ဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း ထိုင်းနိုင်ငံကို မြန် မာလူမျိုးများ တရားမဝင်သွားရောက်လျက်ရှိနေ

0
265

(Unicode)

ဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း ထိုင်းနိုင်ငံကို မြန် မာလူမျိုးများ တရားမဝင်သွားရောက်လျက်ရှိနေ

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း ထိုင်းနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာ နိုင်ငံသားတွေဟာ တရားမဝင်လမ်းကြောင်းကနေ သွားရောက်လျက်ရှိနေပါတယ်။

အခုလို သွားလာရာမှာလည်း ထိုင်းနိုင်ငံကိုရောက်ဖို့အတွက် တောလမ်းကနေသွားရတာဖြစ်ပြီး အဲ့လိုသွားဖို့အတွက် အကျိုးဆောင်ခအဖြစ် တစ်ယောက်ကိုအနည်းဆုံး မြန်မာငွေ ရှစ်သိန်းခွဲကနေ ၁၀ သိန်းကျော်အထိပေးရတယ်လို့ ထိုင်း-မြန်မာအလုပ်သမားရေးရာအဖွဲ့တွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ တော်ဝင်အရေးပေါ်အမိန့်အရ နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်မှုမြင့်တက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်တွေကတဆင့် တရားမဝင် ဝင်ရောက်မှုကိုကာကွယ်တားဆီးနိုင်ဖို့အတွက် နယ်စပ်ကင်းလှည့်စောင့်ကြည့်ရေးနှင့်စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတစ်ချို့ကိုလည်း ထိုင်းနယ်စပ်ကင်းလှည့်စောင့်ကြည့်ရေးအဖွဲ့က ထိုင်း-မြန်မာ နယ်စပ် ပကျွတ်စီရီခန်ဘက်ခြမ်းမှာ နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းက ဖမ်းဆီးထားပြီး ထိုင်းနိုင်ငံကျန်းမာရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ ကိုဗစ်(၁၉) ရောဂါကူးစက်ခံရသူတွေမပါဝင်တာကြောင့် ပကျွတ်စီရီခန် ရဲစခန်းကိုပို့ဆောင်ထားပါတယ်။

ဖမ်းခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ထားဝယ်၊ကော့ကရိတ်၊မော်လမြိုင်၊ဧရာဝတီ၊မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့က လာရောက်သူတွေဖြစ်ပါတယ်။

(Zawgyi)

ဖမ္းဆီးမွုေတြရွိေနေပမယ့္လည္း ထိုင္းနိုင္ငံကို ျမန္ မာလူမ်ိဳးမ်ား တရားမဝင္သြားေရာက္လ်က္ရွိေန

ျမန္မာနိုင္ငံမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ ဖမ္းဆီးမွုေတြရွိေနေပမယ့္လည္း ထိုင္းနိုင္ငံကိုသြားေရာက္အလုပ္လုပ္ကိုင္ဖို႔အတြက္ ျမန္မာ နိုင္ငံသားေတြဟာ တရားမဝင္လမ္းေၾကာင္းကေန သြားေရာက္လ်က္ရွိေနပါတယ္။

အခုလို သြားလာရာမွာလည္း ထိုင္းနိုင္ငံကိုေရာက္ဖို႔အတြက္ ေတာလမ္းကေနသြားရတာျဖစ္ၿပီး အဲ့လိုသြားဖို႔အတြက္ အက်ိဳးေဆာင္ခအျဖစ္ တစ္ေယာက္ကိုအနည္းဆုံး ျမန္မာေငြ ရွစ္သိန္းခြဲကေန ၁၀ သိန္းေက်ာ္အထိေပးရတယ္လို႔ ထိုင္း-ျမန္မာအလုပ္သမားေရးရာအဖြဲ႕ေတြဆီက သိရပါတယ္။

ထိုင္းနိုင္ငံရဲ့ ေတာ္ဝင္အေရးေပၚအမိန့္အရ နိုင္ငံအတြင္းကို တရားမဝင္ ဝင္ေရာက္မွုျမင့္တက္ေနတာေၾကာင့္ အိမ္နီးခ်င္းနိုင္ငံေတြက နယ္စပ္ေတြကတဆင့္ တရားမဝင္ ဝင္ေရာက္မွုကိုကာကြယ္တားဆီးနိုင္ဖို႔အတြက္ နယ္စပ္ကင္းလွည့္ေစာင့္ၾကည့္ေရးႏွင့္စစ္ေဆးေရးဂိတ္ေတြကို ဇန္နဝါရီ ၃၁ ရက္အထိ တိုးျမႇင့္သြားမွာျဖစ္ပါတယ္။

ျမန္မာနိုင္ငံသားတစ္ခ်ိဳ႕ကိုလည္း ထိုင္းနယ္စပ္ကင္းလွည့္ေစာင့္ၾကည့္ေရးအဖြဲ႕က ထိုင္း-ျမန္မာ နယ္စပ္ ပကၽြတ္စီရီခန္ဘက္ျခမ္းမွာ နိုဝင္ဘာ ၂၇ ရက္မနက္ပိုင္းက ဖမ္းဆီးထားၿပီး ထိုင္းနိုင္ငံက်န္းမာေရးအဖြဲ႕ရဲ့ စစ္ေဆးခ်က္အရ ကိုဗစ္(၁၉) ေရာဂါကူးစက္ခံရသူေတြမပါဝင္တာေၾကာင့္ ပကၽြတ္စီရီခန္ ရဲစခန္းကိုပို႔ေဆာင္ထားပါတယ္။

ဖမ္းခံရတဲ့ျမန္မာနိုင္ငံသားေတြဟာ ထားဝယ္၊ေကာ့ကရိတ္၊ေမာ္လၿမိဳင္၊ဧရာဝတီ၊မႏၲေလးတိုင္းနဲ႔ပဲခူးတိုင္းတို႔က လာေရာက္သူေတြျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here