အမှားပြင်ဆင်ခြင်းနှင့် တောင်းပန်ခြင်း

0
159

(Unicode)

အမှားပြင်ဆင်ခြင်းနှင့် တောင်းပန်ခြင်း

ရတနာပုံလေကြောင်းပျံသန်းမှုဆိုင်ရာ ကုမ္ပဏီလီမိတက် Yatanarpon Aviation Support Company Limited ကုမ္ပဏီအား ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုသည့် ဖော်ပြချက်တစ်ရပ်အား နိုဝင်ဘာ ၂၆ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

အဆိုပါ ဖော်ပြချက်ကို မန်းရတနာပုံလေကြောင်းလိုင်းဟူ၍Popular News မှ မှားယွင်းစွာဖော်ပြခဲ့ပါသည်။

အမှန်မှာရတနာပုံလေကြောင်းပျံသန်းမှုဆိုင်ရာ ကုမ္ပဏီလီမိတက် Yatanarpon Aviation Support Company Limited ကုမ္ပဏီသည် မန်းရတနာပုံလေကြောင်းလိုင်းနှင့် မသက်ဆိုင်ပါ။ မန်းရတနာပုံလေကြောင်းလိုင်းသည်သီးခြား ရပ်တည်နေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်ပါသည်။

အမှန်မှာ မန်းရတနာပုံလေကြောင်းလိုင်း၏ ကုမ္ပဏီ မှတ်ပုံတင်အမည်မှာ Mann Yadanarpon Airlines Company Limitedဖြစ်ပါသည်။

မန်းရတနာပုံလေကြောင်းလိုင်းမှာ ယခုလက်ရှိတွင် ခရီးသွားပြည်သူများ သွားလာရေးပိုမိုလွယ်ကူချောမွေ့စေရန် ပြည်တွင်းခရီးစဉ်များအား နေ့စဉ် ပျံသန်းပြေးဆွဲလျက်ရှိနေပါသည်။

မန်းရတနာပုံလေကြောင်းလိုင်းမှာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေပြု၍ လုပ်ကိုင်ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ခွင့်ပြုမိန့်ရခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည့် ပြည်တွင်း ပြည်ပ လေကြောင်းပျံသန်းရေး ဝန်ဆောင်မှု လုပ်ငန်းအားဆောင်ရွက်နေသော မန်းရတနာပုံလေကြောင်းလိုင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ကိုးခုမြောက် ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်ပြီးမန်းရတနာပုံလေကြောင်းလိုင်းကို နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) နှင့် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) တို့က လေကြောင်းလိုင်းသင်္ကေတ 7Y နှင့် MYP အသီးသီး သတ်မှတ်ထားပြီးဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် ရတနာပုံလေကြောင်းပျံသန်းမှုဆိုင်ရာ ကုမ္ပဏီလီမိတက် Yatanarpon Aviation Support Company Limited ကုမ္ပဏီအား မန်းရတနာပုံလေကြောင်းလိုင်းဟူ၍Popular News အ​နေဖြင့် မှားယွင်းစွာဖော်ပြခဲ့မှုအပေါ် မန်းရတနာပုံလေကြောင်းလိုင်းအားအနူးအညွတ် တောင်းပန်ပါကြောင်းနှင့်ဆက်လက်ပြီး မန်းရတနာ​ပုံလေ​ကြောင်းလိုင်း၏ ​ကျေနပ်နှစ်သိမ့်မူ အတွက် ​ဖြေရှင်း လုပ်​ဆောင်​ပေးသွားမည်ဖြစ်ပါသည်။
မှားယွင်းစွာဖော်ပြခဲ့မှုအပေါ် စာဖတ်ပရိသတ်များကိုလည်း အားနာစွာ တောင်းပန်ပါသည်။

(Zawgyi)

အမွားျပင္ဆင္ျခင္းႏွင့္ ေတာင္းပန္ျခင္း

ရတနာပုံေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ ကုမၸဏီလီမိတက္ Yatanarpon Aviation Support Company Limited ကုမၸဏီအား ဆႏၵအေလ်ာက္ စာရင္းရွင္းလင္းဖ်က္သိမ္းျခင္းဆိုသည့္ ေဖာ္ျပခ်က္တစ္ရပ္အား ႏိုဝင္ဘာ ၂၆ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ ေဖာ္ျပခဲ့ပါသည္။

