Omicron ကြောင့်ကိုဗစ်နောက်တစ်လှိုင်းဖြစ် လာမှာကို အာဖရိကစိုးရိမ်

0
132

Omicron ကြောင့်ကိုဗစ်နောက်တစ်လှိုင်းဖြစ် လာမှာကို အာဖရိကစိုးရိမ်

ကိုဗစ်၁၉ရဲ့ ကူးစက်မှုမြင့်မားတဲ့ မျိုးကွဲသစ် ပေါ်ထွက်လာမှုနဲ့အတူ ကမ္ဘာကြီးနပန်းလုံးနေချိန်မှာ တောင်အာဖရိကသိပ္ပံပညာရှင်ကတော့Omicron မျိုးကွဲဟာ နိုင်ငံတွင်းမှာ ပျံ့နှံသွားမှာကို စိုးရိမ်နေကြပါတယ်။

Omicron မျိုးကွဲဟာ နှစ်ပတ်အတွင်းမှာ အာဖရိကတိုက်ကို ကူးစက်မှုလျော့နည်းရာကနေ ရုတ် ချည်းမြင့်တက်သွားစေခဲ့ပါတယ်။

“ကိုဗစ်၁၉လူနာစာရင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရတယ်” လို ဆိုဝီတိုက ဘာရာဂွမ်နာ့သ်ဆေးရုံရဲ့ အထူးကြပ်မတ်ကုသရေးဌာန အကြီးအကဲ Rudo Mathivah က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အသက် ၂၀မှ ၃၀အတွင်း လူငယ်တွေဟာ ပုံမှန် ဖျားနာနေရာကနေ ပြင်းထန်တဲ့ရောဂါတွေဝင် လာပြီး အချိုကအထူးကြပ်မတ်ကုသဆောင် ကို ပို့ရတဲ့ အခြေအနေထိဖြစ်နေတယ်။နိုင်ငံရဲ့ ၆၅%ဟာ ကာကွယ်ဆေးမထိုးရသေးပါဘူး။ကျန်တဲ့အများစုမှာ တဝက်ကသာ ကာကွယ် ဆေးထိုးထားကြတယ်” လို Mathivah က ပြော ပါတယ်။

” အရေအတွက်များလာတာနဲ့အမျှ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကို လွှမ်းမိုးသွားမှာ စိုးရိမ်တယ်” လို့လည်း ဆက်ပြောပါတယ်။

အထူးကြပ်မတ်ကုသမှုလိုအပ်နေတဲ့ လူနာအ များအပြားဝင်ရောက်လာမှုကို ရင်ဆိုင်နိုင်ဖို့ ပြည်သူ့ဆေးရုံတွေဖွင့်လှစ်နိုင်ရန်နဲ့ အရေးပေါ်ပြင်ဆင်မှုတွေလိုအပ်နေကြောင်းလည်း ၄င်းက ရှင်းပြပါတယ်။

” အဆိုးဆုံးဖြစ်နိုင်တာကတော့ Delta မျိုးကွဲလို ကျွန်ုပ်တို့ကို တိုက်ခိုက်မှာပါပဲ။ဒီ့အတွက် ပြုစုစောင့်ရှောက်ရေးကုတင်တွေ အဆင်သင့်ဖြစ် နေဖို့လိုတယ်” လို့ Mathivah က ဆက်ပြောပါတယ်။

“ဒါဟာကြီးမားတဲ့ စိုးရိမ်စရာပါ။ကျွန်တော်တိုအားလုံးဒီဗိုင်းရပ်နဲ့ပတ်သက်ပြီး အထူးစိုးရိမ် နေပါတယ်” လို့ အာဖရိကကျန်းမာရေးသုတေသနဌာနမှ ဒါရိုက်တာ ပါမောက္ခ Willem Hanekom က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဓိကအချက်ကတော့ ကာကွယ်ဆေးထိုးခြင်းပါ။မျိုးကွဲသစ်ဟာ ကာကွယ်ဆေးမထိုးထားသူ များကြားထဲမှာ အလျင်အမြန် ပျံ့နှံနေပါတယ်။
လက်ရှိမှာ အရွယ်ရောက်ပြီးသူ အာဖရိကနိုင်ငံသားတွေရဲ့ ၄၀% ခန့်သာ ကာကွယ်ဆေးထိုးထားပါတယ်။ဒါဟာ အသက် ၂၀-၄၀ အတွင်းအရွယ်ရောက်ပြီးသူများအတွင်း ဆေးထိုးတဲ့အရေအတွက်ဟာ အလွန်နည်းနေပါတယ်။

