ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ပြီး ၁လအကြာ တဖြည်းဖြည်းဦးမော့လာ

0
88

(Unicode)

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ပြီး ၁လအကြာ တဖြည်းဖြည်းဦးမော့လာ

ထိုင်းနိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ နိုင်ငံခြားခရီးသည်ဝင်ရောက်မှုအတွက် ပထမဆုံး ပြန်လည်ဖွင့်လှစ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ခရီးသွားတဦးချင်းစီအတွက် ရက်ရှည်တည်းခိုခွင့်ပြုထားတဲ့ ဟိုတယ်သစ်တွေရဲ့အခြေအနေဟာလည်း တဖြည်းဖြည်းပြန်ကောင်းလာနေပါပြီ။

၂၀၂၀ခုနှစ်မှာ နိုင်ငံခြားသားခရီးသွားဦးရေဟာ ၆.၇ သန်းကျဆင်းသွားခဲ့ပြီး၂၀၂၁ရဲ့ ပထမဆုံး ၁၀လအတွင်းမှာတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားခရီးသွားဦးရေဟာ ၁၀၆,၁၁၇ဦးပဲရှိခဲ့ပါတယ်။

ကပ်ရောဂါမဖြစ်ခင်အချိန်တုန်းက ထိုင်းနိုင်ငံဟာ ၁နှစ်ကို နိုင်ငံခြားခရီးသွား သန်း၄၀ ခန့် လာရောက်လည်ပတ်ခဲ့ကြတာပါ။

၂၀၁၉မှာလာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားခရီးသွား သန်း ၄၀ခန့်ဟာ ထိုင်းနိုင်ငံတွင်းမှာ ဘတ်ငွေ ၁.၉၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၅၇.၃ဘီလီယံ)ခန့် သုံးစွဲခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ လူ ကြိုက်များသော ခရီးစဉ်တွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ယခုနှစ်အတွက် နိုင်ငံခြားသားခရီးသည် ၂၀၀,၀၀၀ နှင့် ၂၀၂၂ ခုနှစ်အတွက်ကိုတော့ခရီးသွား ၅သန်းသာမျှော်မှန်းထားပါတယ်။

အခုလိုပြန်ဖွင့်လိုက်ပေမယ့်လည်း ကိုဗစ်၁၉ စည်းမျဉ်းတွေက တချို့အရာတွေကို ခက်ခဲစေတယ်လို့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။

အစိုးရရဲ့ ရှုပ်ထွေးဆဲစည်းမျဉ်းတွေကြောင့် ခရီးသွားဧည့်သည်တွေဟာ ယုံကြည်မှုအပြည့်အဝမရှိကြဘူးလို့ ဘန်ကောက်ကစားသောက် ဆိုင်ပိုင်ရှင် Chitchai Senwong က ည၉နာရီနောက်ပိုင်း အရက်သောက်ခြင်းကို တားမြစ်သည့် အစိုးရစည်းမျဉ်းအပေါ် သုံးသပ်ပြောဆိုထားပါတယ်။

Source-CNA

(Zawgyi)

ထိုင္းႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းေတြ ျပန္ဖြင့္ၿပီး ၁လအၾကာ တျဖည္းျဖည္းဦးေမာ့လာ

ထိုင္းႏိုင္ငံဟာ အာရွႏိုင္ငံေတြထဲမွာ ႏိုင္ငံျခားခရီးသည္ဝင္ေရာက္မႈအတြက္ ပထမဆုံး ျပန္လည္ဖြင့္လွစ္တဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။

ခရီးသြားတဦးခ်င္းစီအတြက္ ရက္ရွည္တည္းခိုခြင့္ျပဳထားတဲ့ ဟိုတယ္သစ္ေတြရဲ႕အေျခအေနဟာလည္း တျဖည္းျဖည္းျပန္ေကာင္းလာေနပါၿပီ။

၂၀၂၀ခုႏွစ္မွာ ႏိုင္ငံျခားသားခရီးသြားဦးေရဟာ ၆.၇ သန္းက်ဆင္းသြားခဲ့ၿပီး၂၀၂၁ရဲ႕ ပထမဆုံး ၁၀လအတြင္းမွာေတာ့ ထိုင္းႏိုင္ငံရဲ႕ ႏိုင္ငံျခားသားခရီးသြားဦးေရဟာ ၁၀၆,၁၁၇ဦးပဲရွိခဲ့ပါတယ္။

ကပ္ေရာဂါမျဖစ္ခင္အခ်ိန္တုန္းက ထိုင္းႏိုင္ငံဟာ ၁ႏွစ္ကို ႏိုင္ငံျခားခရီးသြား သန္း၄၀ ခန္႔ လာေရာက္လည္ပတ္ခဲ့ၾကတာပါ။

၂၀၁၉မွာလာေရာက္လည္ပတ္ခဲ့ၾကတဲ့ ႏိုင္ငံျခားခရီးသြား သန္း ၄၀ခန္႔ဟာ ထိုင္းႏိုင္ငံတြင္းမွာ ဘတ္ေငြ ၁.၉၁ ထရီလီယံ (အေမရိကန္ ေဒၚလာ ၅၇.၃ဘီလီယံ)ခန္႔ သုံးစြဲခဲ့ၾကပါတယ္။

ထိုင္းႏိုင္ငံဟာ ေဒသတြင္းႏိုင္ငံေတြထဲမွာ လူ ႀကိဳက္မ်ားေသာ ခရီးစဥ္ေတြထဲမွာ တခုအပါအဝင္ျဖစ္ၿပီး ခရီးသြားလုပ္ငန္းအေပၚမွီခိုေနတဲ့ႏိုင္ငံလည္း ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံဟာ ယခုႏွစ္အတြက္ ႏိုင္ငံျခားသားခရီးသည္ ၂၀၀,၀၀၀ ႏွင့္ ၂၀၂၂ ခုႏွစ္အတြက္ကိုေတာ့ခရီးသြား ၅သန္းသာေမွ်ာ္မွန္းထားပါတယ္။

အခုလိုျပန္ဖြင့္လိုက္ေပမယ့္လည္း ကိုဗစ္၁၉ စည္းမ်ဥ္းေတြက တခ်ိဳ႕အရာေတြကို ခက္ခဲေစတယ္လို႔ လုပ္ငန္းရွင္အခ်ိဳ႕က ေျပာပါတယ္။

အစိုးရရဲ႕ ရႈပ္ေထြးဆဲစည္းမ်ဥ္းေတြေၾကာင့္ ခရီးသြားဧည့္သည္ေတြဟာ ယုံၾကည္မႈအျပည့္အဝမရွိၾကဘူးလို႔ ဘန္ေကာက္ကစားေသာက္ ဆိုင္ပိုင္ရွင္ Chitchai Senwong က ည၉နာရီေနာက္ပိုင္း အရက္ေသာက္ျခင္းကို တားျမစ္သည့္ အစိုးရစည္းမ်ဥ္းအေပၚ သုံးသပ္ေျပာဆိုထားပါတယ္။

Source-CNA


LEAVE A REPLY

Please enter your comment!
Please enter your name here