ကုလသမဂ္ဂတွင် ကိုယ်စားပြုမည့် မြန်မာကိုယ်စားလှယ်နေရာကိစ္စ ဒီဇင်ဘာလထဲ ဆွေးနွေးမည်

0
211

(Unicode)

ကုလသမဂ္ဂတွင် ကိုယ်စားပြုမည့် မြန်မာကိုယ်စားလှယ်နေရာကိစ္စ ဒီဇင်ဘာလထဲ ဆွေးနွေးမည်

ကမ္ဘာကုလသမဂ္ဂတွင် ကိုယ်စားပြုမည့် မြန်မာကိုယ်စားလှယ်နေရာအတွက် ကုလသမဂ္ဂ၏ စိစစ်လက်ခံရေးကော်မတီ(Credentials Committee) က လာမည့် ဒီဇင်ဘာလထဲ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၏ ပြောကြားချက်ကို ကိုးကားပြီး ဗွီအိုအေက ယနေ့ နိုဝင်ဘာ ၂၅ရက်မနက်ပိုင်းတွင် ဖော်ပြသည်။

ဖော်ပြချက်ထဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေး အကျပ်အတည်းများ ပေါ်ပေါက်ပြီးနောက် မြန်မာနိုင်ငံအတွက်ကိုယ်စားပြုမည့်သူနှင့် သြဂုတ်လထဲ တကျော့ပြန်အာဏာရလာသည့် တာလီဘန်စိုးမိုးသည့် အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတို့အတွက် အဖွဲ့ဝင် ၉ ဦး ပါဝင်သည့် ကော်မတီက ဒီဇင်ဘာလထဲ ဆွေးနွေးမည်ဖြစ်ကြောင်းဆိုထားသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနေရာအတွက် လက်ရှိတာဝန်ထမ်းဆောင်နေသည့်သူမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဖြစ်သည်။

နစကက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ရာထူးမှ ဖယ်ရှားထားကြောင်း ကြေညာထားပြီး ၎င်းနေရာတွင် တပ်မတော်အရာရှိဟောင်းတစ်ဦးကို အစားထိုးရန်တင်ပြထားသည်။

လက်ရှိတွင်ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးများသို့ တက်ရောက်​နေဆဲဖြစ်သည်။

ဗီအိုအေသတင်းဌာနက ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းအရ Credentials Committee တွင် ဆွေးနွေးမှုများ မလုပ်ဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ယူနိုင်မည့် အခြေအနေ ဖန်တီးထားဖို့ ကော်မတီဝင် နိုင်ငံများလည်းဖြစ်၊ လုံခြုံရေးကောင်စီတွင်လည်း ဗီတိုအာဏာပိုင်သည့် အမေရိကန်၊ တရုတ်၊ ရုရှားတို့ကြား ညှိနှိုင်းထားကြောင်း အစောပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်ဟု ဖော်ပြသည်။

၂၀၂၁ စက်တင်ဘာလဒုတိယအပါတ်ကစပြီး စတင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် Credentials Committeeဟု ခေါ်သည့် နိုင်ငံကိုယ်စားလှယ် အသိအမှတ်ပြု စိစစ်ရေးကော်မတီကို စက်တင်ဘာ ၁၄ရက်တွင် ၇၆ကြိမ်မြောက် အထွေထွေညီလာခံ၏ သဘာပတိ မော်လဒိုက်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Abdulla Shahid က ကြေညာခဲ့ပြီး ထိုထဲ အမေရိကန်၊တရုတ်၊ရှရုား၊ဘူတန်၊ဘဟားမား၊ချီလီ၊ဆီယာလီယွန်၊နမီးဘီးယား၊ဆွီဒင် တို့ ပါဝင်သည်။

(Zawgyi)

