ဇေကမ္ဘာဝင်းအတွင်းမှာ တွဲကားတစ်စီးမီးလောင်

0
100

(Unicode)

ဇေကမ္ဘာဝင်းအတွင်းမှာ တွဲကားတစ်စီးမီးလောင်

မင်္ဂလာဒုံမြို့နယ်၊ဇေကမ္ဘာဝင်းအတွင်းက သံဂိုထောင်ထဲမှာ ကုန်ပစ္စည်းတွေချနေတဲ့ တွဲကားတစ်စီး ဒီနေ့မနက် ၈ နာရီ ၅ မိနစ်က မီးလောင်ခဲ့ပါတယ်။

“လောင်သွားတာက တွဲကားပါ ကုန်တွေချနေရင်း ဝါယာရှော့ဖြစ်ပြီးလောင်တာပါ တစ်စီးလုံးလောင်သွားတယ် လူထိတာတော့မရှိဘူး”လို့ မင်္ဂလာဒုံမီးသတ်စခန်းက တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မီးလောင်တဲ့နေရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းနဲ့ပုလဲအရန်မီးသတ်စခန်းက မီးသတ်အဖွဲ့ဝင်တွေက သွားရောက်ငြိမ်းသတ်ခဲ့ကြလို့ မနက် ၈ နာရီ ၂၀ မိနစ်မှာမီးငြိမ်းသွားပါတယ်။

Photo-ပုလဲအရန်မီးသတ်

(Zawgyi)





Photo-ပုလဲအရန်မီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here