Stay at home မြို့နယ်ပေါင်း ၁၁၉မြို့နယ်တွင် ၁၀၈မြို့နယ်ကို stay at home ပယ်ဖျက်ပြီး ၁၁မြို့နယ်သာကျန်

0
108

Stay at home မြို့နယ်ပေါင်း ၁၁၉မြို့နယ်တွင် ၁၀၈မြို့နယ်ကို stay at home ပယ်ဖျက်ပြီး ၁၁မြို့နယ်သာကျန်

မြန်မာနိုင်ငံတွင်ကိုဗစ်၁၉ဖြစ်ပွါးခဲ့တဲ့အချိန်ကစပြီး ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို လျှော့ချဖို့အ တွက် ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းနဲ့ပြည် နယ်အချို့က မြို့နယ်တွေကို Stay at home သတ်မှတ်ထားခဲ့ပါတယ်။

စုစုပေါင်း stay at home သတ်မှတ်ထားခဲ့တဲ့ မြို့ နယ် ၁၁၉ မြို့နယ်ရှိပြီး ခုချိန်မှာတော့ ၁၀၈
မြို့နယ်ကို stay at home မှကင်းလွတ်ခွင့်ပြုလိုက်ပါပြီ။

လက်ရှိမှာ stay at home သတ်မှတ်ခံထားရဆဲ
မြို့နယ် ၁၁မြို့နယ်ကျန်ရှိနေပြီး ချင်းပြည်နယ် မှ ၃မြို့နယ်၊ ကချင်ပြည်နယ်မှ ၂မြို့နယ်၊မကွေးတိုင်းဒေသကြီးမှ ၂ မြို့နယ်၊မန္တလေးတိုင်းဒေသကြီးမှ ၂မြို့နယ်၊ မွန်ပြည်နယ်မှ ၁မြို့နယ်နဲ့ ရှမ်းပြည်နယ်မှ ၁မြို့နယ်တို့ ဖြစ်ပါတယ်။

ချင်းပြည်နယ်က ဖလန်းမြို့နယ်၊ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၄-၆-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၁၂၇/၂၀၂၁ ဖြင့် stay at home သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ stay at home သတ်မှတ်ခံထားရဆဲမြို့ ၂မြို့ကတော့ ဗန်းမော်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ဖြစ်ပါတယ်။ဗန်းမော်မြို့နယ် ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ၁၂-၇-၂၀၂၁ ရက်စွဲပါအမိန့်အမှတ်၂၈၇/၂၀၂၁
ဖြင့် stay at home သတ်မှတ်ခံထားရတာဖြစ် ပြီး မိုးညှင်းမြို့နယ်ကတော့ ကျန်းမာရေးဝန် ကြီးဌာနရဲ့ ၂၄- -၂၀၂၁ရက်စွဲပါ အမိန့်အမှတ်
၃၃၃/၂၀၂၁ ဖြင့် stay at home သတ်မှတ်ခံခဲ့ရတာပါ။

မန္တလေးတိုင်းဒေသကြီးအတွင်းက နွားထိုးကြီးမြို့နယ်နှင့် သာစည်မြို့နယ်တို့ကို ကျန်းမာရေူဝန်ကြီးဌာနက ၂၀၂၁၊ဇူလိုင်လ ၂၇ရက်နေ့နဲ့ ၃၀ရက်နေ့တို့မှာ အမိန့်အမှတ်(၂၉၆/၂၀၂၁)နဲ့ အမိန့်အမှတ် (၂၉၇/၂၀၂၁)တို့ဖြင့် stay at home ကြေညာခဲ့တာပါ။

မကွေးတိုင်းဒေသကြီးအတွင်းက ဂန့်ဂေါမြို့နယ်နှင့်မြိုင်မြို့နယ်တို့ကို ၂၀၂၁၊ဇူလိုင်လ ၇ ရက်နှင့် ၂၀ရက်နေ့တို့မှာ အမိန့်အမှတ် (၂၇၈/ ၂၀၂၁)နဲ့အမိန့်အမှတ် (၂၉၃/၂၀၂၁)တို့ဖြင့် stay at home သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်ကိုတော့ ၂၀၂၁ ဩဂုတ်လ ၃ရက်နေ့မှာ အမိန့်အမှတ် (၂၉၉/၂၀၂၁)ရက်စွဲဖြင့် stay at home ကြေညာထားခဲ့တာပါ။

