မန္တလေးမြို့က နေရာသုံးခုမှာဗုံးပေါက်ကဲွမှုများ ဖြစ်ပွား

0
185

မန္တလေးမြို့က နေရာသုံးခုမှာဗုံးပေါက်ကဲွမှုများ ဖြစ်ပွား

မန္တလေးမြို့က မဟာအောင်မြေမြို့နယ်၊ကမ်းနားလမ်းနဲ့ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းနဲ့မွန်းတည့်ပိုင်းတို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနက် ၉ နာရီကျော်လောက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်းနဲ့ ၁၃၀ လမ်းနားက ခြံဝင်းတစ်ခုအတွင်းမှာ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် မွန်းတည့် ၁၂ နာရီကျော်မှာလည်း မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ် ကွက်၊ ၄၁ လမ်းက ကုန်စိမ်းတန်းညစျေးမှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် ကမ်းနားလမ်းကကျူးကျော်နေအိမ်တွေ ဆိုင်တွေကို စည်ပင်နဲ့ရဲတပ်ဖွဲက ရှင်းလင်းဖယ် ရှားနေချိန် နေ့လည်ဖက်လောက်မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

“ကမ်းနားလမ်းပေါက်ကွဲမှုမှာ သေနတ်ပစ်ခတ်မှုတွေတော့ရှိတယ် အရပ်သားနှစ်ယောက်ဒဏ်ရာရသွားတယ် ဒီနေ့ကကျူးတွေရှင်းနေတော့အကုန် လုံးရှုတ်ရှက်ခတ်နေတဲ့အချိန်ဖြစ်သွားတာ”လို့ မြို့ခံတစ်ယောက်ကပြောပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေအနီးတစ်ဝိုက်ကို လုံခြုံရေးအဖွဲ့တွေက စစ်ဆေးခဲ့ကြပါတယ်။

Zaw Gyi

မန္တလေးမြို့က နေရာသုံးခုမှာဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

မန္တလေးမြို့က မဟာအောင်မြေမြိုနယ်၊ကမ်းနားလမ်းနဲ့ပြည်ကြီးတံခွန်မြိုနယ်တို့မှာ ဒီနေ့မနက်ပိုင်းနဲ့မွန်းတည့်ပိုင်းတို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနက် ၉ နာရီကျော်လောက်မှာ ပြည်ကြီးတံခွန်မြိုနယ်၊ ၆၃ လမ်းနဲ့ ၁၃၀ လမ်းနားက ခြံဝင်းတစ်ခုအတွင်းမှာ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် မွန်းတည့် ၁၂ နာရီကျော်မှာလည်း မဟာအောင်မြေမြိုနယ်၊သံလျှက်မှော်အနောက်ရပ် ကွက်၊ ၄၁ လမ်းက ကုန်စိမ်းတန်းညဈေးမှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။




LEAVE A REPLY

Please enter your comment!
Please enter your name here