ကုလသမဂၢတြင္ ကိုယ္စားျပဳမည့္ ျမန္မာကိုယ္စားလွယ္ေနရာကိစၥ ဒီဇင္ဘာလထဲ ေဆြးေႏြးမည္

ကမာၻကုလသမဂၢတြင္ ကိုယ္စားျပဳမည့္ ျမန္မာကိုယ္စားလွယ္ေနရာအတြက္ ကုလသမဂၢ၏ စိစစ္လက္ခံေရးေကာ္မတီ(Credentials Committee) က လာမည့္ ဒီဇင္ဘာလထဲ ေဆြးေႏြးဖို႔ စီစဥ္ထားေၾကာင္း ကုလသမဂၢ အေထြေထြညီလာခံ သဘာပတိ၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး ဗြီအိုေအက ယေန႔ ႏိုဝင္ဘာ ၂၅ရက္မနက္ပိုင္းတြင္ ေဖာ္ျပသည္။

ေဖာ္ျပခ်က္ထဲ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ႏိုင္ငံေရး အက်ပ္အတည္းမ်ား ေပၚေပါက္ၿပီးေနာက္ ျမန္မာႏိုင္ငံအတြက္ကိုယ္စားျပဳမည့္သူႏွင့္ ၾသဂုတ္လထဲ တေက်ာ့ျပန္အာဏာရလာသည့္ တာလီဘန္စိုးမိုးသည့္ အာဖဂန္နစၥတန္ ႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာတို႔အတြက္ အဖြဲ႕ဝင္ ၉ ဦး ပါဝင္သည့္ ေကာ္မတီက ဒီဇင္ဘာလထဲ ေဆြးေႏြးမည္ျဖစ္ေၾကာင္းဆိုထားသည္။

ကုလသမဂၢတြင္ ျမန္မာႏိုင္ငံေနရာအတြက္ လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္သူမွာ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းျဖစ္သည္။

နစကက သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းကို ရာထူးမွ ဖယ္ရွားထားေၾကာင္း ေၾကညာထားၿပီး ၎ေနရာတြင္ တပ္မေတာ္အရာရွိေဟာင္းတစ္ဦးကို အစားထိုးရန္တင္ျပထားသည္။

လက္ရွိတြင္ဦးေက်ာ္မိုးထြန္းက ကုလအစည္းအေဝးမ်ားသို႔ တက္ေရာက္​ေနဆဲျဖစ္သည္။

ဗီအိုေအသတင္းဌာနက ကုလသမဂၢ၏ လုပ္ထုံးလုပ္နည္းအရ Credentials Committee တြင္ ေဆြးေႏြးမႈမ်ား မလုပ္ဘဲ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆက္လက္ တာဝန္ယူႏိုင္မည့္ အေျခအေန ဖန္တီးထားဖို႔ ေကာ္မတီဝင္ ႏိုင္ငံမ်ားလည္းျဖစ္၊ လုံၿခဳံေရးေကာင္စီတြင္လည္း ဗီတိုအာဏာပိုင္သည့္ အေမရိကန္၊ တ႐ုတ္၊ ႐ုရွားတို႔ၾကား ညႇိႏႈိင္းထားေၾကာင္း အေစာပိုင္းတြင္ သတင္းမ်ား ထြက္ေပၚခဲ့သည္ဟု ေဖာ္ျပသည္။

၂၀၂၁ စက္တင္ဘာလဒုတိယအပါတ္ကစၿပီး စတင္က်င္းပခဲ့သည့္ ကုလသမဂၢအေထြေထြညီလာခံအတြက္ Credentials Committeeဟု ေခၚသည့္ ႏိုင္ငံကိုယ္စားလွယ္ အသိအမွတ္ျပဳ စိစစ္ေရးေကာ္မတီကို စက္တင္ဘာ ၁၄ရက္တြင္ ၇၆ႀကိမ္ေျမာက္ အေထြေထြညီလာခံ၏ သဘာပတိ ေမာ္လဒိုက္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီး Abdulla Shahid က ေၾကညာခဲ့ၿပီး ထိုထဲ အေမရိကန္၊တ႐ုတ္၊ရွ႐ုား၊ဘူတန္၊ဘဟားမား၊ခ်ီလီ၊ဆီယာလီယြန္၊နမီးဘီးယား၊ဆြီဒင္ တို႔ ပါဝင္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here