ရှမ်းပြည်နယ်က တာချီလိတ်မြို့နယ်ကို ၂၀၂၁၊ဇူလိုင်လ ၁၂ရက်နေ့မှာ အမိန့်အမှတ်(၂၈၇/ ၂၀၂၁)ဖြင့် stay at home ကြေညာခဲ့တာဖြစ် ပါတယ်။

Stay at home မှ ပယ်ဖျက်လိုက်တဲ့ မြို့နယ်စာရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ရက် နေ့မှာ အမိန့်အမှတ် (၄၂၉/၂၀၂၁)ဖြင့် တမူးမြို့နယ်၊ကလေးမြို့နယ်၊စစ်ကိုင်းမြို့နယ်၊ဖြူးမြို့နယ်၊မြောင်းမြမြို့နယ်တို့ကို stay at home မှပယ်ဖျက်ပေးခဲ့ပါတယ်။

ဆက်ပြီး အောင်တိုဘာ ၂၇ရက်နေ့မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက ၃၁မြို့နယ်ကို အမိန့်အမှတ်(၄၆၅/၂၀၂၁)ဖြင့် stay at home မှ ပယ် ဖျက်ပေးခဲ့ပါတယ်။

၄င်းတို့မှာ တွန်းဇံမြို့နယ်၊ဟုမ္မလင်းမြို့နယ်၊တောင်ငူ၊ကျောက်တံခါး၊ညောင်လေးပင်၊ဝေါ၊မင်းလှ၊လက်ပံတန်း၊သာယာဝတီ၊အုတ်ဖို၊ပွင့်ဖြူ၊ချမ်းမြသာစည်၊ချမ်းအေးသာဇံ၊ပြည်ကြီးတံခွန်၊မဟာအောင်မြေ၊အောင်မြေသာစံ၊ပုသိမ်ကြီး၊အမရပူ၊မြင်းခြံ၊ပျော်ဘွယ်၊ရမည်းသင်း၊သထုံ၊တိုက်ကြီး၊မင်္ဂလာဒုံ၊ရွှေပြည်သာ၊လှိုင်သာယာ၊အင်းစိန်၊တာမွေ၊တောင်ဥက္ကလာ၊ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ရက်နေ့မှာတော့ အမိန့်အမှတ် (၄၈၃/၂၀၂၁)ဖြင့် မြို့နယ် ၁၉မြို့နယ်ကို stay at home မှပယ်ဖျက်ပေးခဲ့ပါတယ်။

၄င်းတို့မှာ ဘိုကလေး၊ဟင်္သာတ၊ထားဝယ်၊မြိတ်၊အုတ်တွင်း၊ကဝ၊ဒိုက်ဦး၊ပြည်၊နတ်တလင်း၊ပခုက္ကူ၊စလင်း၊ဝမ်းတွင်း၊မော်လမြိုင်၊သံဖြူဇရပ်၊မှော်ဘီ၊ဒဂုံ၊ကန်ကြီးထောင့်၊ကျုံပျော်နဲ့ သာပေါင်းမြို့နယ်တို့ဖြစ်ပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာ ၁၉ရက်နေ့မှာ ၁၃မြို့နယ်ကို အမိန့်အမှတ် (၅၁၉/၂၀၂၁)ဖြင့် stay at home မှ ထပ်မံပယ်ဖျက်ပေးခဲ့ပါတယ်။

၄င်းတို့မှာ ပြင်ဦးလွင်၊ပုသိမ်၊မကွေး၊တောင်တွင်းကြီး၊ဆင်ပေါင်ဝဲ၊မင်းတုန်း၊မင်းလှ၊သရက်၊မင်းဘူး၊အောင်လံ၊မုံရွာ၊ကျွန်းလှနဲ့ ဖားကန့်မြို့နယ်တို့ဖြစ်ပါတယ်။

