ကိုဗစ်လျော့ ကျလာ၍ ဂွမြို့နယ်က အခြေခံပညာသင်ကျောင်းများ မကြာမီ ဖွင့်မည်

0
104

ကိုဗစ်လျော့ ကျလာ၍ ဂွမြို့နယ်က အခြေခံပညာသင်ကျောင်းများ မကြာမီ ဖွင့်မည်

ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက် တစ်နေ့ထက် တစ်နေ့ ကျဆင်းလာနေ၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများကို ဒီဇင်ဘာလတွင် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် မျှော်လင့်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင်က“ ကျန်းမာရေးသတ်မှတ်ချက်အရ ကျန်ခဲ့တဲ့ကာလ ၂၈ ရက်အတွင်း ကိုဗစ်ကူးစက်နှုန်းကိုသုံးသပ်တယ်။ ၅ ရာခိုင်နှုန်းအောက်ရောက်ရင် ဖွင့်မယ်။ မရောက်ရင် မဖွင့်ဘူး။ အရင်ကတည်းက သိထားပါတယ်။ ဒါပေမယ့် ကလေးတွေပညာရေးအတွက် လာမယ့် ဒီဇင်ဘာလလောက်မှာဆိုရင်တော့ ဖွင့်နိုင်ရင် ကောင်းမယ်ဆိုပြီး မျှော်လင့်နေပါတယ်”ဟု ပြောသည်။

ဂွမြို့နယ်တွင် နိုဝင်ဘာ ၁၉ ရက်မှ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ အထိ (၅) ရက် ကာလအတွင်း နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးသာရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူမှာ ယင်း ၅ ရက်အတွင်း တစ်ဦးတစ်ယောက်မှ မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ကျန်မြို့နယ်များတွင် အခြေခံပညာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားမှု များခဲ့သည့် ဂွမြို့နယ် တစ်ခုတည်းသာ မဖွင့်နိုင်ဘဲ ကျန်ခဲ့သည်။

ဂွမြို့နယ်၊ မကျည်းငူကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးသန်းဖေက “ကျောင်းအမြန်ဖွင့်ရင်တော့ ပိုကောင်းတာပေါ့။ သားသမီးတွေကို ကျောင်းဖွင့်ရင် စာနောက်မကျရအောင် ကျူရှင်တော့ ထားထားပါတယ်။ ဆယ်တန်းဆိုတော့ စာမေးပွဲဖြေရင် စာတွေကိုရနေဖို့လိုတယ်”ဟုပြောသည်။

ဂွမြို့နယ်သည် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ် ကူးစက်မှုအများဆုံး မြို့နယ်တစ်ခုဖြစ်သဖြင့် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အပြင်ထွက်ကြရန် သြဂုတ် ၂၅ ရက်မှစတင်ကာ ဒေသန္တရအမိန့်ကိုထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်တွင် ဒေသန္တရအမိန့်ကို နံနက် ၄ နာရီမှ ညနေ ၂ နာရီအထိသာအပြင်ထွက်ကြရန် အချိန်လျှော့ပေါ့၍ ထုတ်ပြန်ပေးခဲ့သည်။

ဂွမြို့နယ်တွင် လက်ရှိ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်ဖြစ်ပွားသူ ၁၁၃၇ ဦးနှင့် သေဆုံးသူ ၃၇ ဦးထိရှိနေပြီး လက်ရှိ ဆေးရုံတွင် ကုသနေရသည့် ကိုဗစ်လူနာ ၃ ဦး သာရှိနေသည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း ကျောင်းပြန်တက်သူ လေးသိန်းနီးပါးရှိနေကာ တိုင်း၊ပြည်နယ်ထဲ ကျောင်းတက်သူအများဆုံးရာခိုင်နှုန်း ရှိနေသည့် ပြည်နယ်တစ်ခုအဖြစ်ရပ်တည်နေသည်။

(Zawgyi)

ကိုဗစ္ေလ်ာ့ က်လာ၍ ဂြၿမိဳ႕နယ္က အေျခခံပညာသင္ေက်ာင္းမ်ား မၾကာမီ ဖြင့္မည္

ကိုဗစ္ပိုးေတြ႕ရွိသူ အေရအတြက္ တစ္ေန႔ထက္ တစ္ေန႔ က်ဆင္းလာေန၍ ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္တြင္ အေျခခံပညာေက်ာင္းမ်ားကို ဒီဇင္ဘာလတြင္ ျပန္လည္ ဖြင့္လွစ္ခြင့္ရရွိေရးအတြက္ ေမွ်ာ္လင့္ေနသည္ဟု ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕က ေျပာသည္။

