မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ပိတ်ထားမှုတွေရှိလာ

0
189

(Unicode)

မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ပိတ်ထားမှုတွေရှိလာ

နိုဝင်ဘာ ၂၅ ရက်ညနေပိုင်းက မြန်မာပလာဇာမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြလူငယ် အချို့ ကို လုံခြုံ ရေးဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးတာတွေလုပ်ခဲ့တဲ့ဖြစ်စဥ်အပြီး ဒီနေ့ နိုဝင်ဘာ ၂၆ ရက်ကစ၍မြန်မာပလာဇာမှာရှိတဲ့ဆိုင်ခန်းတစ်ချို့ပိတ်ထားတာတွေရှိပြီး ပလာဇာကိုလာရောက်သူမရှိဘဲ လူရှင်းနေတယ်လို့ စုံစမ်းသိရပါတယ်။

“လူတစ်ယောက်မှကိုမရှိတာ ဆိုင်ခန်းတွေအ တော်များများလည်းပိတ်ထားတယ် ဖွင့်တဲ့ဆိုင်တွေက ဝန်ထမ်းတွေလည်းလာတဲ့သူရှိသလို မလာတဲ့သူတွေလည်းရှိတယ်”လို့ မြန်မာပလာဇာအနီးနေသူတစ်ယောက်ကပြောပါတယ်။

မနေ့ကဖြစ်စဥ်ကို မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တစ်စောင်လည်း လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာရေးသားထားတာက လုံခြုံ ရေးဝန်ထမ်းတွေဟာ အေးချမ်းစွာပြုမူပြောဆိုဆောင်ရွက်ရမယ့်အစား မသင့်တော်လွဲမှားစွာပြုမူဆောင်ရွက်ခဲ့တာကို သိရှိရတဲ့အတွက် အထူးပင်စိတ်မကောင်းဖြစ်ရပါတယ်။ထိုကဲ့သို့ဖြစ်ခဲ့သည့်အပေါ် မြန်မာပလာဇာမှအနူးအညွတ်တောင်းပန်အပ်ပါတယ်။ ဖြစ်စဥ်တွင်ပါဝင်ခဲ့သူလူငယ်များအားလုံးသည်လည်း ဖြစ်ရပ်ဖြစ်ပေါ်ပြီး ခဏတာအတွင်း တစ်စုံတစ်ရာအန္တရာယ်မရှိဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်းကို အသိပေးအပ်ပါတယ်လို့ ရေးသားထားပါတယ်။

အခုလိုဖြစ်စဥ်မျိုးထပ်မံမဖြစ်ပွားဖို့ကိုလည်း တာဝန်ရှိသူတွေက ပိုမိုတင်းကြပ်တဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့တာဝန်ခံမှုတွေကိုတိုးမြှင့်သွားမှာပါလို့လည်း ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်မှာလုံခြုံရေးဝန်ထမ်းတွေရဲ့ဝိုင်းဝန်းဖမ်း ဆီးခြင်းခံရတဲ့လူငယ်နှစ်ယောက်လည်းပြန်လွတ် လာပြီဟုသိရသည်။

မြန်မာပလာဇာမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကြောင့် ပလာဇာမှာဖွင့်လှစ်ထားတဲ့ဆိုင်ခန်းအများစုက ဖွင့်လှစ်ခြင်းမရှိတော့ဘဲပိတ်ထားဦးမယ်ဆိုတဲ့ အ ကြောင်းကိုသူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာအ သီးသီးမှာအသိပေးတင်ထားကြပါတယ်။

“ဆန္ဒပြတာမှန်တယ် ဒါပေမဲ့အကျိုးသင့်အကြောင်းသင့်ပြောပြီးတားသင့်တယ် ဖျက်လို့ဖျက်ဆီးလုပ်နေကြတာမဟုတ်ဘူးလေ ရိုင်းရိုငိးစိုင်းစိုင်းလုပ်နေကြတာလည်းမဟုတ်ဘူး”လို့ မြန်မာပလာဇာအနီးနေသူတစ်ယောက်ကပြောပါတယ်။

Photo – CJ

(Zawgyi)