တောင်အာဖရိကဟာ Pfizer နဲ့ Jonnson & Johnson ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ သန်း ၂၀နီးပါးရရှိထားပြီး ကာကွယ်ဆေးထိုးဦးရေမှာ
၁ရက်ကို ၁၂၀,၀၀၀ ခန့်ရှိပြီး တနေ့ကို လူဦးရေ
၃၀၀,၀၀၀ ကိုဆေးထိုးပေးနိုင်ဖို ရည်မှန်းထားတဲ့ အစိုးရရဲ့ရည်ရွယ်ချက်နဲ့တော့ ဝေးနေပါသေးတယ်။

Hanekom က “ဒါဟာ ထူးခြားတဲ့အခွင့်အလမ်းပါ။ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေအတွက် ကာကွယ်ဆေးသွားထိုးဖို အချိန်ရှိပါသေးတယ်။ဒါက ရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်မယ်လို ယုံကြည်ပါတယ်။အထူးသဖြင့် ပြင်းထန်တဲ့ ကူးစက်မှု၊ပြင်းထန်တဲ့ရောဂါနဲ့ သေဆုံး
မှုတွေကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေကို တတ်နိုင်ရင် ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းချင်တယ်” လို့ ပြောပါတယ်။

တောင်အာဖရိကနိုင်ငံသားအချိုကတော့ ယခုတွေ့ရှိတဲ့ Omicron မျိုးကွဲနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

Zaw Gyi

Omicron ေၾကာင့္ကိုဗစ္ေနာက္တစ္လွိုင္းျဖစ္ လာမွာကို အာဖရိကစိုးရိမ္

ကိုဗစ္၁၉ရဲ့ ကူးစက္မွုျမင့္မားတဲ့ မ်ိဳးကြဲသစ္ ေပၚထြက္လာမွုနဲ႔အတူ ကမၻာႀကီးနပန္းလုံးေနခ်ိန္မွာ ေတာင္အာဖရိကသိပၸံပညာရွင္ကေတာ့
Omicron မ်ိဳးကြဲဟာ နိုင္ငံတြင္းမွာ ပ်ံ႕ႏွံသြားမွာကို စိုးရိမ္ေနၾကပါတယ္။

Omicron မ်ိဳးကြဲဟာ ႏွစ္ပတ္အတြင္းမွာ အာဖရိကတိုက္ကို ကူးစက္မွုေလ်ာ့နည္းရာကေန ႐ုတ္ ခ်ည္းျမင့္တက္သြားေစခဲ့ပါတယ္။

“ကိုဗစ္၁၉လူနာစာရင္းမွာ သိသာထင္ရွားတဲ့ အေျပာင္းအလဲေတြကို ေတြ႕ရတယ္” လို ဆိုဝီတိုက ဘာရာဂြမ္နာ့သ္ေဆး႐ုံရဲ့ အထူးၾကပ္မတ္ကုသေရးဌာန အႀကီးအကဲ Rudo Mathivah က အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

“အသက္ ၂၀မွ ၃၀အတြင္း လူငယ္ေတြဟာ ပုံမွန္ ဖ်ားနာေနရာကေန ျပင္းထန္တဲ့ေရာဂါေတြဝင္ လာၿပီး အခ်ိဳကအထူးၾကပ္မတ္ကုသေဆာင္ ကို ပို႔ရတဲ့ အေျခအေနထိျဖစ္ေနတယ္။နိုင္ငံရဲ့ ၆၅%ဟာ ကာကြယ္ေဆးမထိုးရေသးပါဘူး။က်န္တဲ့အမ်ားစုမွာ တဝက္ကသာ ကာကြယ္ ေဆးထိုးထားၾကတယ္” လို Mathivah က ေျပာ ပါတယ္။

” အေရအတြက္မ်ားလာတာနဲ႔အမၽွ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မွုဌာနေတြကို လႊမ္းမိုးသြားမွာ စိုးရိမ္တယ္” လို႔လည္း ဆက္ေျပာပါတယ္။

