Samsung က ၁၇ဘီလီယံတန်ဖိုးရှိတဲ့ Chip စက်ရုံကို US မှာတည်ဆောက်မည်

0
124

(Unicode)

Samsung က ၁၇ဘီလီယံတန်ဖိုးရှိတဲ့ Chip စက်ရုံကို US မှာတည်ဆောက်မည်

တကမ္ဘာလုံးမှာ ကွန်ပြူတာ chips တွေ ပြတ် လပ်နေချိန်မှာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung Electronic က အမေရိကန်မှာ semiconductor စက်ရုံသစ်တည် ဆောက်မယ် လို့ ပြောခဲ့ပါတယ်။

Samsung ဟာ အဆင့်မြင့် semiconductor ထုတ်လုပ်မှုကိုမြှင့်တင်မယ့် စက်ရုံမှာ ခန့်မှန်းခြေ ဒေါ်လာ ၁၇ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

စက်ရုံသစ်ဟာ အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊တေလာမှာ တည်ဆောက်သွားမှာပါ။

ဆောက်လုပ်ရေးလုပ်ငန်းကို လာမယ့်နှစ် ပထမနှစ်ဝက်မှာ စတင်မှာဖြစ်ပြီး ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ စတင်ဖို့ ရည်မှန်းထားပါတယ်။

Chips စက်ရုံသစ်ဟာ အမေရိကမှာတည်ဆောက်မယ့် Samsung ရဲ့ ဒုတိယမြောက်စက်ရုံဖြစ်လာမှာဖြစ်ပြီး လက်ရှိစက်ရုံတည်ရှိတဲ့နေရာကလည်း တက္ကဆက်ပြည်နယ်ထဲမှာပါ။

အဆိုပါစက်ရုံသစ်ဟာ နည်းပညာမြင့်အလုပ်သမားတွေအတွက် အလုပ်အကိုင်ပေါင်း ၂၀၀၀ခန့်ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Samsung ရဲ့ ဒုတိယဥက္ကဌ Kim Ki-nan က “ပိုကောင်းတဲ့ ထုတ်လုပ်မှုစွမ်းရည်နဲ့ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာဆောင် ရွက်ပေးနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ semiconductor ထောက်ပံ့ရေးအတွင် အထောက်အကူဖြစ်မှာပါ” လို့ ပြောခဲ့ပါတယ်။

Boden အစိုးရကတော့ ၄င်းအစီအစဉ်ကို ကြိုဆိုခဲ့ပါတယ်။အမေရိကန်ရဲ့ အမျိုးသားစီးပွါးရေးကောင်စီအကြီးအကဲနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့က အဆိုပါစက်ရုံသစ် ဟာ US ရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကို ကာကွယ်ပေးနိုင်ပြီး နိုင်ငံရဲ့ semiconductor မလုံလောက်ခြင်းကို နောက်တကြိမ်မကြုံတွေ့ရတော့မှာ သေချာစေတယ်လို့ ပြောခဲ့ပါတယ်။

Source-NHK
Photo – Korea IT Time

(Zawgyi)

Samsung က ၁၇ဘီလီယံတန္ဖိုးရွိတဲ့ Chip စက္႐ုံကို US မွာတည္ေဆာက္မည္

တကမာၻလုံးမွာ ကြန္ျပဴတာ chips ေတြ ျပတ္ လပ္ေနခ်ိန္မွာ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung Electronic က အေမရိကန္မွာ semiconductor စက္႐ုံသစ္တည္ ေဆာက္မယ္ လို႔ ေျပာခဲ့ပါတယ္။

Samsung ဟာ အဆင့္ျမင့္ semiconductor ထုတ္လုပ္မႈကိုျမႇင့္တင္မယ့္ စက္႐ုံမွာ ခန္႔မွန္းေျခ ေဒၚလာ ၁၇ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ဗုဒၶဟူးေန႔က ေၾကညာခဲ့ပါတယ္။

စက္႐ုံသစ္ဟာ အေမရိကန္ျပည္ေထာင္စု၊တကၠဆက္ျပည္နယ္၊ေတလာမွာ တည္ေဆာက္သြားမွာပါ။

ေဆာက္လုပ္ေရးလုပ္ငန္းကို လာမယ့္ႏွစ္ ပထမႏွစ္ဝက္မွာ စတင္မွာျဖစ္ၿပီး ထုတ္လုပ္မႈကို ၂၀၂၄ ခုႏွစ္ ေႏွာင္းပိုင္းမွာ စတင္ဖို႔ ရည္မွန္းထားပါတယ္။

Chips စက္႐ုံသစ္ဟာ အေမရိကမွာတည္ေဆာက္မယ့္ Samsung ရဲ႕ ဒုတိယေျမာက္စက္႐ုံျဖစ္လာမွာျဖစ္ၿပီး လက္ရွိစက္႐ုံတည္ရွိတဲ့ေနရာကလည္း တကၠဆက္ျပည္နယ္ထဲမွာပါ။

အဆိုပါစက္႐ုံသစ္ဟာ နည္းပညာျမင့္အလုပ္သမားေတြအတြက္ အလုပ္အကိုင္ေပါင္း ၂၀၀၀ခန္႔ဖန္တီးေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

Samsung ရဲ႕ ဒုတိယဥကၠဌ Kim Ki-nan က “ပိုေကာင္းတဲ့ ထုတ္လုပ္မႈစြမ္းရည္နဲ႔ သုံးစြဲသူေတြရဲ႕လိုအပ္ခ်က္ကို ပိုမိုေကာင္းမြန္စြာေဆာင္ ႐ြက္ေပးႏိုင္ၿပီး ကမာၻလုံးဆိုင္ရာ semiconductor ေထာက္ပံ့ေရးအတြင္ အေထာက္အကူျဖစ္မွာပါ” လို႔ ေျပာခဲ့ပါတယ္။

Boden အစိုးရကေတာ့ ၄င္းအစီအစဥ္ကို ႀကိဳဆိုခဲ့ပါတယ္။အေမရိကန္ရဲ႕ အမ်ိဳးသားစီးပြါးေရးေကာင္စီအႀကီးအကဲႏွင့္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္တို႔က အဆိုပါစက္႐ုံသစ္ ဟာ US ရဲ႕ေထာက္ပံ့ေရးကြင္းဆက္ေတြကို ကာကြယ္ေပးႏိုင္ၿပီး ႏိုင္ငံရဲ႕ semiconductor မလုံေလာက္ျခင္းကို ေနာက္တႀကိမ္မႀကဳံေတြ႕ရေတာ့မွာ ေသခ်ာေစတယ္လို႔ ေျပာခဲ့ပါတယ္။

Source-NHK
Photo – Korea IT Time


LEAVE A REPLY

Please enter your comment!
Please enter your name here