၂၀၂၁ခုနှစ်ရဲ့ အချမ်းသာဆုံး K-Pop idol အမျိုးသမီး (၇)ဦး

0
192

(Unicode)

၂၀၂၁ခုနှစ်ရဲ့ အချမ်းသာဆုံး K-Pop idol အမျိုးသမီး (၇)ဦး

(၁) IU


IU ကို K-Pop လောကမှာ အနုပညာကြေးအမြင့်ဆုံး idol အဖြစ်အားလုံးက သတ်မှတ်ထားကြပါတယ်။သူမရဲ့အောင်မြင်မှုတစိတ်တပိုင်းက တော့ သူမရဲ့ကိုယ်ပိုင်စွမ်းရည်ဖြစ်တဲ့ သီချင်းရေးခြင်းကနေ ဆင်းသက်လာတာပါ။

သူမရေးသားဖန်တီးခဲ့သီချင်းပေါင်းဟာ ၅၀ ကျော်ရှိပါတယ်။ဒါ့အပြင်သူမဟာ နာမည်ကြီး
K-Drama တွေဖြစ်တဲ့ Hotel Del Luna,Scarlet Heart Ryeo တို့မှာပါဝင်သရုပ်ဆောင်ထားပြီး ၄င်းဇာတ်လမ်းတွေနဲ့ နာမည်ကြီးခဲ့သူပါ။

ဒါ့အပြင် IU ဟာ နာမည်ကြီး အမှတ်တံဆိပ် တွေဖြစ်သည့် Samsung,Sony ,Guess တို့အပြင် အခြားအမှတ်တံဆိမ်ကုမ္ပဏီများနှင့် လက်တွဲလုပ်ကိုင်နေသူပါ။

IU ရဲ့ အသားတင်ပိုင်ဆိုင်မှုကတော့ အမေရိကန် ဒေါ်လာ ၄၅သန်းရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

(၂) Lee Hyori


Lee Hyori ကတော့ K-Pop လောကမှာ Fin.K.L အဖွဲ့ဝင်အဖြစ် စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ သူမဟာ အနုပညာကြေးအမြင့်ဆုံး idol ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ဝင်ငွေဟာ ဂီတတစ်ခုတည်းကနေရတာမဟုတ်ပဲ Samsung လို နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာတွေကနေလည်း တဆင့် ရရှိခဲ့တာပါ။

သူမရဲ့အသားတင်ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ သန်း၄၀ခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

(၃) Sandara Park


Sandara Park ဟာ ကျော်ကြားတဲ့အမျိုးသမီးအဖွဲ့ 2NE1 ရဲ့ အဖွဲ့ဝင်အဖြစ် နာမည်ကြီးပါတယ်။

ဒါပေမယ့် ၂၀၁၆ခုနှစ်မှာ အဖွဲ့ကိုရုတ်တရက်ဖျက်သိမ်းပြီးနောက်မှာတော့ တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ Cheese in the Trap နဲ့ Bcuz of You ဇာတ်ကားတွေမှာ ပါဝင်သရုပ် ဆောင်ရင်း သရုပ်ဆောင်နယ်ပယ်မှာ လူသိများခဲ့ပါတယ်။

ကိုရီးယားမှာရေပန်းစားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေပြီး ဖိလစ်ပိုင်က CLIO, Etude House နဲ့ Nikkon အပါအဝင် အခြားအမှတ်တံဆိပ်ကုမ္ပဏီတွေနဲ့လည်း လက်တွဲလုပ် ကိုင်နေသူပါ။

သူမရဲ့ အသားတင်ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(၄)Yoon A


Yoon A ကတော့ Girls’ Generation အဖွဲ့ဝင်တစ်ဦးအဖြစ် လူသိများပြီး K-Drama ဇာတ်လမ်းတွဲတွေနဲ့လည်း နာမည်ကြီးသူပါ။