ျပည္နယ္အစိုးရအဖြဲ႕ဝင္က“ က်န္းမာေရးသတ္မွတ္ခ်က္အရ က်န္ခဲ့တဲ့ကာလ ၂၈ ရက္အတြင္း ကိုဗစ္ကူးစက္ႏႈန္းကိုသုံးသပ္တယ္။ ၅ ရာခိုင္ႏႈန္းေအာက္ေရာက္ရင္ ဖြင့္မယ္။ မေရာက္ရင္ မဖြင့္ဘူး။ အရင္ကတည္းက သိထားပါတယ္။ ဒါေပမယ့္ ကေလးေတြပညာေရးအတြက္ လာမယ့္ ဒီဇင္ဘာလေလာက္မွာဆိုရင္ေတာ့ ဖြင့္ႏိုင္ရင္ ေကာင္းမယ္ဆိုၿပီး ေမွ်ာ္လင့္ေနပါတယ္”ဟု ေျပာသည္။

ဂြၿမိဳ႕နယ္တြင္ ႏိုဝင္ဘာ ၁၉ ရက္မွ ယမန္ေန႔ ႏိုဝင္ဘာ ၂၃ ရက္ေန႔ အထိ (၅) ရက္ ကာလအတြင္း ႏိုဝင္ဘာ ၂၂ ရက္ေန႔တြင္ ကိုဗစ္ပိုးေတြ႕ရွိသူ တစ္ဦးသာရွိခဲ့ၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူမွာ ယင္း ၅ ရက္အတြင္း တစ္ဦးတစ္ေယာက္မွ မရွိေၾကာင္း ရခိုင္ျပည္နယ္အစိုးရ ထုတ္ျပန္ထားသည္။

ရခိုင္ျပည္နယ္ ၁၇ ၿမိဳ႕နယ္တြင္ က်န္ၿမိဳ႕နယ္မ်ားတြင္ အေျခခံပညာသင္ေက်ာင္းမ်ားကို ျပန္လည္ ဖြင့္လွစ္ႏိုင္ခဲ့ေသာ္လည္း ကိုဗစ္ျဖစ္ပြားမႈ မ်ားခဲ့သည့္ ဂြၿမိဳ႕နယ္ တစ္ခုတည္းသာ မဖြင့္ႏိုင္ဘဲ က်န္ခဲ့သည္။

ဂြၿမိဳ႕နယ္၊ မက်ည္းငူေက်း႐ြာမွ ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ဦးသန္းေဖက “ေက်ာင္းအျမန္ဖြင့္ရင္ေတာ့ ပိုေကာင္းတာေပါ့။ သားသမီးေတြကို ေက်ာင္းဖြင့္ရင္ စာေနာက္မက်ရေအာင္ က်ဴရွင္ေတာ့ ထားထားပါတယ္။ ဆယ္တန္းဆိုေတာ့ စာေမးပြဲေျဖရင္ စာေတြကိုရေနဖို႔လိုတယ္”ဟုေျပာသည္။

ဂြၿမိဳ႕နယ္သည္ ကိုဗစ္တတိယလႈိင္းအတြင္း ရခိုင္ျပည္နယ္တြင္ ကိုဗစ္ ကူးစက္မႈအမ်ားဆုံး ၿမိဳ႕နယ္တစ္ခုျဖစ္သျဖင့္ နံနက္ ၅ နာရီမွ မြန္းတည့္ ၁၂ နာရီအထိသာ အျပင္ထြက္ၾကရန္ ၾသဂုတ္ ၂၅ ရက္မွစတင္ကာ ေဒသႏၲရအမိန႔္ကိုထုတ္ျပန္ခဲ့သည္။

စက္တင္ဘာ ၂၉ ရက္တြင္ ေဒသႏၲရအမိန႔္ကို နံနက္ ၄ နာရီမွ ညေန ၂ နာရီအထိသာအျပင္ထြက္ၾကရန္ အခ်ိန္ေလွ်ာ့ေပါ့၍ ထုတ္ျပန္ေပးခဲ့သည္။

ဂြၿမိဳ႕နယ္တြင္ လက္ရွိ ႏိုဝင္ဘာ ၂၃ ရက္ေန႔အထိ ကိုဗစ္ျဖစ္ပြားသူ ၁၁၃၇ ဦးႏွင့္ ေသဆုံးသူ ၃၇ ဦးထိရွိေနၿပီး လက္ရွိ ေဆး႐ုံတြင္ ကုသေနရသည့္ ကိုဗစ္လူနာ ၃ ဦး သာရွိေနသည္။

လက္ရွိအခ်ိန္အထိ ရခိုင္ျပည္နယ္အတြင္း ေက်ာင္းျပန္တက္သူ ေလးသိန္းနီးပါးရွိေနကာ တိုင္း၊ျပည္နယ္ထဲ ေက်ာင္းတက္သူအမ်ားဆုံးရာခိုင္ႏႈန္း ရွိေနသည့္ ျပည္နယ္တစ္ခုအျဖစ္ရပ္တည္ေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here