အကောက်ခွန် ဝန်ဆောင်မှု ကုမ္ပဏီများ အသစ် ဖွဲစည်းခြင်းနှင့် သက်တမ် းတိုးခြင်းများကို ၂၀၂၂ ခုနှစ် မတ်လမှ စ၍ ဆောင်ရွက်ပေးမည်

0
177

အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီများအသစ်ဖွဲစည်းခြင်းနှင့် သက်တမ်းတိုးခြင်းများကို ၂၀၂၂ ခုနှစ် မတ်လမှစ၍ ဆောင်ရွက်ပေးမည်


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ (စုံစမ်းစစ်ဆေးရေးနှင့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ)မှ အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီများအသစ်ဖွဲစည်းခြင်းနှင့် သက်တမ်းတိုးခြင်းများကို ၂၀၂၂ ခုနှစ် မတ်လမှစ၍ ဇွန်လကုန်ထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်က စ၍ ထုတ်ပြန်ခဲ့သော အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများမှာ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ (၁) ရက်မှစ၍ အကျိုးသက်ရောက်ခဲ့ပြီးဖြစ်သောကြောင့်အဆိုပါလုပ်ထုံးလုပ်နည်းများအတိုင်း ရန်ကုန်နယ်မြေအတွင်းရှိ အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီများ အသစ်ဖွဲစည်းခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

 

ယင်းကြောင့် အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီ ဖွဲစည်းထားခြင်းမရှိသေးသော ရန်ကုန် နယ်မြေအတွင်းရှိ အကောက်ခွန်ဝန်ဆောင်မှုအေဂျင်စီများအနေဖြင့် အကောက်ခွန်ဝန်ဆောင်မှု ကုမ္ပဏီ ဖွဲစည်းခြင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အပြီး ကြိုတင်၍ ပြောင်းလဲဖွဲစည်းထားရန် နှင့် သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမရှိသော အကောက်ခွန်ဝန်ဆောင်မှု အေဂျင်စီများအား အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းကာ သက်တမ်းတိုးထပ်မံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း လည်း သိရသည်။

 

Zaw Gyi

 






LEAVE A REPLY

Please enter your comment!
Please enter your name here