ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၄၀ ကျော် ပြည်တော်ပြန်

0
347

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၄၀ ကျော် ပြည်တော်ပြန်


ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၄၃ ဦး နှင့် အမျိုးသားငယ် (ကလေး) ၉ ဦး ၊ အမျိုးသမီးငယ် (ကလေး) စုစုပေါင်း လူဦးရေ ၁၄၃ဦး နိုဝင်ဘာလ ၂၈ ရက်တွင် ပြည်တော်ပြန်လာခွင့်ရကြပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားသံအရာရှိရုံး ကသိရသည်။

ယင်းတို့အား အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ် နယ်ခြားကော်မတီမှ Senior Col.Poompat Boonraugkaw နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ နောက်ပဲ့ချိတ်လှေ (၉) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား၃သန်းထက်မနည်းရှိနေပြီး တရားမဝင်အထောက်အထားမဲ့ဖြင့် နေထိုင်သူများလည်း ရှိနေကြကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးလုပ်ဆောင်နေသူများက ပြောသည်။

Zaw Gyi

 

ထိုင္းနိုင္ငံတြင္ ျပစ္ဒဏ္က်ခံၿပီး လြတ္ရက္ေစ့ၿပီျဖစ္သည့္ ျမန္မာေရႊ႕‌‌ေျပာင္းအလုပ္သမား ၁၄၀ ေက်ာ္ ျပည္ေတာ္ျပန္

ထိုင္းနိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပစ္ဒဏ္က်ခံၿပီး လြတ္ရက္ေစ့ၿပီျဖစ္သည့္ ျမန္မာေရႊ႕‌‌ေျပာင္းအလုပ္သမား အမ်ိဳးသား ၉၀ ဦး၊ အမ်ိဳးသမီး ၄၃ ဦး ႏွင့္ အမ်ိဳးသားငယ္ (ကေလး) ၉ ဦး ၊ အမ်ိဳးသမီးငယ္ (ကေလး) စုစုေပါင္း လူဦးေရ ၁၄၃ဦး နိုဝင္ဘာလ ၂၈ ရက္တြင္ ျပည္ေတာ္ျပန္လာခြင့္ရၾကၿပီ ျဖစ္ေၾကာင္း ထိုင္းနိုင္ငံအလုပ္သမားသံအရာရွိ႐ုံး ကသိရသည္။

ယင္းတို႔အား အလုပ္သမားသံအရာရွိ ဦးရဲလင္းထက္၊ ရေနာင္းၿမိဳ႕နယ္ နယ္ျခားေကာ္မတီမွ Senior Col.Poompat Boonraugkaw ႏွင့္ တာဝန္ရွိသူမ်ား၊ ထိုင္းနိုင္ငံနယ္စပ္ျဖတ္ေက်ာ္တပ္ဖြဲ႕ဝင္မ်ား၊ လူဝင္မွုႀကီးၾကပ္ေရးဌာနမွ တာဝန္ရွိသူမ်ား ဦးေဆာင္၍ ရေနာင္းၿမိဳ႕မွ ေကာ့ေသာင္းၿမိဳ႕သို႔ ေနာက္ပဲ့ခ်ိတ္ေလွ (၉) စီးျဖင့္ ျပန္လည္ပို႔ေဆာင္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုင္းနိုင္ငံတြင္ ျမန္မာအလုပ္သမား၃သန္းထက္မနည္းရွိေနၿပီး တရားမဝင္အေထာက္အထားမဲ့ျဖင့္ ေနထိုင္သူမ်ားလည္း ရွိေနၾကေၾကာင္း ထိုင္းနိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးလုပ္ေဆာင္ေနသူမ်ားက ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here