မစ္စတာရှောင်တာနယ်ပါသည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုစတင်စစ်ဆေး

0
137

(Unicode)

မစ္စတာရှောင်တာနယ်ပါသည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုစတင်စစ်ဆေး

စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ဝန်ကြီး၊ဒုတိယဝန်ကြီးဟောင်းတွေပါပါတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုကို ဒီကနေ့ နိုဝင်ဘာ ၂၅ရက် နေပြည်တော်အထူးတရားရုံးမှာစတင်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတွေကို ပုဒ်မ ၁၄၄ထုတ်ပြီး ပြောရေးဆိုခွင့်တွေ ပိတ်ထားတာကြောင့် ဒီကနေ့ စစ်ဆေးမှုမှာ ဘာတွေစစ်ဆေးတယ်ဆိုတာ မသိရှိရပါဘူး။

ဒီကနေ့ စစ်ဆေးမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားလို ရဲမှူးတစ်ဦးကို စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်ရဲ့ လက်တော့ထဲ စာရွက်စာတမ်းတွေတွေ့ခဲ့တာကြောင့် မစ္စတာရှောင်တာနယ်အပါအဝင် အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးတွေ ဖြစ်ခဲ့တဲ့ ဦးကျော်ဝင်း၊ဦးစိုးဝင်း၊ဒုတိယဝန်ကြီးဖြစ်ခဲ့တဲ့ ဦးဆက်အောင်တို့ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲထားတာပါ။

ကနဦးအစက ရန်ကုန်မှာ တရားစွဲခဲ့တာဖြစ်ပြီး အမှုကို နေပြည်တော်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဒီလို ပြောင်းရွှေ့ခဲ့တာကြောင့် ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခ့ထားရတဲ့ မစ္စတာရှောင်တာနယ်၊ဦးစိုးဝင်း၊ဦးကျော်ဝင်း၊ဦးဆက်အောင်တို့ကိုလည်း နေပြည်တော်ကို ပြောင်းရွှေ့ပြီး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီကနေ့ တရားခွင်ကို ဝန်ကြီး၊ဒုတိယဝန်ကြီးတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဟာ ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်လို့ ရတဲ့ အမှုလည်းဖြစ်တယ်လို့သိရပါတယ်။

(Zawgyi)

မစၥတာေရွာင္တာနယ္ပါသည့္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္အမႈစတင္စစ္ေဆး

စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား မစၥတာေရွာင္တာနယ္အပါအဝင္ ဝန္ႀကီး၊ဒုတိယဝန္ႀကီးေဟာင္းေတြပါပါတဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္အမႈကို ဒီကေန႔ ႏိုဝင္ဘာ ၂၅ရက္ ေနျပည္ေတာ္အထူးတရား႐ုံးမွာစတင္စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကသိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနေတြကို ပုဒ္မ ၁၄၄ထုတ္ၿပီး ေျပာေရးဆိုခြင့္ေတြ ပိတ္ထားတာေၾကာင့္ ဒီကေန႔ စစ္ေဆးမႈမွာ ဘာေတြစစ္ေဆးတယ္ဆိုတာ မသိရွိရပါဘူး။

ဒီကေန႔ စစ္ေဆးမႈမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တရားလို ရဲမႉးတစ္ဦးကို စစ္ေဆးတာေတြလုပ္ခဲ့ပါတယ္။

စြဲဆိုထားတဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္အမႈဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား မစၥတာ ေရွာင္တာနယ္ရဲ႕ လက္ေတာ့ထဲ စာ႐ြက္စာတမ္းေတြေတြ႕ခဲ့တာေၾကာင့္ မစၥတာေရွာင္တာနယ္အပါအဝင္ အမ်ိဳးသားဒီမိုကေရစီအစိုးရအဖြဲ႕ စီမံဘ႑ာဝန္ႀကီးေတြ ျဖစ္ခဲ့တဲ့ ဦးေက်ာ္ဝင္း၊ဦးစိုးဝင္း၊ဒုတိယဝန္ႀကီးျဖစ္ခဲ့တဲ့ ဦးဆက္ေအာင္တို႔ နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို တရားစြဲထားတာပါ။

ကနဦးအစက ရန္ကုန္မွာ တရားစြဲခဲ့တာျဖစ္ၿပီး အမႈကို ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ဒီလို ေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္ ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္ထဲ ဖမ္းဆီးထိန္းသိမ္းခ့ထားရတဲ့ မစၥတာေရွာင္တာနယ္၊ဦးစိုးဝင္း၊ဦးေက်ာ္ဝင္း၊ဦးဆက္ေအာင္တို႔ကိုလည္း ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕ၿပီး စစ္ေဆးတာေတြ လုပ္ေဆာင္ခဲ့တာပါ။

ဒီကေန႔ တရားခြင္ကို ဝန္ႀကီး၊ဒုတိယဝန္ႀကီးေတြလည္း တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒဟာ ေထာင္ဒဏ္ ၁၄ႏွစ္အထိ ခ်မွတ္လို႔ ရတဲ့ အမႈလည္းျဖစ္တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here