ရန်ကုန်မြို့နယ် ၁၈မြို့နယ် မီးထပ်ပျက်မည်

0
203

(Unicode)

ရန်ကုန်မြို့နယ် ၁၈မြို့နယ် မီးထပ်ပျက်မည်

မနက်ဖြန် နိုဝင်ဘာ ၂၅ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့နယ်အချို့ မီးထပ်ပျက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်၍ မီးပျက်မည်ဟု ကော်ပိုရေးရှင်းကဆိုသည်။

မီးပျက်မည်အချိန်မှာ (၂၅.၁၁.၂၀၂၁) ရက်နေ့၊ ( ကြာသပတေးနေ့ ) ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်ဖြစ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လသာ၊ကမာရွတ်၊ လမ်းမတော်၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ အလုံ၊ သန်လျင်၊ ဒဂုံ၊ ထောက်ကြန့်၊ လှည်းကူး၊ ထန်းတပင် မြို့နယ်များ အတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်သည်။

အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ် ဆောင်ရွက်သွားမည်ဟုလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးကြေညာထားသည်။

ရန်ကုန်တွင် ယခုရက်အတွင်း မီးမကြာခဏဆိုသလို ပြတ်တောက်မှုများရှိနေသည်။

(Zawgyi)

ရန်ကုန်မြို့နယ် ၁၇မြို့နယ် မီးထပ်ပျက်မည်







LEAVE A REPLY

Please enter your comment!
Please enter your name here