အာဆီယံဆူဇူကီးဖလားကို အိမ်ကွင်း၊အဝေးကွင်းစနစ်ဖြင့်မကစားပဲ အိမ်ရှင်နိုင်ငံရွေးချယ်ကျင်းပသည့်စနစ်ဖြင့် ကစားမည်

0
226

အာဆီယံဆူဇူကီးဖလားကို အိမ်ကွင်း၊အဝေးကွင်းစနစ်ဖြင့်မကစားပဲ အိမ်ရှင်နိုင်ငံရွေးချယ်ကျင်းပသည့်စနစ်ဖြင့် ကစားမည်

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)က အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကျင်းပမည့် အချက်အ လက်များကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ယခင်ကအာဆီယံဒေ သတွင်းက (၁၁) သင်းဖြင့် အုပ်စုပွဲစဉ်များမှ စတင်ပြီး ဗိုလ်လုပွဲစဉ်ထိ အိမ်ကွင်း၊အဝေးကွင်းနှစ်ကျော့ကစားသည့်စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။

ယခုအခါ ကိုဗစ်၁၉ရောဂါကြောင့် ၄င်းစနစ်ကို အသုံးမပြုတော့ပဲ အိမ်ရှင်နိုင်ငံရွေးချယ်ကျင်း ပမည့်အပြင် ပြိုင်ပွဲဝင်အသင်းကိုလည်း (၁) သင်းလျှော့ချပြီး အာဆီယံအဆင့်သတ်မှတ်ချက် (၁)မှ (၉)နေရာအထိ ကိုသင်းအနေဖြင့် တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးဝင်ခွင့်ရမယ့် ၁သင်းကိုတော့ အဆင့် (၁၀)မှ ဘရူနိုင်းအသင်းနှင့် အဆင့်(၁၁)နေရာမှ တီမောလက်စ်တေ အသင်းတို့က Play-off အဆင့် ပွဲစဉ်၁ပွဲ ကစားပြီးမှသာ ၁သင်းဝင်ရောက်ရန် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဘရူနိုင်းအသင်းမှာ နုတ်ထွက်ခဲ့တာကြောင့် တီမောလက်စ်တေအသင်းက အုပ်စုအဆင့် တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ပါတယ်။

အုပ်စုပွဲစဉ်မှစတင်ပြီး ဗိုလ်လုပွဲစဉ်အထိ စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာပါ။

အုပ်စုပွဲစဉ်တွေကို တရက်လျှင် ၂ပွဲနှုန်းကျင်းပသွားမည် ဖြစ်ကာ ပထမပွဲစဉ်ကို မြန်မာစံတော် ချိန် ညနေ ၄နာရီနှင့် ဒုတိယပွဲစဉ်ကို ည ၇ နာရီတို့တွင် ကျင်းပသွားမှာဖြစ်ပြီး ဆီးမီးဖိုင်နယ်အဆင့်နှင့် ဗိုလ်လုပွဲစဉ်တွေကို ည ၇ နာရီအချိန်တို့တွင် ကျင်းပသွားမည်ဟု AFF က ထုတ်ပြန်ထားပါတယ်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ခုနှစ် ၊ဒီဇင်ဘာ ၅ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။

၂နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်က အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ကိုဗစ်၁၉ရောဂါဖြစ်ပွါးမှုတွေကြောင့် ပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းခဲ့ပြီး ယခုနှစ်မှသာ ပြန်လည်ကျင်းပတာ
ဖြစ်ပါတယ်။

Zaw Gyi

အာဆီယံဆူဇူကီးဖလားကို အိမ္ကြင္း၊အေဝးကြင္းစနစ္ျဖင့္မကစားပဲ အိမ္ရွင္နိုင္ငံေရြးခ်ယ္က်င္းပသည့္စနစ္ျဖင့္ ကစားမည္

အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ (AFF)က အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲက်င္းပမည့္ အခ်က္အ လက္မ်ားကို အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။

အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲကို ယခင္ကအာဆီယံေဒ သတြင္းက (၁၁) သင္းျဖင့္ အုပ္စုပြဲစဥ္မ်ားမွ စတင္ၿပီး ဗိုလ္လုပြဲစဥ္ထိ အိမ္ကြင္း၊အေဝးကြင္းႏွစ္ေက်ာ့ကစားသည့္စနစ္ျဖင့္ က်င္းပခဲ့ပါတယ္။

ယခုအခါ ကိုဗစ္၁၉ေရာဂါေၾကာင့္ ၄င္းစနစ္ကို အသုံးမျပဳေတာ့ပဲ အိမ္ရွင္နိုင္ငံေရြးခ်ယ္က်င္း ပမည့္အျပင္ ၿပိဳင္ပြဲဝင္အသင္းကိုလည္း (၁) သင္းေလၽွာ့ခ်ၿပီး အာဆီယံအဆင့္သတ္မွတ္ခ်က္ (၁)မွ (၉)ေနရာအထိ ကိုသင္းအေနျဖင့္ တိုက္ရိုက္ဝင္ခြင့္ရမွာျဖစ္ပါတယ္။

ေနာက္ဆုံးဝင္ခြင့္ရမယ့္ ၁သင္းကိုေတာ့ အဆင့္ (၁၀)မွ ဘ႐ူနိုင္းအသင္းႏွင့္ အဆင့္(၁၁)ေနရာမွ တီေမာလက္စ္ေတ အသင္းတို႔က Play-off အဆင့္ ပြဲစဥ္၁ပြဲ ကစားၿပီးမွသာ ၁သင္းဝင္ေရာက္ရန္ သတ္မွတ္ခဲ့ပါတယ္။

ဒါေပမယ့္ ဘ႐ူနိုင္းအသင္းမွာ ႏုတ္ထြက္ခဲ့တာေၾကာင့္ တီေမာလက္စ္ေတအသင္းက အုပ္စုအဆင့္ တိုက္ရိုက္ဝင္ခြင့္ ရရွိခဲ့ပါတယ္။

အုပ္စုပြဲစဥ္မွစတင္ၿပီး ဗိုလ္လုပြဲစဥ္အထိ စကၤာပူနိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပသြားမွာပါ။

အုပ္စုပြဲစဥ္ေတြကို တရက္လၽွင္ ၂ပြဲႏွုန္းက်င္းပသြားမည္ ျဖစ္ကာ ပထမပြဲစဥ္ကို ျမန္မာစံေတာ္ ခ်ိန္ ညေန ၄နာရီႏွင့္ ဒုတိယပြဲစဥ္ကို ည ၇ နာရီတို႔တြင္ က်င္းပသြားမွာျဖစ္ၿပီး ဆီးမီးဖိုင္နယ္အဆင့္ႏွင့္ ဗိုလ္လုပြဲစဥ္ေတြကို ည ၇ နာရီအခ်ိန္တို႔တြင္ က်င္းပသြားမည္ဟု AFF က ထုတ္ျပန္ထားပါတယ္။

အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲကို ၂၀၂၁ခုႏွစ္ ၊ဒီဇင္ဘာ ၅ရက္ေန႔မွ ၂၀၂၂ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္အထိ က်င္းပဖို႔ သတ္မွတ္ထားပါတယ္။

၂ႏွစ္တစ္ႀကိမ္က်င္းပေလ့ရွိတဲ့ အာဆီယံ ဆူဇူကီးဖလားၿပိဳင္ပြဲကို ၿပီးခဲ့တဲ့ ၂၀၂၀ျပည့္ႏွစ္က အာဆီယံေဒသတြင္းနိုင္ငံေတြမွာ ကိုဗစ္၁၉ေရာဂါျဖစ္ပြါးမွုေတြေၾကာင့္ ၿပိဳင္ပြဲကို တစ္ႏွစ္ေရႊ႕ဆိုင္းခဲ့ၿပီး ယခုႏွစ္မွသာ ျပန္လည္က်င္းပတာ
ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here