ပေကျင်းတွင် Xiaomi ကားစက်ရုံဖွင့်မည်

0
178

ပေကျင်းတွင် Xiaomi ကားစက်ရုံဖွင့်မည်

တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi ဟာ ၄င်းရဲ့ လျှပ်စစ်ကားယူနစ်အတွက် နှစ်စဉ်ကားအစီးရေ ၃၀၀,၀၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံကို ပေကျင်းမှာတည်ဆောက်မယ်လို တရုတ်မြိုတော်အာဏာပိုင်တွေက နိုဝင်ဘာလ ၂၇ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါစက်ရုံကို အဆင့်၂ဆင့်တည်ဆောက်မှာဖြစ်ပြီး ပေကျင်းစီးပွါးရေးနှင့်နည်းပညာဖွံဖြိုးတိုးတက်မှုဇုန်တွင် ၄င်း၏ အော်တိုယူနစ်ရုံးချုပ်၊အရောင်းနှင့် သုတေသနရုံးများကို တည်ဆောက်မှာ ဖြစ်ကြောင်း အစိုးရကျောထောက်နောက်ခံပြု စီးပွါးရေးနှင့်ဖွံဖြိုးတိုးတက်မှုအေဂျင်စီ Beijing E-Town မှ ၄င်းရဲ့ တရားဝင် We Chatအကောင့်မှာ ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ ယာဉ်အမြောက်အမြားထုတ်လုပ်နိုင်လိမ့်မယ်လို မျှော်လင့်ထားကြောင်း Xiaomi ရဲ့ အမှုဆောင်အရာရှိချုပ် Lei Jun မှ အေက်တိုဘာလထဲ ကြေညာခဲ့တယ်လို Beijing
E-Town က ပြောပါတယ်။

Xiaomi ဟာ ၁၀နှစ်တာကာလတွင်း လျှပ်စစ် ကားကဏ္ဍသစ်တစ်ခုမှာ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို မတ်လမှာ ကတိပြုပြောကြားခဲ့ပါတယ်။

ကုမ္ပဏီဟာ ၄င်းရဲ့ EV ယူနစ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဩဂုတ်လနှောင်းပိုင်းမှာ အပြီးသတ်ခဲ့ပါတယ်။

Xiaomi ဟာ ၄င်းရဲ့ စမတ်ဖုန်းလုပ်ငန်းအတွက် ပြည်တွင်းရောင်းအားကို တိုးမြှင့်ဖိုအတွက် စတိုးဆိုင်ပေါင်းများစွားကို ဖွင့်လှစ်ထားပြီးနောက်ပိုင်းမှာတော့ အဆိုပါဆိုင်တွေကို လျှပ်စစ်ကားတွေရောင်းချဖို အစီအစဉ်အတွက် လမ်းကြောင်း ၁ခုအဖြစ် ရည်ရွယ်ထားနေပါတယ်။
Source- Reuters

Zaw Gyi

ေပက်င္းတြင္ Xiaomi ကားစက္႐ုံဖြင့္မည္

တ႐ုတ္စမတ္ဖုန္းကုမၸဏီႀကီး Xiaomi ဟာ ၄င္းရဲ့ လၽွပ္စစ္ကားယူနစ္အတြက္ ႏွစ္စဥ္ကားအစီးေရ ၃၀၀,၀၀၀ ထုတ္လုပ္နိုင္တဲ့ စက္႐ုံကို ေပက်င္းမွာတည္ေဆာက္မယ္လို တ႐ုတ္ၿမိဳေတာ္
အာဏာပိုင္ေတြက နိုဝင္ဘာလ ၂၇ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါစက္႐ုံကို အဆင့္၂ဆင့္တည္ေဆာက္မွာ
ျဖစ္ၿပီး ေပက်င္းစီးပြါးေရးႏွင့္နည္းပညာဖြံၿဖိဳးတိုးတက္မွုဇုန္တြင္ ၄င္း၏ ေအာ္တိုယူနစ္႐ုံးခ်ဳပ္
၊အေရာင္းႏွင့္ သုေတသန႐ုံးမ်ားကို တည္ေဆာ
က္မွာ ျဖစ္ေၾကာင္း အစိုးရေက်ာေထာက္ေနာက္
ခံျပဳ စီးပြါးေရးႏွင့္ဖြံၿဖိဳးတိုးတက္မွုေအဂ်င္စီ Beijing E-Town မွ ၄င္းရဲ့ တရားဝင္ We Chat
အေကာင့္မွာ ေျပာခဲ့ပါတယ္။

၂၀၂၄ ခုႏွစ္မွာ ယာဥ္အေျမာက္အျမားထုတ္လုပ္နိုင္လိမ့္မယ္လို ေမၽွာ္လင့္ထားေၾကာင္း Xiaomi ရဲ့ အမွုေဆာင္အရာရွိခ်ဳပ္ Lei Jun မွ ေအက္တိုဘာလထဲ ေၾကညာခဲ့တယ္လို Beijing
E-Town က ေျပာပါတယ္။

Xiaomi ဟာ ၁၀ႏွစ္တာကာလတြင္း လၽွပ္စစ္ ကားက႑သစ္တစ္ခုမွာ အေမရိကန္ေဒၚလာ ၁၀ဘီလီယံ ရင္းႏွီးျမႇုပ္ႏွံမယ္လို မတ္လမွာ ကတိျပဳေျပာၾကားခဲ့ပါတယ္။

ကုမၸဏီဟာ ၄င္းရဲ့ EV ယူနစ္မွတ္ပုံတင္ျခင္းလုပ္ငန္းကို ဩဂုတ္လေႏွာင္းပိုင္းမွာ အၿပီးသတ္ခဲ့ပါတယ္။

Xiaomi ဟာ ၄င္းရဲ့ စမတ္ဖုန္းလုပ္ငန္းအတြက္ ျပည္တြင္းေရာင္းအားကို တိုးျမႇင့္ဖိုအတြက္ စ
တိုးဆိုင္ေပါင္းမ်ားစြားကို ဖြင့္လွစ္ထားၿပီးေနာက္ပိုင္းမွာေတာ့ အဆိုပါဆိုင္ေတြကို လၽွပ္စစ္
ကားေတြေရာင္းခ်ဖို အစီအစဥ္အတြက္ လမ္းေၾကာင္း ၁ခုအျဖစ္ ရည္ရြယ္ထားေနပါတယ္။
Source- Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here