အထူးၾကပ္မတ္ကုသမွုလိုအပ္ေနတဲ့ လူနာအ မ်ားအျပားဝင္ေရာက္လာမွုကို ရင္ဆိုင္နိုင္ဖို႔ ျပည္သူ႔ေဆး႐ုံေတြဖြင့္လွစ္နိုင္ရန္နဲ႔ အေရးေပၚျပင္ဆင္မွုေတြလိုအပ္ေနေၾကာင္းလည္း ၄င္းက ရွင္းျပပါတယ္။

” အဆိုးဆုံးျဖစ္နိုင္တာကေတာ့ Delta မ်ိဳးကြဲလို ကၽြန္ုပ္တို႔ကို တိုက္ခိုက္မွာပါပဲ။ဒီ့အတြက္ ျပဳစုေစာင့္ေရွာက္ေရးကုတင္ေတြ အဆင္သင့္ျဖစ္ ေနဖို႔လိုတယ္” လို႔ Mathivah က ဆက္ေျပာပါတယ္။

“ဒါဟာႀကီးမားတဲ့ စိုးရိမ္စရာပါ။ကၽြန္ေတာ္တိုအားလုံးဒီဗိုင္းရပ္နဲ႔ပတ္သက္ၿပီး အထူးစိုးရိမ္ ေနပါတယ္” လို႔ အာဖရိကက်န္းမာေရးသုေတသနဌာနမွ ဒါရိုက္တာ ပါေမာကၡ Willem Hanekom က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

အဓိကအခ်က္ကေတာ့ ကာကြယ္ေဆးထိုးျခင္းပါ။မ်ိဳးကြဲသစ္ဟာ ကာကြယ္ေဆးမထိုးထားသူ မ်ားၾကားထဲမွာ အလ်င္အျမန္ ပ်ံ႕ႏွံေနပါတယ္။
လက္ရွိမွာ အရြယ္ေရာက္ၿပီးသူ အာဖရိကနိုင္ငံသားေတြရဲ့ ၄၀% ခန္႔သာ ကာကြယ္ေဆးထိုးထားပါတယ္။ဒါဟာ အသက္ ၂၀-၄၀ အတြင္းအရြယ္ေရာက္ၿပီးသူမ်ားအတြင္း ေဆးထိုးတဲ့အေရအတြက္ဟာ အလြန္နည္းေနပါတယ္။

ေတာင္အာဖရိကဟာ Pfizer နဲ႔ Jonnson & Johnson ကိုဗစ္ကာကြယ္ေဆးအႀကိမ္ေရ သန္း ၂၀နီးပါးရရွိထားၿပီး ကာကြယ္ေဆးထိုးဦးေရမွာ
၁ရက္ကို ၁၂၀,၀၀၀ ခန္႔ရွိၿပီး တေန႔ကို လူဦးေရ
၃၀၀,၀၀၀ ကိုေဆးထိုးေပးနိုင္ဖို ရည္မွန္းထားတဲ့ အစိုးရရဲ့ရည္ရြယ္ခ်က္နဲ႔ေတာ့ ေဝးေနပါေသးတယ္။

Hanekom က “ဒါဟာ ထူးျခားတဲ့အခြင့္အလမ္းပါ။ကာကြယ္ေဆးမထိုးရေသးတဲ့ သူေတြအတြက္ ကာကြယ္ေဆးသြားထိုးဖို အခ်ိန္ရွိပါေသးတယ္။ဒါက ေရာဂါပိုးကူးစက္မွုကေန ကာကြယ္နိုင္မယ္လို ယုံၾကည္ပါတယ္။အထူးသျဖင့္ ျပင္းထန္တဲ့ ကူးစက္မွု၊ျပင္းထန္တဲ့ေရာဂါနဲ႔ ေသဆုံး
မွုေတြကို ကာကြယ္နိုင္မယ္လို႔ ယုံၾကည္ပါတယ္။ဒါ့ေၾကာင့္ ျပည္သူေတြကို တတ္နိုင္ရင္ ကာကြယ္ေဆးထိုးဖို႔ တိုက္တြန္းခ်င္တယ္” လို႔ ေျပာပါတယ္။

ေတာင္အာဖရိကနိုင္ငံသားအခ်ိဳကေတာ့ ယခုေတြ႕ရွိတဲ့ Omicron မ်ိဳးကြဲနဲ႔ပတ္သက္ၿပီး အလြန္အမင္း စိုးရိမ္ပူပန္မွုေတြရွိေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here