ပင်လည်ဘူးUSDPအမတ်ဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးသေဆုံး

0
171

(Unicode)

ပင်လည်ဘူးUSDPအမတ်ဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း ပင်လည်ဘူး မဲဆန္ဒနယ် ပထမအကြိမ်-ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ပင်လည်ဘူးမြို့နယ်USDPပါတီဥက္ကဋ္ဌဦးဝင်းသိန်းသည် ယနေ့နိုဝင်ဘာ၃၀ရက်နေ့မနက်ပိုင်းက သေနတ်ပစ်ခတ်ခံရပြီးသေဆုံးသွားသည်။

“ဦးဝင်းသိန်းယနေ့နံနက်က လက်ဖက်ရည် သောက်ပြီး ဆိုင်အထွက်၌ လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်”ဟု ပါတီပြောရေးဆိုခွင့်ရှိသူများကဝမ်းနည်းစကားပြောကြားထားကြသည်။

ဦးဝင်းသိန်း ပစ်သတ်ခံရသော လက်ဖက်ရည်ဆိုင်သည် ပင်လည်ဘူးမြို့ ရဲစခန်းအနီးရှိ လက်ဖက်ရည်ဆိုင်ဖြစ်သည်ဟုသိရသည်။

ဦးဝင်းသိန်းနှင့်အတူ ဦးညိုသန်းဆိုသူသည်လည်း လက်ဖက်ရည်ဆိုင်အထွက် အတူပစ်သတ်ခံလိုက်ရကြောင်းလည်း ဒေသခံများထံကသိရသည်။

“တော်တော်လေးကို မြို့ထဲမှာ လှုပ်လှုတ်ခတ်ခတ်ဖြစ်သွားတယ်။စစ်ဆေးရေးတွေလည်းအတော်တင်းကြပ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောပြသည်။ပင်လည်ဘူးUSDPအမတ်ဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း ပင်လည်ဘူး မဲဆန္ဒနယ် ပထမအကြိမ်-ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ပင်လည်ဘူးမြို့နယ်USDPပါတီဥက္ကဋ္ဌဦးဝင်းသိန်းသည် ယနေ့နိုဝင်ဘာ၃၀ရက်နေ့မနက်ပိုင်းက သေနတ်ပစ်ခတ်ခံရပြီးသေဆုံးသွားသည်။

“ဦးဝင်းသိန်းယနေ့နံနက်က လက်ဖက်ရည် သောက်ပြီး ဆိုင်အထွက်၌ လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်”ဟု ပါတီပြောရေးဆိုခွင့်ရှိသူများကဝမ်းနည်းစကားပြောကြားထားကြသည်။

ဦးဝင်းသိန်း ပစ်သတ်ခံရသော လက်ဖက်ရည်ဆိုင်သည် ပင်လည်ဘူးမြို့ ရဲစခန်းအနီးရှိ လက်ဖက်ရည်ဆိုင်ဖြစ်သည်ဟုသိရသည်။

ဦးဝင်းသိန်းနှင့်အတူ ဦးညိုသန်းဆိုသူသည်လည်း လက်ဖက်ရည်ဆိုင်အထွက် အတူပစ်သတ်ခံလိုက်ရကြောင်းလည်း ဒေသခံများထံကသိရသည်။

“တော်တော်လေးကို မြို့ထဲမှာ လှုပ်လှုတ်ခတ်ခတ်ဖြစ်သွားတယ်။စစ်ဆေးရေးတွေလည်းအတော်တင်းကြပ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောပြသည်။

(Zawgyi)













LEAVE A REPLY

Please enter your comment!
Please enter your name here