ကိုဗစ် (၁၉)ရောဂါ မျိုးစိတ်သစ်(အိုမီခရွန်) မဝင်ရောက်နိုင်ရေး မြန်မာဘက်ကလည်းဆောင်ရွက်နေ

0
224

(Unicode)

ကိုဗစ် (၁၉)ရောဂါ မျိုးစိတ်သစ်(အိုမီခရွန်) မဝင်ရောက်နိုင်ရေး မြန်မာဘက်ကလည်းဆောင်ရွက်နေ

နယ်စပ်ဒေသ/လေကြောင်းဝင်ပေါက်တို့မှ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး New variant မဝင်ရောက်နိုင်စေရန် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းတွေကို အားဖြည့် ဆောင်ရွက်လျက်ရှိနေတယ်လို့ နစကကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။

ပဲခူး ဖြူးမြို့ ပြည်သူ့ဆေးရုံကို နိုဝင်ဘာ၂၈ရက်က ရောက်ရှိစဉ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံတာမှာ ပြောကြားခဲ့တာပါ။

နယ်စပ်ဒေသတွေဖြစ်တဲ့ မူဆယ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြဝတီတို့မှာ RT-PCR စက်တွေ တပ်ဆင်ထားရှိပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိနေသလို မကြာမီ၊ ထားဝယ်၊ ကလေးမြို့တို့မှာလည်း RT-PCR စက်တွေ တိုးချဲ့တပ်ဆင်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိနေပါတယ်။

ဝန်ကြီးက ပုံမှန်မဟုတ်တဲ့ အစုလိုက် အပြုံလိုက် ရောဂါဖြစ်ပွားမှုတွေ့ရှိပါက ဗီဇပြောင်းပိုး ဟုတ်/မဟုတ် စစ်ဆေးတဲ့ ကိုဗစ်-၁၉ Gene Sequencing စစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသန တပ်နဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ ဆောင်ရွက်နေတာရှိတယ်လို့လည်းပြောပါတယ်။

ကာကွယ်ရေးလုပ်ငန်းများ နည်းတူ ကုသရေးပိုင်းအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတွေအတွက် သီးသန့်ကုသဆောင်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ အထူးကြပ်မတ်ကုသမှုဌာနတွေကို စနစ်တကျပြင်ဆင်ထားဖို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က လမ်းညွှန်ထားပါတယ်။

နိုင်ငံတွင်းက ပြည်တွင်းပရဟိတအဖွဲအစည်းတွေကလည်း နိုင်ငံထဲ ကျန်းမာရေးပြဿနာကြုံလာရင် နိုင်ရာဝန်ထမ်းဖို့ အဆင်သင့်ပြင်ဆင်နေကြတယ်လို့ ပရဟိတအသင်းအချို့က ပြောပါတယ်။

“တတိယလှိုင်းတုန်းကလည်း ကျွန်တော်တို့တွေ အင်နဲ့အားနဲ့ ကူခဲ့ကြတယ်။ဒီကပ်ကြီးက တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ရောဂါဆိုတော့ တတ်နိုင်တဲ့ဘက်ကကူရမှာပဲ။အခုဆိုရင် တော်တော်များများ Mask မတပ်ကြဘူး။တပ်ကြရမယ်။ကာကွယ်ခြင်းက အထိရောက်ဆုံးပဲ။လူစုလူဝေးတွေကို ရှောင်မယ်။လက်ဆေးမယ်။အစာအာဟာရပြည့်အောင်စားမယ်။ဒါတွေ လုပ်သင့်ပါတယ်”လို ရန်ကုန်မြို့က ပရဟိတအသင်းတစ်ခုကပြောပါတယ်။

မြန်မာနိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင်လည်း Omicron မျိုးကွဲဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘော့ဆွာနာ၊ အက်စ်ဝါသီ၊ လက်ဆိုသို၊ မာလာဝီ၊ မိုဇမ်းဘစ်၊ နမ်ဘီးယား၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံစတဲ့ အာဖရိက ၈ နိုင်ငံမှ ခရီးသွားတွေကို ပြည်ဝင်ခွင့် တားမြစ်နေတာရှိပါတယ်။

