ရန်ကုန်-ဒူဘိုင်း-ရန်ကုန် လေကြောင်းခရီးစဥ် နိုဝင်ဘာ ၃၀ မှာ MAI ကစတင်ပျံသန်းမယ်

0
216

(Unicode)

ရန်ကုန်-ဒူဘိုင်း-ရန်ကုန် လေကြောင်းခရီးစဥ် နိုဝင်ဘာ ၃၀ မှာ MAI ကစတင်ပျံသန်းမယ်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI က ရန်ကုန်-ဒူဘိုင်း-ရန်ကုန် National Flight တွေနဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီးပျံသန်းပြေးဆွဲပေးသွားတော့မှာဖြစ်ပါတယ်။

ဒူဘိုင်းကတဆင့်ခရီးဆက်လိုသူတွေ မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေ အဆင်ပြေစေဖို့အတွက်ရည်ရွယ်ပြီး ပျံသန်းပြေးဆွဲပေးခြင်းဖြစ်ပါတယ်။

ခရီးစဥ်တိုင်းကို သက်ဆိုင်ရာအာဏာပိုင်တွေကစစ်ဆေးဆောင်ရွက်ပေးပြီး ကန့်သတ်ထားတဲ့ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းရမှာဖြစ်ပါတယ်။ဒါ့အပြင် ၇၂ နာရီအတွင်းစစ် ဆေးထားတဲ့ ကိုဗစ်(၁၉)ကင်းစင်ကြောင်း ကိုဗစ်(၁၉)PCR test ကိုလည်း သက်ဆိုင်ရာကိုတင်ပြရမှာပါ။

လေယာဥ်လက်မှတ်ခက နေရာအလိုက် အမေရိကန်ဒေါ်လာ ၇၅၀ နဲ့ ၁၆၅၀ ဒေါ်လာအသီးသီးကျသင့်မှာဖြစ်ပြီး အနည်းဆုံး ၆ ရက်လောက်ကြိုတင် ဘိုကင်လုပ်ရမှာဖြစ်ပါတယ်။လက်မှတ်တွေကို ရန်ကုန်မြို့မှာဆိုရင် လှိုင်မြို့နယ်က IBC က MAI ကောင်တာမှာဝယ်လို့ရပြီး ဒူဘိုင်းမှာဆိုရင် Golden Travel LLC မှာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here