ဘဏ်လုပ်ငန်းများ ဒီဇင်ဘာလလောက်မှာ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆို

0
144

(Unicode)

ဘဏ်လုပ်ငန်းများ ဒီဇင်ဘာလလောက်မှာ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆို

ဘဏ်တွေထဲကနေ ငွေတွေကို လိုသလောက်မထုတ်နိုင်တဲ့ အခြေအနေနဲ့ အကန့်အသတ်ပဲ ထုတ်လို့ရတဲ့ အခြေအနေတွေ စတာတွေ ဒီဇင်ဘာလလောက်မှာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ( ၁၀/၂၀၂၀) သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဘဏ်လုပ်ငန်း နဲ့ ပတ်သတ်ပြီးကျတော့ ငွေထုတ်ရတဲ့ အခက်အခဲတွေ၊ငွေပေးငွေချေအခက်အခဲတွေကို ကြုံတွေ့နေရမှန်း သိပါတယ်။ဘဏ်လုပ်ငန်းစနစ်နဲ့ ပတ်သတ်ပြီး ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီးလည်း ဒီ ၁၂လပိုင်း လောက်မှာ ကျွန်တော်တို့က ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးလျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

နိုင်ငံမှာ ဖေဖော်ဝါရီ နောက်ပိုင်းကစပြီး ဘဏ်တွေထဲကနေ ငွေထုတ်ယူရတာကို အကန့်အသတ်နဲ့ပဲ ဆောင်ရွက်ကြရပါတယ်။

ဒီလိုအကန့်အသတ်နဲ့ ဆောင်ရွက်ကြရတဲ့ အတွက် တစ်ဖက်မှာ ငွေပေးငွေချေတဲ့ ကိစ္စရပ်တွေမှာ အခက်အခဲ နဲ့ ရင်ဆိုင်နေကြရတာရှိပါတယ်။

နိုင်ငံတော်ဘတ်ဂျက်နဲ့ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ကန်ထရိုက်ရရှိတဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင် ဘဏ်တွေထဲက ငွေထုတ်မရတာတွေကြောင့် လုပ်ငန်းလည်ပါတ်ရှေ့ ဆက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလည်း ရှိ​နေကြပါတယ်။

ဘဏ်တွေထဲ ကငွေထုတ်မရတာကြောင့် အများစုက ရာခိုင်နှုန်းတစ်ခုပေးပြီး ပြင်ပမှာ ငွေထုတ်ယူနေကြရတာတွေပါ ရှိနေကြပါတယ်။

(Zawgyi)

ဘဏ္လုပ္ငန္းမ်ား ဒီဇင္ဘာလေလာက္မွာ ေျဖရွင္းေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆို

ဘဏ္ေတြထဲကေန ေငြေတြကို လိုသေလာက္မထုတ္ႏိုင္တဲ့ အေျခအေနနဲ႔ အကန႔္အသတ္ပဲ ထုတ္လို႔ရတဲ့ အေျခအေနေတြ စတာေတြ ဒီဇင္ဘာလေလာက္မွာ ေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ရဲ႕ ( ၁၀/၂၀၂၀) သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ဘဏ္လုပ္ငန္း နဲ႔ ပတ္သတ္ၿပီးက်ေတာ့ ေငြထုတ္ရတဲ့ အခက္အခဲေတြ၊ေငြေပးေငြေခ်အခက္အခဲေတြကို ႀကဳံေတြ႕ေနရမွန္း သိပါတယ္။ဘဏ္လုပ္ငန္းစနစ္နဲ႔ ပတ္သတ္ၿပီး ေငြေရးေၾကးေရးနဲ႔ ပတ္သတ္ၿပီးလည္း ဒီ ၁၂လပိုင္း ေလာက္မွာ ကြၽန္ေတာ္တို႔က ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားေဆာင္႐ြက္ေပးလ်က္ရွိတယ္လို႔ပဲ ေျပာခ်င္ပါတယ္”လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ႏိုင္ငံမွာ ေဖေဖာ္ဝါရီ ေနာက္ပိုင္းကစၿပီး ဘဏ္ေတြထဲကေန ေငြထုတ္ယူရတာကို အကန႔္အသတ္နဲ႔ပဲ ေဆာင္႐ြက္ၾကရပါတယ္။

ဒီလိုအကန႔္အသတ္နဲ႔ ေဆာင္႐ြက္ၾကရတဲ့ အတြက္ တစ္ဖက္မွာ ေငြေပးေငြေခ်တဲ့ ကိစၥရပ္ေတြမွာ အခက္အခဲ နဲ႔ ရင္ဆိုင္ေနၾကရတာရွိပါတယ္။

ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ေဆာင္႐ြက္ရတဲ့ လုပ္ငန္းေတြနဲ႔ ပတ္သတ္ၿပီး ကန္ထ႐ိုက္ရရွိတဲ့ လုပ္ငန္းရွင္ေတြကိုယ္တိုင္ ဘဏ္ေတြထဲက ေငြထုတ္မရတာေတြေၾကာင့္ လုပ္ငန္းလည္ပါတ္ေရွ႕ ဆက္ေရးမွာ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရတာလည္း ရွိ​ေနၾကပါတယ္။

ဘဏ္ေတြထဲ ကေငြထုတ္မရတာေၾကာင့္ အမ်ားစုက ရာခိုင္ႏႈန္းတစ္ခုေပးၿပီး ျပင္ပမွာ ေငြထုတ္ယူေနၾကရတာေတြပါ ရွိေနၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here