တောင်အာဖရိကမှာ တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်ကို WHO က “(Omicron)”လို့ အမည်သတ်မှတ်ပေးလိုက်ပြီး စိုးရိမ်ရတဲ့ မျိုးကွဲဗိုင်းရပ်စ် အတန်းအစားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဆိုရင် တောင်အာဖရိကကိုနိုင်ငံသားတွေ သွားရောက်ခြင်းမပြုဖို့ တားမြစ်လိုက်ပြီး၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လက်ဆိုသသို၊ အက်စဝါတီနီ၊ မိုဇမ်းဘစ်နဲ့ မာလာဝီနိုင်ငံတွေဆီ မသွားဖို့ တားမြစ်ထားတာတွေ့ရပါတယ်။

ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ချက်ရီပတ်ဘလစ်နဲ့ ဂျပန်နိုင်ငံတို့ဆိုရင်လည်း နိုင်ငံသားတွေကို တောင်အာဖရိကနိုင်ငံအပါအဝင် အာဖရိကတိုက်တောင်ပိုင်းဒေသများသို့သွားရောက်ခြင်းကို တားမြစ်တာတွေ လုပ်နေပါတယ်။

(Zawgyi)

ကိုဗစ္ (၁၉)ေရာဂါ မ်ိဳးစိတ္သစ္(အိုမီခ႐ြန္) မဝင္ေရာက္ႏိုင္ေရး ျမန္မာဘက္ကလည္းေဆာင္႐ြက္ေန

နယ္စပ္ေဒသ/ေလေၾကာင္းဝင္ေပါက္တို႔မွ ဗီဇေျပာင္း ကိုဗစ္-၁၉ ေရာဂါပိုး New variant မဝင္ေရာက္ႏိုင္ေစရန္ ေရာဂါျဖစ္ပြားမႈ ေစာင့္ၾကပ္ၾကည့္ရႈျခင္းေတြကို အားျဖည့္ ေဆာင္႐ြက္လ်က္ရွိေနတယ္လို႔ နစကက်န္းမာေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းကေျပာပါတယ္။

ပဲခူး ျဖဴးၿမိဳ႕ ျပည္သူ႔ေဆး႐ုံကို ႏိုဝင္ဘာ၂၈ရက္က ေရာက္ရွိစဥ္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေတြ႕ဆုံတာမွာ ေျပာၾကားခဲ့တာပါ။

နယ္စပ္ေဒသေတြျဖစ္တဲ့ မူဆယ္၊ က်ိဳင္းတုံ၊ လားရႈိး၊ ျမဝတီတို႔မွာ RT-PCR စက္ေတြ တပ္ဆင္ထားရွိၿပီး လုပ္ငန္းေဆာင္႐ြက္လ်က္ရွိေနသလို မၾကာမီ၊ ထားဝယ္၊ ကေလးၿမိဳ႕တို႔မွာလည္း RT-PCR စက္ေတြ တိုးခ်ဲ႕တပ္ဆင္ႏိုင္ေရး က်န္းမာေရးဝန္ႀကီးဌာနက စီစဥ္ေဆာင္႐ြက္လ်က္ရွိေနပါတယ္။

ဝန္ႀကီးက ပုံမွန္မဟုတ္တဲ့ အစုလိုက္ အၿပဳံလိုက္ ေရာဂါျဖစ္ပြားမႈေတြ႕ရွိပါက ဗီဇေျပာင္းပိုး ဟုတ္/မဟုတ္ စစ္ေဆးတဲ့ ကိုဗစ္-၁၉ Gene Sequencing စစ္ေဆးျခင္းကို တပ္မေတာ္ေဆးသုေတသန တပ္နဲ႔ ေဆးသုေတသနဦးစီးဌာနတို႔မွာ ေဆာင္႐ြက္ေနတာရွိတယ္လို႔လည္းေျပာပါတယ္။

