အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးစတင်ကျင်းပ
0
128
(Unicode)
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးစတင်ကျင်းပ
ကမ္ဘောဒီးယားက ဦးဆောင်ကျင်းပသည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၅ရက် ကမ္ဘောဒီးယားစံတော်ချိန် မနက်၉ နာရီမှာ စတင်ကျင်းပနေပြီဖြစ်သည်။
နှစ်ရက်တာ ကျင်းပမည့် ယင်း အစည်းအဝေးတွင် ကိုဗစ်လူမှုစီးပွားဆိုင်ရာ ပြန်လည်နာလန်ထူမှုကိစ္စများအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြမည်ဖြစ်သည်။
ယင်းထိပ်သီးအစည်းအဝေးသို့ နစကခေါင်းဆောင်ကို မဖိတ်ကြားဘဲ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပစဉ်ကကဲ့သို့ပင် နိုင်ငံရေးနှင့် ဆက်စပ်သူမဟုတ်သူကိုသာဖိတ်ကြား၍ မြန်မာ နစကဘက်က မတက်ရောက်ဘူးလို့ ပြောဆိုထားသည်။
အွန်လိုင်းမှတဆင့် ကျင်းပသည့်၁၃ ကြိမ်မြောက် အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေး သို့ အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၅၀ မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြကာ အာဆီယံအတွင်းရေးမှူးချုပ်လည်း ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်နေသည်။
ပုံစာ။ ။ကျင်းပခဲ့ပြီးဖြစ်သော အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမြင်ကွင်းတစ်ခု။
(Zawgyi)
LEAVE A REPLY
Please enter your comment!
Please enter your name here