ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်း နဲ့ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာစိုးဦး တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်​ရေး ဥပဒေဖြင့် အမှုဖွင့်​ကြောင်း နစက ထုတ်ပြန်

0
144

“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာစိုးဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်​ရေးဥပ​ဒေဖြင့် အမှုဖွင့်​ကြောင်း နစက ထုတ်ပြန်”

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံ စမ်းရေးအဖွဲ့ဖွဲ့စစ်ဆေးပေါ်ပေါက်ချက်အရ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်း မာရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဒေါက်တာထားထားလင်းနဲ့ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ နိုဝင်ဘာ ၃၀ ရက်မှာ နေပြည် တော်က ဘုရားကုန်းမြို့မရဲစခန်းမှာအမှုဖွင့်ခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမှာရုံးစိုက်ထားတဲ့ အဖွဲ့အစည်းက မြန်မာနိုင်ငံကို WHO နဲ့ UNICEF တို့ကနေတဆင့် ထောက်ပံ့ငွေတွေပေးခဲ့ပြီး အဲဒီငွေတွေကို တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှာ စီမံချက်တွေအလိုက် ကျန်း မာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ငွေစာရင်းကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ် ဆေးတွေ့ရှိခဲ့ရပါတယ်လို့ ထုတ်ပြန်ချက်ထဲ ​ဖော်ပြထားပါတယိ။

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေအတွက် ဒေါက်တာထားထားလင်းခန့်ထားတဲ့ စီမံချက်မန်နေဂျာဥက္ကဋ္ဌ ဒေါက်တာစိုးဦးတင်ပြတဲ့ Quarter အလိုက် Work Plan စီမံချက်ကို ဒေါက် တာထားထားလင်းက ဗဟိုအဆင့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာရတဲ့ ပံ့ပိုးရန်ပုံငွေ ကျပ်သန်း ၁၆၉၀၀ ကျော်ထဲကနေ ကျပ်သန်း ၆၉၀၀ ကျော်နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် Non Budget လက်ကျန်ထဲကနေ ကျပ်သန်း ၁၁၃၀ ကျော်(စုစုပေါင်း ကျပ်သန်း ၈၁၂၀)ကျော်ကိုထုတ်ယူပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အတွက် ကျပ်သန်း ၁၁၅၀၀ ကျော်ကိုခွဲဝေချထားပေးခဲ့တယ်လို့ ​​​ဖော်ပြပါရှိပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးထိုးလုပ်ငန်းမဆောင်ရွက်နိုင်တာကြောင့် ဗဟိုအဆင့်ကျန်တဲ့ ကျပ်သန်း ၁၆၁ ဒသမ ၁၉၈ သန်း တိုင်းဒေသကြီးနဲ့ပြည်နယ်ငွေသားလက် ကျန် ကျပ်သန်း ၈၄၀ ကျော်ကို ငွေစာရင်းခေါင်းစဥ်ပြောင်းလဲအသုံးပြုရန် တင်ပြချက်အပေါ် ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနက စီမံကိန်း၊ဘ ဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနရဲ့သဘောထားကိုရယူနေစဥ် ငွေသားလက်ကျန်တွေကိုသုံးစွဲခြင်းမပြုဖို့ ဌစ-၆ နဲ့ထိန်းသိမ်းထားဖို့ညွှန်ကြားချက်ကိုမလိုက်နာပဲ ဗဟိုအဆင့်ငွေသားလက်ကျန် ကျပ်သန်း ၁၆၈ ဒသမ ၁၉၈ သန်းကို UNICEF Account ဆီ ဖေဖော်ဝါရီ ၁၀ ရက်မှာပေးသွင်းခဲ့တယ်လို့ စစ်ဆေးသိရှိခဲ့ရ​ကြောင်း ထုတ်ပြန်ချက်ထဲ ​ရေးသားထားပါတယ်။

ဒေါက်တာစိုးဦးဟာလည်း ဒေါက်တာထားထားလင်းရဲ့ဆောင်ရွက်ချက်တွေကို ကြီးကြပ်စစ်ဆေးဖို့ပျက်ကွက်တာ စီမံခန့်ခွဲဖို့ပျက်ကွက်တာတွေကြောင့်အခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ရခြင်းဖြစ်ပါတယ်လို့ နစက က ထုတ်ပြန် လိုက်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာထားထားလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၆ ၊ ဒေါက်တာစိုးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၆/၆၃ တို့နဲ့အမှုဖွင့်ပြီး တရားစွဲဆိုဖို့ဆောင်ရွက်လျက်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here