ထပ်မံပြီး နိုဝင်ဘာ ၂၄ရက်နေ့မှာ မြို့နယ် ၂၈ မြို့နယ်ကို အမိန့်အမှတ် (၅၂၂/၂၀၂၁)ဖြင့် stay at home မှ ပယ်ဖျက်ပေးခဲ့ပါတယ်။

၄င်းမြို့နယ်တွေကတော့ တီးတိန်၊လားရှိုး၊လောက်ကိုင်၊နောင်ချို၊ဇမ္ဗူသီရိ၊ပျဉ်းမနား၊မြစ်
ကြီးနား၊မြဝတီ၊သီပေါ၊မူဆယ်၊ရွှေကူ၊မိုးကောင်း၊နတ်မောက်၊လယ်ဝေး၊ညောင်ရွှေ၊တောင်ကြီး
၊ရပ်စောက်၊မြစ်သား၊မတ္တရာ၊သပိတ်ကျင်း၊ငါန်းဇွန်၊တောင်သာ၊မိတ္ထီလာ၊ကျိုင်းတုံ၊တပ်ကုန်း၊ဝိုင်းမော်၊လွိုင်ကော်နဲ့ ချောင်းဆုံမြို့နယ်တို့ဖြစ်ပါတယ်။

 

Zaw Gyi

Stay at home ၿမိဳ႕နယ္ေပါင္း ၁၁၉ၿမိဳ႕နယ္တြင္ ၁၀၈ၿမိဳ႕နယ္ကို stay at home ပယ္ဖ်က္ၿပီး ၁၁ၿမိဳ႕နယ္သာက်န္

ျမန္မာနိုင္ငံတြင္ကိုဗစ္၁၉ျဖစ္ပြါးခဲ့တဲ့အခ်ိန္ကစၿပီး ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ့မွုကို ေလၽွာ့ခ်ဖို႔အ တြက္ က်န္းမာေရးဝန္ႀကီးဌာနမွ တိုင္းနဲ႔ျပည္ နယ္အခ်ိဳ႕က ၿမိဳ႕နယ္ေတြကို Stay at home သတ္မွတ္ထားခဲ့ပါတယ္။

စုစုေပါင္း stay at home သတ္မွတ္ထားခဲ့တဲ့ ၿမိဳ႕ နယ္ ၁၁၉ ၿမိဳ႕နယ္ရွိၿပီး ခုခ်ိန္မွာေတာ့ ၁၀၈
ၿမိဳ႕နယ္ကို stay at home မွကင္းလြတ္ခြင့္ျပဳလိုက္ပါၿပီ။

လက္ရွိမွာ stay at home သတ္မွတ္ခံထားရဆဲ
ၿမိဳ႕နယ္ ၁၁ၿမိဳ႕နယ္က်န္ရွိေနၿပီး ခ်င္းျပည္နယ္ မွ ၃ၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္မွ ၂ၿမိဳ႕နယ္၊မေကြးတိုင္းေဒသႀကီးမွ ၂ ၿမိဳ႕နယ္၊မႏၲေလးတိုင္းေဒသႀကီးမွ ၂ၿမိဳ႕နယ္၊ မြန္ျပည္နယ္မွ ၁ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္မွ ၁ၿမိဳ႕နယ္တို႔ ျဖစ္ပါတယ္။

ခ်င္းျပည္နယ္က ဖလန္းၿမိဳ႕နယ္၊ဟားခါးၿမိဳ႕နယ္နဲ႔ ထန္တလန္ၿမိဳ႕နယ္တို႔ကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ၄-၆-၂၀၂၁ ရက္စြဲပါအမိန္႔အမွတ္ ၁၂၇/၂၀၂၁ ျဖင့္ stay at home သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