ျမန္မာပလာဇာရွိ ဆိုင္ခန္းအခ်ိဳ႕ပိတ္ထားမႈေတြရွိလာ

ႏိုဝင္ဘာ ၂၅ ရက္ညေနပိုင္းက ျမန္မာပလာဇာမွာျဖစ္ပြားခဲ့တဲ့ ဆႏၵျပလူငယ္ အခ်ိဳ႕ ကို လုံၿခဳံ ေရးဝန္ထမ္းေတြက ဝိုင္းဝန္းဖမ္းဆီးတာေတြလုပ္ခဲ့တဲ့ျဖစ္စဥ္အၿပီး ဒီေန႔ ႏိုဝင္ဘာ ၂၆ ရက္ကစ၍ျမန္မာပလာဇာမွာရွိတဲ့ဆိုင္ခန္းတစ္ခ်ိဳ႕ပိတ္ထားတာေတြရွိၿပီး ပလာဇာကိုလာေရာက္သူမရွိဘဲ လူရွင္းေနတယ္လို႔ စုံစမ္းသိရပါတယ္။

“လူတစ္ေယာက္မွကိုမရွိတာ ဆိုင္ခန္းေတြအ ေတာ္မ်ားမ်ားလည္းပိတ္ထားတယ္ ဖြင့္တဲ့ဆိုင္ေတြက ဝန္ထမ္းေတြလည္းလာတဲ့သူရွိသလို မလာတဲ့သူေတြလည္းရွိတယ္”လို႔ ျမန္မာပလာဇာအနီးေနသူတစ္ေယာက္ကေျပာပါတယ္။

မေန႔ကျဖစ္စဥ္ကို ျမန္မာပလာဇာအုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕က အေသးစိတ္စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့တယ္ဆိုတဲ့ ထုတ္ျပန္ထားတဲ့ထုတ္ျပန္ခ်က္တစ္ေစာင္လည္း လူမႈကြန္ယက္မွာပ်ံ႕ႏွံ႔ခဲ့ပါတယ္။

အဲဒီထုတ္ျပန္ခ်က္မွာေရးသားထားတာက လုံၿခဳံ ေရးဝန္ထမ္းေတြဟာ ေအးခ်မ္းစြာျပဳမူေျပာဆိုေဆာင္႐ြက္ရမယ့္အစား မသင့္ေတာ္လြဲမွားစြာျပဳမူေဆာင္႐ြက္ခဲ့တာကို သိရွိရတဲ့အတြက္ အထူးပင္စိတ္မေကာင္းျဖစ္ရပါတယ္။ထိုကဲ့သို႔ျဖစ္ခဲ့သည့္အေပၚ ျမန္မာပလာဇာမွအႏူးအၫြတ္ေတာင္းပန္အပ္ပါတယ္။ ျဖစ္စဥ္တြင္ပါဝင္ခဲ့သူလူငယ္မ်ားအားလုံးသည္လည္း ျဖစ္ရပ္ျဖစ္ေပၚၿပီး ခဏတာအတြင္း တစ္စုံတစ္ရာအႏၲရာယ္မရွိဘဲ ျပန္လည္ထြက္ခြာခဲ့ေၾကာင္းကို အသိေပးအပ္ပါတယ္လို႔ ေရးသားထားပါတယ္။

အခုလိုျဖစ္စဥ္မ်ိဳးထပ္မံမျဖစ္ပြားဖို႔ကိုလည္း တာဝန္ရွိသူေတြက ပိုမိုတင္းၾကပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြနဲ႔တာဝန္ခံမႈေတြကိုတိုးျမႇင့္သြားမွာပါလို႔လည္း ထုတ္ျပန္ထားပါတယ္။

ျဖစ္စဥ္မွာလုံၿခဳံေရးဝန္ထမ္းေတြရဲ႕ဝိုင္းဝန္းဖမ္း ဆီးျခင္းခံရတဲ့လူငယ္ႏွစ္ေယာက္လည္းျပန္လြတ္ လာၿပီဟုသိရသည္။

ျမန္မာပလာဇာမွာျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္ေၾကာင့္ ပလာဇာမွာဖြင့္လွစ္ထားတဲ့ဆိုင္ခန္းအမ်ားစုက ဖြင့္လွစ္ျခင္းမရွိေတာ့ဘဲပိတ္ထားဦးမယ္ဆိုတဲ့ အ ေၾကာင္းကိုသူတို႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာအ သီးသီးမွာအသိေပးတင္ထားၾကပါတယ္။

“ဆႏၵျပတာမွန္တယ္ ဒါေပမဲ့အက်ိဳးသင့္အေၾကာင္းသင့္ေျပာၿပီးတားသင့္တယ္ ဖ်က္လို႔ဖ်က္ဆီးလုပ္ေနၾကတာမဟုတ္ဘူးေလ ႐ိုင္း႐ိုငိးစိုင္းစိုင္းလုပ္ေနၾကတာလည္းမဟုတ္ဘူး”လို႔ ျမန္မာပလာဇာအနီးေနသူတစ္ေယာက္ကေျပာပါတယ္။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here