ရန်ကုန်ကနေ ရခိုင်ကိုသယ်လာတဲ့ ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို ငဖဲမြို့နယ်မှာဖမ်းမိ

0
151

(Unicode)

ရန်ကုန်ကနေ ရခိုင်ကိုသယ်လာတဲ့ ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို ငဖဲမြို့နယ်မှာဖမ်းမိ

နိုဝင်ဘာ ၂၁ ရက်ည ၈ နာရီခွဲက ငဖဲမြို့နယ်က မကွေး-အမ်းသွားကားလမ်းရဲ့ ပဒါန်း(ပျဥ်းဝ)ပူး ပေါင်းစစ်ဆေးရေးစခန်းမှာ အောင်အောင်(၄၂) နှစ်မောင်းလာတဲ့ Nissan ခြောက်ဘီးကုန်တင်ကားပေါ်ကနေ ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်ကနေရခိုင်ပြည်နယ်ကိုသယ်လာတဲ့ ကားပေါ်ကဆာလာအိတ်တွေထဲက စိတ်ကြွဆေး ကိုးသိန်းပြား(ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံ)ဖြစ်တယ်လို့ ရဲကပြောပါတယ်။

စိတ်ကြွဆေးတွေနဲ့အတူဖမ်းမိတဲ့ အောင်အောင်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ဆက် စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ် ဆေးနေပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here