NLDပါတီကို ဖျက်သိမ်းရန် ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆို

0
449

(Unicode)

NLDပါတီကို ဖျက်သိမ်းရန် ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းရန် အစီအစဉ် ရှိ၊မရှိ ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနတစ်ခုက မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိကြောင်းနှင့်ဥပဒေ၊နည်းဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ကော်မရှင်ထံ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ပေးပို့လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဖျက်သိမ်းရန် အကြံပြုလွှာတစ်စောင်ကို လက်ခံရရှိထားကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“ခိုင်မာတဲ့ အထောက်အထားတော့ မပါဘူး”ဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ပေးပို့လာသောစာအပေါ် မှတ်ချက်ပြုသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတွင်းရှိ တည်ဆဲနိုင်ငံရေးပါတီ ၉ ၂ပါတီရှိသည့်အနက် နိုင်ငံရေး၃၄ပါတီကို စစ်ဆေးပြီးဖြစ်ကာ (၄) ပါတီကို စစ်ဆေးနေဆဲဖြစ်သည်ဟု ပြောသည်။

ဆက်လက်၍လည်း ကျန်ပါတီများကို စစ်ဆေးမည်ဟု ပြောသည်။

ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင်က ၎င်းတို့ပြုလုပ်သည့် အစည်းအဝေးနှင့် အခမ်းအနားများသို့ နိုင်ငံရေးပါတီတက်ရောက်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပါ နိုင်ငံပိုင်မီဒီယာမှတဆင့်၊ရွေးကောက်ပွဲကော်မရှင် ဝက်ဆိုဒ်မှ တဆင့်၊ပါတီ အီးမေးလ်မှတဆင့်၊စာလမ်းကြောင်းမှ တဆင့်၊ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတဆင့် ဖိတ်ကြားခဲ့မှုရှိကြောင်းနှင့် အစည်းအဝေး၊အခမ်းအနားများသို့ တက်ရောက်ခဲ့ခြင်းမရှိဟုလည်း ပြောဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော ဦးမြင့်နိုင်နှင့် ဦးသန်းဌေး ၊ ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း)နှင့် ဒေါက်တာမျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း) ပါ ၁၆ ဦး တို့ကို. ရွေးကောက်ပွဲ၌ မလျော်ဩဇာသုံးမှုကို ကျူးလွန်ခြင်း စသည့်ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသည်ဆိုသော စွဲချက်များဖြင့် နိုဝင်ဘာ ၁၅ရက်တွင် တရားစွဲဆို ထားမှုရှိသည်။

(Zawgyi)

NLDပါတီကို ဖ်က္သိမ္းရန္ ႀကိဳတင္ဆုံးျဖတ္ထားျခင္းမရွိဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဆို

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကို ဖ်က္သိမ္းရန္ အစီအစဥ္ ရွိ၊မရွိ ယေန႔ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းဌာနတစ္ခုက ေမးျမန္းရာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ႀကိဳတင္ဆုံးျဖတ္ထားျခင္းမရွိေၾကာင္းႏွင့္ဥပေဒ၊နည္းဥပေဒအတိုင္းဆက္လက္ေဆာင္႐ြက္သြားမည္ဟု ေျဖၾကားခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ေကာ္မရွင္ထံ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီက ေပးပို႔လာေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအား ဖ်က္သိမ္းရန္ အႀကံျပဳလႊာတစ္ေစာင္ကို လက္ခံရရွိထားေၾကာင္းလည္း သတင္းစာရွင္းလင္းပြဲတြင္ေျပာသည္။

“ခိုင္မာတဲ့ အေထာက္အထားေတာ့ မပါဘူး”ဟု အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီက ေပးပို႔လာေသာစာအေပၚ မွတ္ခ်က္ျပဳသည္။

လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံတြင္းရွိ တည္ဆဲႏိုင္ငံေရးပါတီ ၉ ၂ပါတီရွိသည့္အနက္ ႏိုင္ငံေရး၃၄ပါတီကို စစ္ေဆးၿပီးျဖစ္ကာ (၄) ပါတီကို စစ္ေဆးေနဆဲျဖစ္သည္ဟု ေျပာသည္။

ဆက္လက္၍လည္း က်န္ပါတီမ်ားကို စစ္ေဆးမည္ဟု ေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာ္ကပြဲေကာ္မရွင္က ၎တို႔ျပဳလုပ္သည့္ အစည္းအေဝးႏွင့္ အခမ္းအနားမ်ားသို႔ ႏိုင္ငံေရးပါတီတက္ေရာက္ႏိုင္ေရးအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကိုပါ ႏိုင္ငံပိုင္မီဒီယာမွတဆင့္၊ေ႐ြးေကာက္ပြဲေကာ္မရွင္ ဝက္ဆိုဒ္မွ တဆင့္၊ပါတီ အီးေမးလ္မွတဆင့္၊စာလမ္းေၾကာင္းမွ တဆင့္၊ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွတဆင့္ ဖိတ္ၾကားခဲ့မႈရွိေၾကာင္းႏွင့္ အစည္းအေဝး၊အခမ္းအနားမ်ားသို႔ တက္ေရာက္ခဲ့ျခင္းမရွိဟုလည္း ေျပာဆိုခဲ့သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ေဟာင္း ဦးလွသိန္း၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဝန္ႀကီးေဟာင္း ဦးမင္းသူ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ေဟာင္းမ်ားျဖစ္ၾကေသာ ဦးျမင့္ႏိုင္ႏွင့္ ဦးသန္းေဌး ၊ ေဒါက္တာေဇာ္ျမင့္ေမာင္ (မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဟာင္း)ႏွင့္ ေဒါက္တာမ်ိဳးေအာင္ (ေနျပည္ေတာ္ေကာင္စီဥကၠ႒ေဟာင္း) ပါ ၁၆ ဦး တို႔ကို. ေ႐ြးေကာက္ပြဲ၌ မေလ်ာ္ဩဇာသုံးမႈကို က်ဴးလြန္ျခင္း စသည့္ျဖစ္စဥ္မ်ားတြင္ ပါဝင္ပတ္သက္က်ဴးလြန္ခဲ့ၾကသည္ဆိုေသာ စြဲခ်က္မ်ားျဖင့္ ႏိုဝင္ဘာ ၁၅ရက္တြင္ တရားစြဲဆို ထားမႈရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here