သူမဟာ အဖွဲ့ပွဲဦးထွက်တဲ့ ၂၀၀၇ ခုနှစ်မှာပဲ သရုပ်ဆောင်အလုပ်ကို စတင်ခဲ့တာဖြစ်ပြီး အဲ့မတိုင်ခင်ကတည်းက ကြော်ငြာနဲ့ ဂီတဗီဒီယို ၂၀၀ ကျော်မှာ ပါဝင်ခဲ့သူပါ။

သူမရဲ့ အသားတင်ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ် ၂၅သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(၅)Bae Suzy


Suzy ဟာ Miss A အဖွဲ့ဝင်တစ်ဦးအဖြစ် အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း တစ်ကိုယ်တော်အဆိုတော်နဲ့ သရုပ်ဆောင်တစ် ဦးအဖြစ် ရပ်တည်ခဲ့ချိန်မှာတော့ သူမဟာ ပိုအောင်မြင်ကျော်ကြားလာခဲ့ပါတယ်။

သူမဟာ Start Up နဲ့ While You Were Sleeping လိုနာမည်ကြီး K-Drama တွေမှာ သ
ရုပ်ဆောင်ခဲ့ပြီး Reebok, Swarovski နဲ့ အခြားအမှတ်တံဆိပ်တွေနဲ့အတူ လက်တွဲခဲ့ပါတယ်။

သူမရဲ့အသားတင်ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၂၅သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(၆)BOA


BOA ကတော့ K-Pop ဘုရင်မအဖြစ် လူသိများသူပါ။

သူမဟာ ၂၀၀၃ ခုနှစ်ကစတင်ပြီး စတူဒီယို အယ်လ်ဘမ် ၂၀ရိုက်ကူးခဲ့ကာ ထက်ဝက်နီးပါးက ဂျပန်ဘာသာနဲ့ရိုက်ကူးခဲ့တာပါ။

သူမဟာ K-Drama တွေမှာလည်း သရုပ်ဆောင် ခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင် Make Your Move မှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

BOA ရဲ့ အသားတင်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၅သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(၇)Lisa


Lisa ကတော့ Blackpink အဖွဲ့ဝင်အဖြစ် လူသိများပြီး ယခုစာရင်းထဲမှာ အငယ်ဆုံး Idol လည်းဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ သူမရဲ့မွေးရပ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သူမရဲ့ကျော်ကြားမှုက သူမကို Blackpink ရဲ့ အချမ်းသာဆုံးအဖွဲ့ဝင် ဖြစ်လာစေခဲ့ပါတယ်။

သူမဟာ Prada နဲ့ Adidas တို့လို နာမည်ကြီးအမှတ်တံဆိပ်တွေကို ကိုယ်စားပြုတဲ့ Fashion Icon တစ်ဦးလည်း ဖြစ်ပါတယ်။

Lisa ဟာ သူမရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်ကို မကြာသေးခင်က ထွက်ခဲ့ပြီး ၄င်းကလည်း သူမရဲ့ဝင်ငွေကို မြှင့်တင်ပေးခဲ့ပါတယ်။

Lisa ရဲ့ အသားတင်ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၅သန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

(Zawgyi)

၂၀၂၁ခုႏွစ္ရဲ႕ အခ်မ္းသာဆုံး K-Pop idol အမ်ိဳးသမီး (၇)ဦး

(၁) IU
IU ကို K-Pop ေလာကမွာ အႏုပညာေၾကးအျမင့္ဆုံး idol အျဖစ္အားလုံးက သတ္မွတ္ထားၾကပါတယ္။သူမရဲ႕ေအာင္ျမင္မႈတစိတ္တပိုင္းက ေတာ့ သူမရဲ႕ကိုယ္ပိုင္စြမ္းရည္ျဖစ္တဲ့ သီခ်င္းေရးျခင္းကေန ဆင္းသက္လာတာပါ။

