မြန်မာပလာဇာဖြစ်စဥ်က တာဝန်ရှိသူတွေကိုအ လုပ်ထုတ်ပယ်ခဲ့တယ်လို့ ပလာဇာအုပ်ချုပ်ရေးရုံးထုတ်ပြန်

0
81

 

မြန်မာပလာဇာဖြစ်စဥ်က တာဝန်ရှိသူတွေကိုအ လုပ်ထုတ်ပယ်ခဲ့တယ်လို့ ပလာဇာအုပ်ချုပ်ရေးရုံးထုတ်ပြန်

နိုဝင်ဘာ ၂၅ ရက်ညနေပိုင်းက မြန်မာပလာဇာအတွင်းမှာ ဆန္ဒပြလူငယ်အချို့ကို လုံခြုံရေးဝန် ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးတာတွေလုပ်ခဲ့တဲ့ဖြစ်စဥ်မှာ တာဝန်ရှိသူတွေကို လက်ရှိလုပ်ကိုင်နေတဲ့အလုပ်တာဝန်တွေက ထုတ်ပယ်အရေးယူခဲ့တယ်လို့ မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဥ်ကို မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က အခင်းဖြစ်ပြီးချင်းမှာပဲ အသေးစိတ်စုံစမ်းစစ် ဆေးမှုတွေပြုလုပ်ပြီး အခုလိုထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။

ထုတ်ပယ်အရေးယူခဲ့သူအရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာရေးသားထားခြင်းမရှိပါဘူး။

ဖြစ်စဥ်ပြီးနောက်ရက် နိုဝင်ဘာ ၂၆ ရက်မှာတော့ မြန်မာပလာဇာမှာဖွင့်ထားတဲ့ဆိုင်ခန်းများဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ ပလာဇာကိုလာရောက်စျေးဝယ်သူတွေလည်းမရှိပဲ ရှင်းလင်းနေခဲ့ပါတယ်။

အုပ်ချုပ်ရေးရုံးအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖြစ်စဥ်ကို တစ်စုံတစ်ရာကြိုတင်ညွှန်ကြားမှုကြောင့်မ ဟုတ်သလို မြန်မာပလာဇာဝန်ထမ်းတွေ စီးပွား ရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ လက်ခံထားတဲ့ စံတန်ဖိုးတွေနဲ့ကိုက်ညီခြင်းမရှိပါဘူး လို့ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာပလာဇာဟာ ၁၀၀ ရာခိုင်နှုန်း နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ပရောဂျက်ဖြစ်ပြီး မြန် မာပလာဇာကတိုက်ရိုက်ဖြစ်စေ၊ တခြားစီးပွား ရေးလုပ်ငန်းတွေကဖြစ်စေ ခန့်အပ်ထားတဲ့ဝန် ထမ်းတွေဟာ ဖြစ်စဥ်နဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။အဆိုပါ ဖြစ်စဥ်မျိုး ထပ်မဖြစ်အောင်လည်း မြန်မာပလာဇာကလေးနက်စွာဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာပလာဇာကိုလုံခြုံ ရေးအဖွဲ့တွေက စောင့်ကြပ်လျက်ရှိပါတယ်။

 

Zaw Gyi

ျမန္မာပလာဇာျဖစ္စဥ္က တာဝန္ရွိသူေတြကိုအ လုပ္ထုတ္ပယ္ခဲ့တယ္လို႔ ပလာဇာအုပ္ခ်ဳပ္ေရး႐ုံးထုတ္ျပန္

နိုဝင္ဘာ ၂၅ ရက္ညေနပိုင္းက ျမန္မာပလာဇာအတြင္းမွာ ဆႏၵျပလူငယ္အခ်ိဳ႕ကို လုံျခဳံေရးဝန္ ထမ္းေတြက ဝိုင္းဝန္းဖမ္းဆီးတာေတြလုပ္ခဲ့တဲ့ျဖစ္စဥ္မွာ တာဝန္ရွိသူေတြကို လက္ရွိလုပ္ကိုင္ေနတဲ့အလုပ္တာဝန္ေတြက ထုတ္ပယ္အေရးယူခဲ့တယ္လို႔ ျမန္မာပလာဇာအုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕က နိုဝင္ဘာ ၂၆ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္ကို ျမန္မာပလာဇာအုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕က အခင္းျဖစ္ၿပီးခ်င္းမွာပဲ အေသးစိတ္စုံစမ္းစစ္ ေဆးမွုေတြျပဳလုပ္ၿပီး အခုလိုထုတ္ပယ္ခဲ့ျခင္းျဖစ္ပါတယ္။

ထုတ္ပယ္အေရးယူခဲ့သူအေရအတြက္ကိုေတာ့ ထုတ္ျပန္ခ်က္မွာေရးသားထားျခင္းမရွိပါဘူး။

ျဖစ္စဥ္ၿပီးေနာက္ရက္ နိုဝင္ဘာ ၂၆ ရက္မွာေတာ့ ျမန္မာပလာဇာမွာဖြင့္ထားတဲ့ဆိုင္ခန္းမ်ားဖြင့္လွစ္ခဲ့ျခင္းမရွိဘဲ ပလာဇာကိုလာေရာက္ေစ်းဝယ္သူေတြလည္းမရွိပဲ ရွင္းလင္းေနခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕ရဲ့ထုတ္ျပန္ခ်က္ထဲမွာ ျဖစ္စဥ္ကို တစ္စုံတစ္ရာႀကိဳတင္ညႊန္ၾကားမွုေၾကာင့္မ ဟုတ္သလို ျမန္မာပလာဇာဝန္ထမ္းေတြ စီးပြား ေရးလုပ္ေဖာ္ကိုင္ဖက္ေတြရဲ့ လက္ခံထားတဲ့ စံတန္ဖိုးေတြနဲ႔ကိုက္ညီျခင္းမရွိပါဘူး လို႔ေရးသားထားပါတယ္။

ဒါ့အျပင္ ျမန္မာပလာဇာဟာ ၁၀၀ ရာခိုင္ႏွုန္း နိုင္ ငံျခားရင္းႏွီးျမႇုပ္ႏွံမွု(FDI) ပေရာဂ်က္ျဖစ္ၿပီး ျမန္ မာပလာဇာကတိုက္ရိုက္ျဖစ္ေစ၊ တျခားစီးပြား ေရးလုပ္ငန္းေတြကျဖစ္ေစ ခန္႔အပ္ထားတဲ့ဝန္ ထမ္းေတြဟာ ျဖစ္စဥ္နဲ႔လုံးဝသက္ဆိုင္ျခင္းမရွိပါဘူး။အဆိုပါ ျဖစ္စဥ္မ်ိဳး ထပ္မျဖစ္ေအာင္လည္း ျမန္မာပလာဇာကေလးနက္စြာေဆာင္ရြက္သြားမယ္လို႔ ေရးသားထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ျမန္မာပလာဇာကိုလုံျခဳံ ေရးအဖြဲ႕ေတြက ေစာင့္ၾကပ္လ်က္ရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here