ကျေးဇူးတော်နေ့ချီတက်ပွဲ နယူးယောက်တွင် ကျင်းပ

0
190

(Unicode)

ကျေးဇူးတော်နေ့ချီတက်ပွဲ နယူးယောက်တွင် ကျင်းပ

ကြာသပတေးနေ့က ကျေးဇူးတော်နေ့ချီတက်ပွဲကို ကြိုဆိုဖို့အတွက်လူအုပ်ကြီးဟာ နယူးယောက်မြို့ကလမ်းတွေပေါ်မှာ စီတန်းနေကြပါတယ်။

Manhattan မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နာမည် ကြီးဇာတ်ကောင်ပုံစံ ဘောလုံးကြီးတွေနဲ့ ချီတက်နေတဲ့ တီးဝိုင်းတွေလည်း ပါပါတယ်။မနှစ် ကတော့ ကိုရိုနာဗိုင်းပ်စ်ကြောင့် နိုင်ငံသားတွေကို ကြည့်ရှုခွင့် ပိတ်ထားခဲ့တာပါ။

မီချီဂန်ပြည်နယ်ကလာတဲ့ အသက်၆၇အရွယ်အဘွားအိုတစ်ဦးက ယခုပွဲကိုကြည့်ရှုဖို့အတွက်သူမမိသားစုနဲ့အတူ မနက် ၅နာရီကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့တာလို့ ဆိုပါတယ်။

အားလပ်ရက်ရာသီအစကို အချက်ပြတဲ့ ချီတက်ပွဲကြီးကို ပြန်ရောက်လို့ ဝမ်းသာမိတယ်လို့လည်း ပြောပြပါတယ်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်မှုတွေထပ်တိုးလာနေပါတယ်။ဗိုင်းရပ်စ်ပိုးထပ်ပြီးပြန့်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေပေမယ့် အားလပ်ရက်မှာတော့ ခရီးသွားပြီး အတူလက်ဆုံစားကြဖို့ လူအများစုက မျှော်လင့်ထားကြပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ် ရေးဗဟိုဌာနက အမေရိကန်မှာ နေ့စဉ်ဖြစ်ပွါးမှုအသစ်က ပျမ်းမျှ ၉၄၀၀၀ ခန့်ရှိပြီး ဆေးရုံတက်နေရတဲ့အရေအတွက်ကတော့ ၆၀၀၀ ခန့်ရှိတယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောပါတယ်။

CDC က ပြည်သူတွေကို ကာကွယ်ဆေးမဖြစ်မနေထိုးနှံကြဖို့နဲ့ အားလပ်ရက်ခရီးမထွက်ခင် ကလေးတွေကို ဆေးထိုးဖို့တိုက်တွန်းထားပါတယ်။
Source NHK

Photo Credit-The New York Times

(Zawgyi)

ေက်းဇူးေတာ္ေန႔ခ်ီတက္ပြဲ နယူးေယာက္တြင္ က်င္းပ

ၾကာသပေတးေန႔က ေက်းဇူးေတာ္ေန႔ခ်ီတက္ပြဲကို ႀကိဳဆိုဖို႔အတြက္လူအုပ္ႀကီးဟာ နယူးေယာက္ၿမိဳ႕ကလမ္းေတြေပၚမွာ စီတန္းေနၾကပါတယ္။

Manhattan မွာ ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ နာမည္ ႀကီးဇာတ္ေကာင္ပုံစံ ေဘာလုံးႀကီးေတြနဲ႔ ခ်ီတက္ေနတဲ့ တီးဝိုင္းေတြလည္း ပါပါတယ္။မႏွစ္ ကေတာ့ ကို႐ိုနာဗိုင္းပ္စ္ေၾကာင့္ ႏိုင္ငံသားေတြကို ၾကည့္ရႈခြင့္ ပိတ္ထားခဲ့တာပါ။

မီခ်ီဂန္ျပည္နယ္ကလာတဲ့ အသက္၆၇အ႐ြယ္အဘြားအိုတစ္ဦးက ယခုပြဲကိုၾကည့္ရႈဖို႔အတြက္သူမမိသားစုနဲ႔အတူ မနက္ ၅နာရီကတည္းက လာေရာက္ေစာင့္ဆိုင္းေနခဲ့တာလို႔ ဆိုပါတယ္။

အားလပ္ရက္ရာသီအစကို အခ်က္ျပတဲ့ ခ်ီတက္ပြဲႀကီးကို ျပန္ေရာက္လို႔ ဝမ္းသာမိတယ္လို႔လည္း ေျပာျပပါတယ္။

သို႔ေသာ္လည္း အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္မႈေတြထပ္တိုးလာေနပါတယ္။ဗိုင္းရပ္စ္ပိုးထပ္ၿပီးျပန္႔လာမွာကို စိုးရိမ္မႈေတြျမင့္တက္ေနေပမယ့္ အားလပ္ရက္မွာေတာ့ ခရီးသြားၿပီး အတူလက္ဆုံစားၾကဖို႔ လူအမ်ားစုက ေမွ်ာ္လင့္ထားၾကပါတယ္။

အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ ေရးဗဟိုဌာနက အေမရိကန္မွာ ေန႔စဥ္ျဖစ္ပြါးမႈအသစ္က ပ်မ္းမွ် ၉၄၀၀၀ ခန္႔ရွိၿပီး ေဆး႐ုံတက္ေနရတဲ့အေရအတြက္ကေတာ့ ၆၀၀၀ ခန္႔ရွိတယ္လို႔ ၿပီးခဲ့တဲ့ တနလၤာေန႔က ေျပာပါတယ္။

CDC က ျပည္သူေတြကို ကာကြယ္ေဆးမျဖစ္မေနထိုးႏွံၾကဖို႔နဲ႔ အားလပ္ရက္ခရီးမထြက္ခင္ ကေလးေတြကို ေဆးထိုးဖို႔တိုက္တြန္းထားပါတယ္။
Source NHK

Photo Credit-The New York Times


LEAVE A REPLY

Please enter your comment!
Please enter your name here