နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့အပြီးသတ်အမိန့်မချဖြစ်ပဲ ဒီဇင်ဘာ ၆ ရက်ကိုထပ်ရွှေ့

0
275

(Unicode)

နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့အပြီးသတ်အမိန့်မချဖြစ်ပဲ ဒီဇင်ဘာ ၆ ရက်ကိုထပ်ရွှေ့

နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲက တစ်ချို့အမှုတွေကို နေပြည်တော် အထူးတရားရုံးက ဒီနေ့မှာအပြီးသတ်အမိန့်ချမှတ်မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမဲ့လည်း ဒီနေ့ရုံးချိန်းမှာ အမိန့်မချဖြစ်ပဲ ဒီဇင်ဘာ ၆ ရက်မှသာအပြီးသတ်အမိန့်ချမှတ်မယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

“ကြားရသလောက်တော့ နောက်တစ်ပတ်ထဲကိုရွှေ့လိုက်တယ် ဒီဇင်ဘာ ၆ ရက်ရုံးချိန်းကြမှအမိန့်ချမယ်ပြောတယ် နိုင်ငံတော်အကြည်ညိုပျက်စေမှုရယ် သဘာဝဘေးအန္တရာယ်အတွက်ရယ်ပေါ့ ပို့ကုန်သွင်းကုန်ဥပဒေရယ် ဆက်သွယ်ရေးဥပဒေအတွက်ကိုလည်း အမိန့်ချမယ်ကြားခဲ့ပေမဲ့ လတ်တလောအဲ့အမှုတွေအတွက်ကတော့ သေချာမသိရဘူး သမ္မတကြီးအမှုတွေလည်းဒီအတိုင်းပဲ နောက်တစ်ပတ်ကိုရွှေ့လိုက်တယ်”လို့ ရှေ့နေတစ်ယောက်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်အမိန့်ချမှတ်မယ်လို့ ထွက်ပေါ်ခဲ့တဲ့ ဥပဒေပုဒ်မတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ -၅၀၅(ခ)၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ တို့ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ အပြီးသတ်အမိန့်မချခဲ့ပေမဲ့လည်း အရပ်သားတစ်ယောက်က တရားလိုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ အတွက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကနေ သက်သေထွက်ဆိုပေးမယ့် အိုးဘိုထောင်မှာထိန်း သိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်တာကြောင့် နေပြည်တော် အထူးတရားရုံးကိုလာရောက်သက်သေထွက်ဆိုပေးသွားဖို့ တရားရုံးက ဆင့်ခေါ်စာထုတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

(Zawgyi)

ႏိုင္ငံ​ေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ဒီေန႔အၿပီးသတ္အမိန္႔မခ်ျဖစ္ပဲ ဒီဇင္ဘာ ၆ ရက္ကိုထပ္ေ႐ႊ႕

ႏိုင္ငံ​ေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကို စြဲဆိုထားတဲ့အမႈေတြထဲက တစ္ခ်ိဳ႕အမႈေတြကို ေနျပည္ေတာ္ အထူးတရား႐ုံးက ဒီေန႔မွာအၿပီးသတ္အမိန္႔ခ်မွတ္မယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့ေပမဲ့လည္း ဒီေန႔႐ုံးခ်ိန္းမွာ အမိန္႔မခ်ျဖစ္ပဲ ဒီဇင္ဘာ ၆ ရက္မွသာအၿပီးသတ္အမိန္႔ခ်မွတ္မယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

“ၾကားရသေလာက္ေတာ့ ေနာက္တစ္ပတ္ထဲကိုေ႐ႊ႕လိုက္တယ္ ဒီဇင္ဘာ ၆ ရက္႐ုံးခ်ိန္းၾကမွအမိန္႔ခ်မယ္ေျပာတယ္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈရယ္ သဘာဝေဘးအႏၲရာယ္အတြက္ရယ္ေပါ့ ပို႔ကုန္သြင္းကုန္ဥပေဒရယ္ ဆက္သြယ္ေရးဥပေဒအတြက္ကိုလည္း အမိန္႔ခ်မယ္ၾကားခဲ့ေပမဲ့ လတ္တေလာအဲ့အမႈေတြအတြက္ကေတာ့ ေသခ်ာမသိရဘူး သမၼတႀကီးအမႈေတြလည္းဒီအတိုင္းပဲ ေနာက္တစ္ပတ္ကိုေ႐ႊ႕လိုက္တယ္”လို႔ ေရွ႕ေနတစ္ေယာက္ကေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို အၿပီးသတ္အမိန္႔ခ်မွတ္မယ္လို႔ ထြက္ေပၚခဲ့တဲ့ ဥပေဒပုဒ္မေတြက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဥပေဒပုဒ္မ -၅၀၅(ခ)၊သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ တို႔ျဖစ္ပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ အၿပီးသတ္အမိန္႔မခ်ခဲ့ေပမဲ့လည္း အရပ္သားတစ္ေယာက္က တရားလိုလုပ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲဆိုထားတဲ့ သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ အတြက္ကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဖက္ကေန သက္ေသထြက္ဆိုေပးမယ့္ အိုးဘိုေထာင္မွာထိန္း သိမ္းခံထားရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕က်န္းမာေရးအေျခအေနေကာင္းမြန္တာေၾကာင့္ ေနျပည္ေတာ္ အထူးတရား႐ုံးကိုလာေရာက္သက္ေသထြက္ဆိုေပးသြားဖို႔ တရား႐ုံးက ဆင့္ေခၚစာထုတ္ခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here