သိမ်ဖြူလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က ယာဥ်ထိန်းရုံးမီးရှို့ခံရ

0
445

(Unicode)

သိမ်ဖြူလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က ယာဥ်ထိန်းရုံးမီးရှို့ခံရ

ဗိုလ်တထောင်မြို့နယ်၊သိမ်ဖြူလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ ယာဥ်ထိန်းရုံးဟာ ဒီနေ့မနက် ၆ နာရီလောက်က မီးရှို့ခံခဲ့ရပါတယ်။

“မီးရှို့ခံရတယ်ဆိုတာတော့တွေ့တယ် ဘယ်သူတွေလာရှို့သွားတာလဲဆိုတာတော့မသိဘူး စစ် သားတွေ ရဲတွေလာစစ်သွားတာတော့တွေ့တယ်” လို့ အနီးနားနေသူတစ်ယောက်ကပြောပါတယ်။

မီးရှို့ခံရတာကြောင့် ယာဥ်ထိန်းရုံးပျက်စီးသွားပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။

“အဲဒီပွိုင့်ကိုယာဥ်ထိန်းတွေမလာတာကြာပြီ ဒီအတိုင်းပိတ်ထားတာ ဟိုးအရင်ကတော့ ယာဥ်ထိန်းတွေရှိတယ်”လို့မီးရှို့ခံရတဲ့ယာဥ်ထိန်းရုံးအနီးနေသူတစ်ယောက်ကပြောပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here