ကခ်င္ျပည္နယ္မွာ stay at home သတ္မွတ္ခံထားရဆဲၿမိဳ႕ ၂ၿမိဳ႕ကေတာ့ ဗန္းေမာ္ၿမိဳ႕နယ္ႏွင့္ မိုးညႇင္းၿမိဳ႕နယ္တို႔ျဖစ္ပါတယ္။ဗန္းေမာ္ၿမိဳ႕နယ္ ကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ့ ၁၂-၇-၂၀၂၁ ရက္စြဲပါအမိန္႔အမွတ္၂၈၇/၂၀၂၁
ျဖင့္ stay at home သတ္မွတ္ခံထားရတာျဖစ္ ၿပီး မိုးညႇင္းၿမိဳ႕နယ္ကေတာ့ က်န္းမာေရးဝန္ ႀကီးဌာနရဲ့ ၂၄- -၂၀၂၁ရက္စြဲပါ အမိန္႔အမွတ္
၃၃၃/၂၀၂၁ ျဖင့္ stay at home သတ္မွတ္ခံခဲ့ရတာပါ။

မႏၲေလးတိုင္းေဒသႀကီးအတြင္းက ႏြားထိုးႀကီးၿမိဳ႕နယ္ႏွင့္ သာစည္ၿမိဳ႕နယ္တို႔ကို က်န္းမာေ႐ူဝန္ႀကီးဌာနက ၂၀၂၁၊ဇူလိုင္လ ၂၇ရက္ေန႔နဲ႔ ၃၀ရက္ေန႔တို႔မွာ အမိန္႔အမွတ္(၂၉၆/၂၀၂၁)နဲ႔ အမိန္႔အမွတ္ (၂၉၇/၂၀၂၁)တို႔ျဖင့္ stay at home ေၾကညာခဲ့တာပါ။

မေကြးတိုင္းေဒသႀကီးအတြင္းက ဂန္႔ေဂါၿမိဳ႕နယ္ႏွင့္ၿမိဳင္ၿမိဳ႕နယ္တို႔ကို ၂၀၂၁၊ဇူလိုင္လ ၇ ရက္ႏွင့္ ၂၀ရက္ေန႔တို႔မွာ အမိန္႔အမွတ္ (၂၇၈/ ၂၀၂၁)နဲ႔အမိန္႔အမွတ္ (၂၉၃/၂၀၂၁)တို႔ျဖင့္ stay at home သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

မြန္ျပည္နယ္ရွိ ဘီးလင္းၿမိဳ႕နယ္ကိုေတာ့ ၂၀၂၁ ဩဂုတ္လ ၃ရက္ေန႔မွာ အမိန္႔အမွတ္ (၂၉၉/၂၀၂၁)ရက္စြဲျဖင့္ stay at home ေၾကညာထားခဲ့တာပါ။

ရွမ္းျပည္နယ္က တာခ်ီလိတ္ၿမိဳ႕နယ္ကို ၂၀၂၁၊ဇူလိုင္လ ၁၂ရက္ေန႔မွာ အမိန္႔အမွတ္(၂၈၇/ ၂၀၂၁)ျဖင့္ stay at home ေၾကညာခဲ့တာျဖစ္ ပါတယ္။

Stay at home မွ ပယ္ဖ်က္လိုက္တဲ့ ၿမိဳ႕နယ္စာရင္းေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနမွ စက္တင္ဘာ ၂၅ရက္ ေန႔မွာ အမိန္႔အမွတ္ (၄၂၉/၂၀၂၁)ျဖင့္ တမူးၿမိဳ႕နယ္၊ကေလးၿမိဳ႕နယ္၊စစ္ကိုင္းၿမိဳ႕နယ္၊ျဖဴးၿမိဳ႕နယ္၊ေျမာင္းျမၿမိဳ႕နယ္တို႔ကို stay at home မွပယ္ဖ်က္ေပးခဲ့ပါတယ္။

ဆက္ၿပီး ေအာင္တိုဘာ ၂၇ရက္ေန႔မွာေတာ့ တိုင္းနဲ႔ျပည္နယ္အသီးသီးက ၃၁ၿမိဳ႕နယ္ကို အမိန္႔အမွတ္(၄၆၅/၂၀၂၁)ျဖင့္ stay at home မွ ပယ္ ဖ်က္ေပးခဲ့ပါတယ္။

