နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုပေါင်း ၁၁ မှုထဲက တစ်ချို့အမှုတွေကို မနက်ဖြန်မှာအ ပြီးသတ်အမိန့်ချမယ်

0
168

(Unicode)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုပေါင်း ၁၁ မှုထဲက တစ်ချို့အမှုတွေကို မနက်ဖြန်မှာအ ပြီးသတ်အမိန့်ချမယ်

ဖေဖော်ဝါရီ ၁ ရက်နေ့ကစဖမ်းဆီးခံရပြီး နေပြည် တော်က အထူးတရားရုံးမှာ အမှုပေါင်း ၁၁ မှုနဲ့တ ရားရင်ဆိုင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ချို့အမှုတွေကို မနက်ဖြန် နိုဝင်ဘာ ၃၀ ရက်မှာတော့အပြီးသတ်အမိန့်ချမှတ်တော့မှာဖြစ်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နည်းတူ သမ္မတ(ဟောင်း) ဦးဝင်းမြင့်ကို စွဲဆိုထားတဲ့အမှုတွေထဲကတစ်ချို့အမှုတွေကိုလည်းအမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။

နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့အမှုတွေထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ဆက်သွယ်ရေးဥပဒေပုဒ်မ၊ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မတို့ကို အမိန့်ချမှတ်သွားမှာဖြစ်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

အလားတူပဲ နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရပ် သားတစ်ယောက်က တရားလိုလုပ်စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေအတွက် ဝန်ကြီးချုပ်(ဟောင်း)ဒေါက်တာဇော်မြင့်မောင်က သက်သေထွက်ဆိုသွားဖို့ရှိတယ်လို့လည်း ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဦးဝင်းမြင့်ကိုစွဲဆိုထားတဲ့အမှုတွေထဲက နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ တို့အတွက်လည်း အပြီးသတ်အမိန့်ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅(ခ)ပုဒ်မတွေဟာ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်လို့သိရပါတယ်။

(Zawgyi)

နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားတဲ့ အမွုေပါင္း ၁၁ မွုထဲက တစ္ခ်ိဳ႕အမွုေတြကို မနက္ျဖန္မွာအ ၿပီးသတ္အမိန့္ခ်မယ္

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစဖမ္းဆီးခံရၿပီး ေနျပည္ ေတာ္က အထူးတရား႐ုံးမွာ အမွုေပါင္း ၁၁ မွုနဲ႔တ ရားရင္ဆိုင္ေနတဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ့ တစ္ခ်ိဳ႕အမွုေတြကို မနက္ျဖန္ နိုဝင္ဘာ ၃၀ ရက္မွာေတာ့အၿပီးသတ္အမိန့္ခ်မွတ္ေတာ့မွာျဖစ္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နည္းတူ သမၼတ(ေဟာင္း) ဦးဝင္းျမင့္ကို စြဲဆိုထားတဲ့အမွုေတြထဲကတစ္ခ်ိဳ႕အမွုေတြကိုလည္းအမိန့္ခ်မွတ္သြားမွာျဖစ္ပါတယ္။

နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲဆိုထားတဲ့အမွုေတြထဲက နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွုပုဒ္မ-၅၀၅(ခ)၊ဆက္သြယ္ေရးဥပေဒပုဒ္မ၊ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ၊သဘာဝေဘးအႏၲရာယ္စီမံခန့္ခြဲမွုဆိုင္ရာဥပေဒပုဒ္မတို႔ကို အမိန့္ခ်မွတ္သြားမွာျဖစ္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

အလားတူပဲ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အရပ္ သားတစ္ေယာက္က တရားလိုလုပ္စြဲဆိုထားတဲ့ သဘာဝေဘးအႏၲရာယ္စီမံခန့္ခြဲမွုဆိုင္ရာဥပေဒအတြက္ ဝန္ႀကီးခ်ဳပ္(ေဟာင္း)ေဒါက္တာေဇာ္ျမင့္ေမာင္က သက္ေသထြက္ဆိုသြားဖို႔ရွိတယ္လို႔လည္း ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

ဦးဝင္းျမင့္ကိုစြဲဆိုထားတဲ့အမွုေတြထဲက နိုင္ငံ ေတာ္အၾကည္ညိဳပ်က္ေစမွုပုဒ္မ-၅၀၅(ခ) သဘာဝေဘးအႏၲရာယ္စီမံခန့္ခြဲမွုဆိုင္ရာဥပေဒပုဒ္မ-၂၅ တို႔အတြက္လည္း အၿပီးသတ္အမိန့္ခ်မွတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

သဘာဝေဘးစီမံပုဒ္မနဲ႔ ပုဒ္မ ၅၀၅(ခ)ပုဒ္မေတြဟာ အျမင့္ဆုံးျပစ္ဒဏ္ေထာင္ဒဏ္ ၂ ႏွစ္အထိ ခ်မွတ္နိုင္တဲ့ပုဒ္မေတြျဖစ္တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here