ကာကြယ္ေရးလုပ္ငန္းမ်ား နည္းတူ ကုသေရးပိုင္းအေနနဲ႔ ျပည္သူ႔ေဆး႐ုံေတြမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ လူနာေတြအတြက္ သီးသန႔္ကုသေဆာင္နဲ႔ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕လူနာ အထူးၾကပ္မတ္ကုသမႈဌာနေတြကို စနစ္တက်ျပင္ဆင္ထားဖို႔ က်န္းမာေရးဝန္ႀကီးဌာနဘက္က လမ္းၫႊန္ထားပါတယ္။

ႏိုင္ငံတြင္းက ျပည္တြင္းပရဟိတအဖြဲအစည္းေတြကလည္း ႏိုင္ငံထဲ က်န္းမာေရးျပႆနာႀကဳံလာရင္ ႏိုင္ရာဝန္ထမ္းဖို႔ အဆင္သင့္ျပင္ဆင္ေနၾကတယ္လို႔ ပရဟိတအသင္းအခ်ိဳ႕က ေျပာပါတယ္။

“တတိယလႈိင္းတုန္းကလည္း ကြၽန္ေတာ္တို႔ေတြ အင္နဲ႔အားနဲ႔ ကူခဲ့ၾကတယ္။ဒီကပ္ႀကီးက တစ္ကမာၻလုံးျဖစ္ေနတဲ့ ကပ္ေရာဂါဆိုေတာ့ တတ္ႏိုင္တဲ့ဘက္ကကူရမွာပဲ။အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ား Mask မတပ္ၾကဘူး။တပ္ၾကရမယ္။ကာကြယ္ျခင္းက အထိေရာက္ဆုံးပဲ။လူစုလူေဝးေတြကို ေရွာင္မယ္။လက္ေဆးမယ္။အစာအာဟာရျပည့္ေအာင္စားမယ္။ဒါေတြ လုပ္သင့္ပါတယ္”လို ရန္ကုန္ၿမိဳ႕က ပရဟိတအသင္းတစ္ခုကေျပာပါတယ္။

ျမန္မာႏိုင္ငံနည္းတူ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံမွာဆိုရင္လည္း Omicron မ်ိဳးကြဲဗိုင္းရပ္စ္ကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေဘာ့ဆြာနာ၊ အက္စ္ဝါသီ၊ လက္ဆိုသို၊ မာလာဝီ၊ မိုဇမ္းဘစ္၊ နမ္ဘီးယား၊ ေတာင္အာဖရိကနဲ႔ ဇင္ဘာေဘြႏိုင္ငံစတဲ့ အာဖရိက ၈ ႏိုင္ငံမွ ခရီးသြားေတြကို ျပည္ဝင္ခြင့္ တားျမစ္ေနတာရွိပါတယ္။

ေတာင္အာဖရိကမွာ ေတြ႕ရွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲအသစ္ကို WHO က “(Omicron)”လို႔ အမည္သတ္မွတ္ေပးလိုက္ၿပီး စိုးရိမ္ရတဲ့ မ်ိဳးကြဲဗိုင္းရပ္စ္ အတန္းအစားအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုဆိုရင္ ေတာင္အာဖရိကကိုႏိုင္ငံသားေတြ သြားေရာက္ျခင္းမျပဳဖို႔ တားျမစ္လိုက္ၿပီး၊ ေဘာ့ဆြာနာ၊ ဇင္ဘာေဘြ၊ နမီးဘီးယား၊ လက္ဆိုသသို၊ အက္စဝါတီနီ၊ မိုဇမ္းဘစ္နဲ႔ မာလာဝီႏိုင္ငံေတြဆီ မသြားဖို႔ တားျမစ္ထားတာေတြ႕ရပါတယ္။

ဂ်ာမနီ၊ အီတလီ၊ ၿဗိတိန္၊ ခ်က္ရီပတ္ဘလစ္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဆိုရင္လည္း ႏိုင္ငံသားေတြကို ေတာင္အာဖရိကႏိုင္ငံအပါအဝင္ အာဖရိကတိုက္ေတာင္ပိုင္းေဒသမ်ားသို႔သြားေရာက္ျခင္းကို တားျမစ္တာေတြ လုပ္ေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here