သူမေရးသားဖန္တီးခဲ့သီခ်င္းေပါင္းဟာ ၅၀ ေက်ာ္ရွိပါတယ္။ဒါ့အျပင္သူမဟာ နာမည္ႀကီး
K-Drama ေတြျဖစ္တဲ့ Hotel Del Luna,Scarlet Heart Ryeo တို႔မွာပါဝင္သ႐ုပ္ေဆာင္ထားၿပီး ၄င္းဇာတ္လမ္းေတြနဲ႔ နာမည္ႀကီးခဲ့သူပါ။

ဒါ့အျပင္ IU ဟာ နာမည္ႀကီး အမွတ္တံဆိပ္ ေတြျဖစ္သည့္ Samsung,Sony ,Guess တို႔အျပင္ အျခားအမွတ္တံဆိမ္ကုမၸဏီမ်ားႏွင့္ လက္တြဲလုပ္ကိုင္ေနသူပါ။

IU ရဲ႕ အသားတင္ပိုင္ဆိုင္မႈကေတာ့ အေမရိကန္ ေဒၚလာ ၄၅သန္းရွိမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

(၂) Lee Hyori
Lee Hyori ကေတာ့ K-Pop ေလာကမွာ Fin.K.L အဖြဲ႕ဝင္အျဖစ္ စတင္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွာ သူမဟာ အႏုပညာေၾကးအျမင့္ဆုံး idol ျဖစ္လာခဲ့ပါတယ္။

သူမရဲ႕ဝင္ေငြဟာ ဂီတတစ္ခုတည္းကေနရတာမဟုတ္ပဲ Samsung လို နာမည္ႀကီး အမွတ္တံဆိပ္ေတြရဲ႕ ေၾကာ္ျငာေတြကေနလည္း တဆင့္ ရရွိခဲ့တာပါ။

သူမရဲ႕အသားတင္ပိုင္ဆိုင္မႈကေတာ့ အေမရိကန္ေဒၚလာ သန္း၄၀ခန္႔ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။

(၃) Sandara Park
Sandara Park ဟာ ေက်ာ္ၾကားတဲ့အမ်ိဳးသမီးအဖြဲ႕ 2NE1 ရဲ႕ အဖြဲ႕ဝင္အျဖစ္ နာမည္ႀကီးပါတယ္။

ဒါေပမယ့္ ၂၀၁၆ခုႏွစ္မွာ အဖြဲ႕ကို႐ုတ္တရက္ဖ်က္သိမ္းၿပီးေနာက္မွာေတာ့ တစ္ကိုယ္ေတာ္အဆိုေတာ္အျဖစ္ ရပ္တည္ခဲ့ပါတယ္။

ဒါ့အျပင္ သူမဟာ Cheese in the Trap နဲ႔ Bcuz of You ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ ေဆာင္ရင္း သ႐ုပ္ေဆာင္နယ္ပယ္မွာ လူသိမ်ားခဲ့ပါတယ္။

ကိုရီးယားမွာေရပန္းစားတဲ့ အႏုပညာရွင္တစ္ဦးအျဖစ္ ရပ္တည္ေနၿပီး ဖိလစ္ပိုင္က CLIO, Etude House နဲ႔ Nikkon အပါအဝင္ အျခားအမွတ္တံဆိပ္ကုမၸဏီေတြနဲ႔လည္း လက္တြဲလုပ္ ကိုင္ေနသူပါ။

သူမရဲ႕ အသားတင္ပိုင္ဆိုင္မႈကေတာ့ အေမရိကန္ေဒၚလာ သန္း ၃၀ ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

(၄)Yoon A
Yoon A ကေတာ့ Girls’ Generation အဖြဲ႕ဝင္တစ္ဦးအျဖစ္ လူသိမ်ားၿပီး K-Drama ဇာတ္လမ္းတြဲေတြနဲ႔လည္း နာမည္ႀကီးသူပါ။

