အခေါက်ရွှေဈေး တအိအိကျဆင်း

0
390

(Unicode)

အခေါက်ရွှေဈေး တအိအိကျဆင်း

တစ်ကျပ်သားကို ငွေကျပ် ၂၂သိန်းအထိ ရက်အနည်းငယ် စံချိန်တင်တက်ခဲ့တဲ့ အခေါက်ရွှေဈေးဟာ ငွေကျပ် ၁၈သိန်းအထိ တအိအိကျဆင်းသွားပြီး အခု နိုဝင်ဘာ ၂၄ရက်အရောက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်တစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်းပဲရှိပါတော့တယ်။

ရွှေကုန်သည်တစ်ဦးက အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်တစ်ဆယ့်ရှစ်သိန်းပါတ်ချာလည်ဈေးရှိနေတာ တစ်လခွဲကာလရှိနေပြီး အခု ငွေကျပ်တစ်ဆယ့်ရှစ်သိန်းအောက်ကို တဖြည်းဖြည်းဆက်ကျနေတာလို့ ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၄ရက်ရဲ့ ကမ္ဘာ့ရွှေဈေးဟာ 1 Ounce-1792 USD ရှိနေပါတယ်။

နိုဝင်ဘာ ၂၃ရက်ရဲ့ ကမ္ဘာ့​ရွှေ​​စျေး(World Gold Price)1 Ounce-1808 USD ရှိခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာလည်း အခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းနေတာရှိတယ်လို့ ရွှေကုန်သည်တစ်ဦးကလည်း ပြောပါတယ်။

အရောင်းအဝယ်က ပုံမှန်ပဲ ရွှေဈေးအတက်အကျကြမ်းတဲ့ ကာလတွေတုန်းကနဲ့ ပြောမယ်ဆိုရင် အတော်လေးကျသွားတယ်လို့ ပြောလို့ ရတယ်လို့ ရွှေအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကလည်းပြောပြပါတယ်။

(Zawgyi)

အေခါက္ေ႐ႊေဈး တအိအိက်ဆင္း

တစ္က်ပ္သားကို ေငြက်ပ္ ၂၂သိန္းအထိ ရက္အနည္းငယ္ စံခ်ိန္တင္တက္ခဲ့တဲ့ အေခါက္ေ႐ႊေဈးဟာ ေငြက်ပ္ ၁၈သိန္းအထိ တအိအိက်ဆင္းသြားၿပီး အခု ႏိုဝင္ဘာ ၂၄ရက္အေရာက္မွာေတာ့ အေခါက္ေ႐ႊတစ္က်ပ္သားကို ေငြက်ပ္တစ္ဆယ့္ခုႏွစ္သိန္းေျခာက္ေသာင္းပဲရွိပါေတာ့တယ္။

ေ႐ႊကုန္သည္တစ္ဦးက အေခါက္ေ႐ႊေဈးဟာ တစ္က်ပ္သားကို ေငြက်ပ္တစ္ဆယ့္ရွစ္သိန္းပါတ္ခ်ာလည္ေဈးရွိေနတာ တစ္လခြဲကာလရွိေနၿပီး အခု ေငြက်ပ္တစ္ဆယ့္ရွစ္သိန္းေအာက္ကို တျဖည္းျဖည္းဆက္က်ေနတာလို႔ ေျပာပါတယ္။

ဒီကေန႔ ႏိုဝင္ဘာ ၂၄ရက္ရဲ႕ ကမာၻ႔ေ႐ႊေဈးဟာ 1 Ounce-1792 USD ရွိေနပါတယ္။

ႏိုဝင္ဘာ ၂၃ရက္ရဲ႕ ကမာၻ႔​ေ႐ႊ​​ေစ်း(World Gold Price)1 Ounce-1808 USD ရွိခဲ့ပါတယ္။

ကမာၻ႔ေ႐ႊေဈးဟာလည္း အခုရက္ပိုင္းအတြင္း အနည္းငယ္က်ဆင္းေနတာရွိတယ္လို႔ ေ႐ႊကုန္သည္တစ္ဦးကလည္း ေျပာပါတယ္။

အေရာင္းအဝယ္က ပုံမွန္ပဲ ေ႐ႊေဈးအတက္အက်ၾကမ္းတဲ့ ကာလေတြတုန္းကနဲ႔ ေျပာမယ္ဆိုရင္ အေတာ္ေလးက်သြားတယ္လို႔ ေျပာလို႔ ရတယ္လို႔ ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ေနသူတစ္ဦးကလည္းေျပာျပပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here