အဆိုပါ ေဖာ္ျပခ်က္ကို မန္းရတနာပုံေလေၾကာင္းလိုင္းဟူ၍Popular News မွ မွားယြင္းစြာေဖာ္ျပခဲ့ပါသည္။

အမွန္မွာရတနာပုံေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ ကုမၸဏီလီမိတက္ Yatanarpon Aviation Support Company Limited ကုမၸဏီသည္ မန္းရတနာပုံေလေၾကာင္းလိုင္းႏွင့္ မသက္ဆိုင္ပါ။ မန္းရတနာပုံေလေၾကာင္းလိုင္းသည္သီးျခား ရပ္တည္ေနသည့္ ေလေၾကာင္းလိုင္းတစ္ခုျဖစ္ပါသည္။

အမွန္မွာ မန္းရတနာပုံေလေၾကာင္းလိုင္း၏ ကုမၸဏီ မွတ္ပုံတင္အမည္မွာ Mann Yadanarpon Airlines Company Limitedျဖစ္ပါသည္။

မန္းရတနာပုံေလေၾကာင္းလိုင္းမွာ ယခုလက္ရွိတြင္ ခရီးသြားျပည္သူမ်ား သြားလာေရးပိုမိုလြယ္ကူေခ်ာေမြ႕ေစရန္ ျပည္တြင္းခရီးစဥ္မ်ားအား ေန႔စဥ္ ပ်ံသန္းေျပးဆြဲလ်က္ရွိေနပါသည္။

မန္းရတနာပုံေလေၾကာင္းလိုင္းမွာ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို အေျချပဳ၍ လုပ္ကိုင္ေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံမွ ၂၀၁၄ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔တြင္ ခြင့္ျပဳမိန႔္ရခဲ့ၿပီး ၂၀၁၃ ခုႏွစ္၊ ဇူလိုင္လ ၂၃ ရက္ေန႔တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနတြင္ မွတ္ပုံတင္ခဲ့သည့္ ျပည္တြင္း ျပည္ပ ေလေၾကာင္းပ်ံသန္းေရး ဝန္ေဆာင္မႈ လုပ္ငန္းအားေဆာင္႐ြက္ေနေသာ မန္းရတနာပုံေလေၾကာင္းလိုင္းျဖစ္ပါသည္။

ျမန္မာႏိုင္ငံ၏ ကိုးခုေျမာက္ ျပည္တြင္းေလေၾကာင္းလိုင္းတစ္ခုျဖစ္ၿပီးမန္းရတနာပုံေလေၾကာင္းလိုင္းကို ႏိုင္ငံတကာေလေၾကာင္းပို႔ေဆာင္ေရးအသင္း (IATA) ႏွင့္ အျပည္ျပည္ဆိုင္ရာၿမိဳ႕ျပေလေၾကာင္းအဖြဲ႕ခ်ဳပ္ (ICAO) တို႔က ေလေၾကာင္းလိုင္းသေကၤတ 7Y ႏွင့္ MYP အသီးသီး သတ္မွတ္ထားၿပီးျဖစ္ပါသည္။

သို႔ျဖစ္ပါေသာေၾကာင့္ ရတနာပုံေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ ကုမၸဏီလီမိတက္ Yatanarpon Aviation Support Company Limited ကုမၸဏီအား မန္းရတနာပုံေလေၾကာင္းလိုင္းဟူ၍Popular News အ​ေနျဖင့္ မွားယြင္းစြာေဖာ္ျပခဲ့မႈအေပၚ မန္းရတနာပုံေလေၾကာင္းလိုင္းအားအႏူးအၫြတ္ ေတာင္းပန္ပါေၾကာင္းႏွင့္ဆက္လက္ၿပီး မန္းရတနာ​ပုံေလ​ေၾကာင္းလိုင္း၏ ​ေက်နပ္ႏွစ္သိမ့္မူ အတြက္ ​ေျဖရွင္း လုပ္​ေဆာင္​ေပးသြားမည္ျဖစ္ပါသည္။
မွားယြင္းစြာေဖာ္ျပခဲ့မႈအေပၚ စာဖတ္ပရိသတ္မ်ားကိုလည္း အားနာစြာ ေတာင္းပန္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here