၄င္းတို႔မွာ တြန္းဇံၿမိဳ႕နယ္၊ဟုမၼလင္းၿမိဳ႕နယ္၊ေတာင္ငူ၊ေက်ာက္တံခါး၊ေညာင္ေလးပင္၊ေဝါ၊မင္းလွ၊လက္ပံတန္း၊သာယာဝတီ၊အုတ္ဖို၊ပြင့္ျဖဴ၊ခ်မ္းျမသာစည္၊ခ်မ္းေအးသာဇံ၊ျပည္ႀကီးတံခြန္၊မဟာေအာင္ေျမ၊ေအာင္ေျမသာစံ၊ပုသိမ္ႀကီး၊အမရပူ၊ျမင္းၿခံ၊ေပ်ာ္ဘြယ္၊ရမည္းသင္း၊သထုံ၊တိုက္ႀကီး၊မဂၤလာဒုံ၊ေရႊျပည္သာ၊လွိုင္သာယာ၊အင္းစိန္၊တာေမြ၊ေတာင္ဥကၠလာ၊ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)နဲ႔ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္တို႔ျဖစ္ပါတယ္။

နိုဝင္ဘာ ၁၁ရက္ေန႔မွာေတာ့ အမိန္႔အမွတ္ (၄၈၃/၂၀၂၁)ျဖင့္ ၿမိဳ႕နယ္ ၁၉ၿမိဳ႕နယ္ကို stay at home မွပယ္ဖ်က္ေပးခဲ့ပါတယ္။

၄င္းတို႔မွာ ဘိုကေလး၊ဟသၤာတ၊ထားဝယ္၊ၿမိတ္၊အုတ္တြင္း၊ကဝ၊ဒိုက္ဦး၊ျပည္၊နတ္တလင္း၊ပခုကၠဴ၊စလင္း၊ဝမ္းတြင္း၊ေမာ္လၿမိဳင္၊သံျဖဴဇရပ္၊ေမွာ္ဘီ၊ဒဂုံ၊ကန္ႀကီးေထာင့္၊က်ဳံေပ်ာ္နဲ႔ သာေပါင္းၿမိဳ႕နယ္တို႔ျဖစ္ပါတယ္။

ဆက္လက္ၿပီး နိုဝင္ဘာ ၁၉ရက္ေန႔မွာ ၁၃ၿမိဳ႕နယ္ကို အမိန္႔အမွတ္ (၅၁၉/၂၀၂၁)ျဖင့္ stay at home မွ ထပ္မံပယ္ဖ်က္ေပးခဲ့ပါတယ္။

၄င္းတို႔မွာ ျပင္ဦးလြင္၊ပုသိမ္၊မေကြး၊ေတာင္တြင္းႀကီး၊ဆင္ေပါင္ဝဲ၊မင္းတုန္း၊မင္းလွ၊သရက္၊မင္းဘူး၊ေအာင္လံ၊မုံရြာ၊ကၽြန္းလွနဲ႔ ဖားကန္႔ၿမိဳ႕နယ္တို႔ျဖစ္ပါတယ္။

ထပ္မံၿပီး နိုဝင္ဘာ ၂၄ရက္ေန႔မွာ ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္ကို အမိန္႔အမွတ္ (၅၂၂/၂၀၂၁)ျဖင့္ stay at home မွ ပယ္ဖ်က္ေပးခဲ့ပါတယ္။

၄င္းၿမိဳ႕နယ္ေတြကေတာ့ တီးတိန္၊လားရွိုး၊ေလာက္ကိုင္၊ေနာင္ခ်ိဳ၊ဇမၺဴသီရိ၊ပ်ဥ္းမနား၊ျမစ္
ႀကီးနား၊ျမဝတီ၊သီေပါ၊မူဆယ္၊ေရႊကူ၊မိုးေကာင္း၊နတ္ေမာက္၊လယ္ေဝး၊ေညာင္ေရႊ၊ေတာင္ႀကီး
၊ရပ္ေစာက္၊ျမစ္သား၊မတၱရာ၊သပိတ္က်င္း၊ငါန္းဇြန္၊ေတာင္သာ၊မိတၳီလာ၊က်ိဳင္းတုံ၊တပ္ကုန္း၊ဝိုင္းေမာ္၊လြိဳင္ေကာ္နဲ႔ ေခ်ာင္းဆုံၿမိဳ႕နယ္တို႔ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here