တစ်လကျော်အတွင်း ရခိုင်ဒေသက ရေထွက်ကုန် ပစ္စည်းနဲ့တခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ခဲ့

0
229

(Unicode)

တစ်လကျော်အတွင်း ရခိုင်ဒေသက ရေထွက်ကုန် ပစ္စည်းနဲ့တခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ခဲ့

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေအပါအဝင် အခြားစက်မှုကုန်ချောပစ္စည်းတွေ လယ်ယာထွက်ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အောက်တိုဘာ ၁၆ ရက်ကစပြီး နိုဝင်ဘာ ၂၇ ရက်အထိ တစ်လကျော်အတွင်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

“နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ပို့တာပါ ရေ ထွက်ကုန်ပစ္စည်းကတော့အများဆုံးတင်ပို့ပေးနိုင်ခဲ့ပါတယ် လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချောတွေလည်းတင်ပို့နိုင်ခဲ့ပါတယ်”လို့ ရခိုင်ပြည်နယ်ကုန်သည်မျအသင်း ဥက္ကဋ္ဌဦးတင်အောင်ဦးကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အဓိကနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ စစ်တွေကုန်သွယ်ရေးစခန်းနဲ့မောင်တောကုန်သွယ်ရေးစခန်းတို့ကနေ တင်ပို့ခဲ့တာပါ။

ငါးမြစ်ချင်း၊ငါးခြောက်၊ကြက်သွန်နီ၊ဇီးယို၊ကွမ်း သီးတွေကို မြန်မာနိုင်ငံဖက်ကနေတင်ပို့ပြီး မီးဖိုချောင်းသုံးပစ္စည်းတွေ ပလက်စတစ်၊ရေတိုင်ကီနဲ့လူသုံးကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လည်တင်သွင်းပါတယ်။

“စစ်တွေနဲ့မောင်တောရဲ့ နဂို ကုန်သွယ်မှုလုပ်စဥ်ကလိုပဲ တစ်လကျော်လောက်မှာ ဒေါ်လာ ၅ သန်းကျော်ရှိခဲ့တယ် ပို့ကုန်များတယ် လက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ နယ်စပ်စခန်းတွေထဲမှာ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကိုပို့တဲ့နယ်စပ်စခန်းက ပို့ကုန်အသာစီးရထားတဲ့ တစ်ခုတည်းသော နယ်စပ် စခန်းဖြစ်ပါတယ် ဒါကြောင့် ဒီကုန်သွယ်မှုကို မဖြစ်ဖြစ်အောင် ကုန်သွယ်မှုအဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားထားပါတယ် ဆက်ပြီးတော့လည်း ကုန်သွယ်မှုပိုတက်အောင်လုပ်မှာပါ” လို့ ဥက္ကဌ ဦးတင်အောင်ဦးကဆက်ပြောပါတယ်။

photo-ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း

(Zawgyi)

တစ္လေက်ာ္အတြင္း ရခိုင္ေဒသက ေရထြက္ကုန္ ပစၥည္းနဲ႔တျခားကုန္ပစၥည္း အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္ဖိုး ဘဂၤလားေဒ့ရွ္ကို တင္ပို႔နိုင္ခဲ့

ရခိုင္ျပည္နယ္ကထြက္ရွိတဲ့ ေရထြက္ကုန္ပစၥည္းေတြအပါအဝင္ အျခားစက္မွုကုန္ေခ်ာပစၥည္းေတြ လယ္ယာထြက္ကုန္ပစၥည္းေတြ ဘဂၤလားေဒ့ရွ္နိုင္ငံကို ေအာက္တိုဘာ ၁၆ ရက္ကစၿပီး နိုဝင္ဘာ ၂၇ ရက္အထိ တစ္လေက်ာ္အတြင္း အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္တင္ပို႔နိုင္ခဲ့တယ္လို႔ သိရပါတယ္။

“နယ္စပ္ကုန္သြယ္ေရးနည္းလမ္းနဲ႔ပို႔တာပါ ေရ ထြက္ကုန္ပစၥည္းကေတာ့အမ်ားဆုံးတင္ပို႔ေပးနိုင္ခဲ့ပါတယ္ လယ္ယာထြက္ကုန္နဲ႔ စက္မွုကုန္ေခ်ာေတြလည္းတင္ပို႔နိုင္ခဲ့ပါတယ္”လို႔ ရခိုင္ျပည္နယ္ကုန္သည္မ်အသင္း ဥကၠ႒ဦးတင္ေအာင္ဦးကေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ကို အဓိကနယ္စပ္ကုန္သြယ္ေရးစခန္းႏွစ္ခုျဖစ္တဲ့ စစ္ေတြကုန္သြယ္ေရးစခန္းနဲ႔ေမာင္ေတာကုန္သြယ္ေရးစခန္းတို႔ကေန တင္ပို႔ခဲ့တာပါ။

ငါးျမစ္ခ်င္း၊ငါးေျခာက္၊ၾကက္သြန္နီ၊ဇီးယို၊ကြမ္း သီးေတြကို ျမန္မာနိုင္ငံဖက္ကေနတင္ပို႔ၿပီး မီးဖိုေခ်ာင္းသုံးပစၥည္းေတြ ပလက္စတစ္၊ေရတိုင္ကီနဲ႔လူသုံးကုန္ပစၥည္းေတြကို ဘဂၤလားေဒ့ရွ္ဘက္ကေန ျပန္လည္တင္သြင္းပါတယ္။

“စစ္ေတြနဲ႔ေမာင္ေတာရဲ့ နဂို ကုန္သြယ္မွုလုပ္စဥ္ကလိုပဲ တစ္လေက်ာ္ေလာက္မွာ ေဒၚလာ ၅ သန္းေက်ာ္ရွိခဲ့တယ္ ပို႔ကုန္မ်ားတယ္ လက္ရွိမွာဆိုရင္ ျမန္မာနိုင္ငံမွာရွိတဲ့ နယ္စပ္စခန္းေတြထဲမွာ ရခိုင္ကေန ဘဂၤလားေဒ့ရွ္ကိုပို႔တဲ့နယ္စပ္စခန္းက ပို႔ကုန္အသာစီးရထားတဲ့ တစ္ခုတည္းေသာ နယ္စပ္ စခန္းျဖစ္ပါတယ္ ဒါေၾကာင့္ ဒီကုန္သြယ္မွုကို မျဖစ္ျဖစ္ေအာင္ ကုန္သြယ္မွုအဆင္ေျပေအာင္ ကၽြန္ေတာ္တို႔ ႀကိဳးစားထားပါတယ္ ဆက္ၿပီးေတာ့လည္း ကုန္သြယ္မွုပိုတက္ေအာင္လုပ္မွာပါ” လို႔ ဥကၠဌ ဦးတင္ေအာင္ဦးကဆက္ေျပာပါတယ္။

photo-ရခိုင္ျပည္နယ္ ကုန္သည္မ်ားႏွင့္စက္မွုလက္မွုလုပ္ငန္းရွင္မ်ား အသင္း


LEAVE A REPLY

Please enter your comment!
Please enter your name here