မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲဓားပြတိုက်ရာမှာ ပူး ပေါင်းပါဝင်တဲ့ ဘဏ်ဝန်ထမ် းသုံးယောက်အပါ အဝင် ၉ ယောက်အားဖမ်းမိဟု နစက ထုတ်ပြန်

0
151

မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲဓားပြတိုက်ရာမှာ ပူး ပေါင်းပါဝင်တဲ့ ဘဏ်ဝန်ထမ်းသုံးယောက်အပါ အဝင် ၉ ယောက်အားဖမ်းမိဟု နစက ထုတ်ပြန်

 

နိုဝင်ဘာ ၂၆ ရက်နေ့လည် ၁ နာရီခွဲခန့်က မန္တလေးတိုင်း၊ရမည်းသင်းမြို့၊အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ မြန်မာ့ရှေ့​ဆောင်ဘဏ်ခွဲကို ဓားပြတိုက်ရာမှာ ပူးပေါင်းပါဝင်တဲ့ ဘဏ်ဝန်ထမ်းသုံးယောက်အပါဝင် ပါဝင်ပတ်သက်သူ ၉ ယောက်ကို ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အခင်းဖြစ်စဥ်အပြီးမှာ လုံခြုံရေးအဖွဲ့တွေက ဘဏ်ဝန်ထမ်းများထဲမှ မသင်္ကာဖွယ် သန်း ဇော်ကို(၃၄)နှစ်(ဘဏ်ခွဲဒုတိယမန်နေဂျာ)၊လက်ထောက်ကြီးကြပ်ရေးမှူးတွေဖြစ်တဲ့ ကျော်ကျော်ဦး(၃၃)နှစ်နဲ့ဝေဖြိုးလှိုင်(၃၁)နှစ်တို့ကို စစ် ဆေးခဲ့ကြပါတယ်။
စစ်ဆေးချက်အရ ဓားပြတိုက်မှုဖြစ်စဥ်မှာပါတဲ့ ကျော်စိုးသိန်း(၂၉)နှစ်ကိုဖမ်းမိပြီး ဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူ ငါးယောက်ကိုထပ်ဖမ်းမိခဲ့ပါတယ်။
ဆိုင်ကယ်နှစ်စီး၊ဓားဦးချွန်နှစ်ချောင်း၊လျှာထိုးဦးထုပ်၊ဖုန်းနှစ်လုံးကိုလည်း သိမ်းဆီးရမိခဲ့ပါတယ်။
ဖြစ်စဥ်မှာယူဆောင်သွားတဲ့​ငွေကျပ် ၁၀၆,၅၀၀,၅၀၀ သိန်းကို ဝါးတိုးရပ်ကွက်ကနေအိမ်တစ်လုံးရဲ့အပေါ်ထပ်နဲ့ ကျည်တော်ကုန်းရပ်ကနေအိမ်တစ်လုံးမှာ ငွေကျပ် ၅,၀၀၀,၀၀၀ တို့ကို ပြန်လည်သိမ်းဆီးရမိခဲ့ပါတယ်။
ဖြစ်စဥ်မှာပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Zaw Gyi

ျမန္မာ့ေရွ႕ေဆာင္ဘဏ္ခြဲဓားျပတိုက္ရာမွာ ပူး ေပါင္းပါဝင္တဲ့ ဘဏ္ဝန္ထမ္းသုံးေယာက္အပါ အဝင္ ၉ ေယာက္အားဖမ္းမိဟု နစက ထုတ္ျပန္

နိုဝင္ဘာ ၂၆ ရက္ေန႔လည္ ၁ နာရီခြဲခန္႔က မႏၲေလးတိုင္း၊ရမည္းသင္းၿမိဳ႕၊ေအာင္မဂၤလာရပ္ကြက္မွာရွိတဲ့ ျမန္မာ့ေရွ႕​ေဆာင္ဘဏ္ခြဲကို ဓားျပတိုက္ရာမွာ ပူးေပါင္းပါဝင္တဲ့ ဘဏ္ဝန္ထမ္းသုံးေယာက္အပါဝင္ ပါဝင္ပတ္သက္သူ ၉ ေယာက္ကို ဖမ္းမိခဲ့တယ္လို႔ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။

အခင္းျဖစ္စဥ္အၿပီးမွာ လုံျခဳံေရးအဖြဲ႕ေတြက ဘဏ္ဝန္ထမ္းမ်ားထဲမွ မသကၤာဖြယ္ သန္း ေဇာ္ကို(၃၄)ႏွစ္(ဘဏ္ခြဲဒုတိယမန္ေနဂ်ာ)၊လက္ေထာက္ႀကီးၾကပ္ေရးမွူးေတြျဖစ္တဲ့ ေက်ာ္ေက်ာ္ဦး(၃၃)ႏွစ္နဲ႔ေဝၿဖိဳးလွိုင္(၃၁)ႏွစ္တို႔ကို စစ္ ေဆးခဲ့ၾကပါတယ္။

စစ္ေဆးခ်က္အရ ဓားျပတိုက္မွုျဖစ္စဥ္မွာပါတဲ့ ေက်ာ္စိုးသိန္း(၂၉)ႏွစ္ကိုဖမ္းမိၿပီး ေဖာ္ထုတ္ခ်က္အရ ပူးေပါင္းပါဝင္သူ ငါးေယာက္ကိုထပ္ဖမ္းမိခဲ့ပါတယ္။

ဆိုင္ကယ္ႏွစ္စီး၊ဓားဦးခၽြန္ႏွစ္ေခ်ာင္း၊လၽွာထိုးဦးထုပ္၊ဖုန္းႏွစ္လုံးကိုလည္း သိမ္းဆီးရမိခဲ့ပါတယ္။ျဖစ္စဥ္မွာယူေဆာင္သြားတဲ့​ေငြက်ပ္ ၁၀၆,၅၀၀,၅၀၀ သိန္းကို ဝါးတိုးရပ္ကြက္ကေနအိမ္တစ္လုံးရဲ့အေပၚထပ္နဲ႔ က်ည္ေတာ္ကုန္းရပ္ကေနအိမ္တစ္လုံးမွာ ေငြက်ပ္ ၅,၀၀၀,၀၀၀ တို႔ကို ျပန္လည္သိမ္းဆီးရမိခဲ့ပါတယ္။

ျဖစ္စဥ္မွာျပစ္မွုက်ဴးလြန္သူေတြကို ဥပေဒအရအေရးယူေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here