သူမဟာ အဖြဲ႕ပြဲဦးထြက္တဲ့ ၂၀၀၇ ခုႏွစ္မွာပဲ သ႐ုပ္ေဆာင္အလုပ္ကို စတင္ခဲ့တာျဖစ္ၿပီး အဲ့မတိုင္ခင္ကတည္းက ေၾကာ္ျငာနဲ႔ ဂီတဗီဒီယို ၂၀၀ ေက်ာ္မွာ ပါဝင္ခဲ့သူပါ။

သူမရဲ႕ အသားတင္ပိုင္ဆိုင္မႈကေတာ့ အေမရိကန္ေဒၚ ၂၅သန္းရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

(၅)Bae Suzy
Suzy ဟာ Miss A အဖြဲ႕ဝင္တစ္ဦးအျဖစ္ အႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့ၿပီးေနာက္ပိုင္း တစ္ကိုယ္ေတာ္အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္တစ္ ဦးအျဖစ္ ရပ္တည္ခဲ့ခ်ိန္မွာေတာ့ သူမဟာ ပိုေအာင္ျမင္ေက်ာ္ၾကားလာခဲ့ပါတယ္။

သူမဟာ Start Up နဲ႔ While You Were Sleeping လိုနာမည္ႀကီး K-Drama ေတြမွာ သ
႐ုပ္ေဆာင္ခဲ့ၿပီး Reebok, Swarovski နဲ႔ အျခားအမွတ္တံဆိပ္ေတြနဲ႔အတူ လက္တြဲခဲ့ပါတယ္။

သူမရဲ႕အသားတင္ပိုင္ဆိုင္မႈကေတာ့ အေမရိကန္ေဒၚလာ ၂၅သန္းရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

(၆)BOA
BOA ကေတာ့ K-Pop ဘုရင္မအျဖစ္ လူသိမ်ားသူပါ။

သူမဟာ ၂၀၀၃ ခုႏွစ္ကစတင္ၿပီး စတူဒီယို အယ္လ္ဘမ္ ၂၀႐ိုက္ကူးခဲ့ကာ ထက္ဝက္နီးပါးက ဂ်ပန္ဘာသာနဲ႔႐ိုက္ကူးခဲ့တာပါ။

သူမဟာ K-Drama ေတြမွာလည္း သ႐ုပ္ေဆာင္ ခဲ့ၿပီး ေဟာလိဝုဒ္႐ုပ္ရွင္ Make Your Move မွာလည္း သ႐ုပ္ေဆာင္ခဲ့ပါတယ္။

BOA ရဲ႕ အသားတင္ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၂၅သန္းရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

(၇)Lisa
Lisa ကေတာ့ Blackpink အဖြဲ႕ဝင္အျဖစ္ လူသိမ်ားၿပီး ယခုစာရင္းထဲမွာ အငယ္ဆုံး Idol လည္းျဖစ္ပါတယ္။

ေတာင္ကိုရီးယားနဲ႔ သူမရဲ႕ေမြးရပ္ႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံမွာ သူမရဲ႕ေက်ာ္ၾကားမႈက သူမကို Blackpink ရဲ႕ အခ်မ္းသာဆုံးအဖြဲ႕ဝင္ ျဖစ္လာေစခဲ့ပါတယ္။

သူမဟာ Prada နဲ႔ Adidas တို႔လို နာမည္ႀကီးအမွတ္တံဆိပ္ေတြကို ကိုယ္စားျပဳတဲ့ Fashion Icon တစ္ဦးလည္း ျဖစ္ပါတယ္။

Lisa ဟာ သူမရဲ႕ တစ္ကိုယ္ေတာ္ပြဲဦးထြက္ကို မၾကာေသးခင္က ထြက္ခဲ့ၿပီး ၄င္းကလည္း သူမရဲ႕ဝင္ေငြကို ျမႇင့္တင္ေပးခဲ့ပါတယ္။

Lisa ရဲ႕ အသားတင္ပိုင္ဆိုင္မႈကေတာ့ အေမရိကန္ေဒၚလာ ၁၅သန္းရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here