစာရင္းထားရွိ ရမည္ျဖစ္ပါသည္”ဟု ဝန္ႀကီးဌာနက ေျပာဆိုသည္။

ဤၫႊန္ၾကားခ်က္သည္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနတြင္ မွတ္ပုံတင္ထားေသာ ကုမၸဏီ/အဖြဲ႕အစည္း အားလုံးႏွင့္ သက္ဆိုင္ေစရမည္ဟုလည္းေျပာသည္။

အဆိုပါၫႊန္ၾကားခ်က္ႏွင့္ စပ္လ်ဥ္းၿပီး အခ်ိဳ႕က စိတ္ပူပန္မႈရွိေနၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here