အိုမီခရွန်အရေး ဝိုင်းဝန်းဆွေးနွေး ကာကွယ်ရေးနဲ့ ပြင်ဆင်ထားသင့်သည်များပြင်ဆင်နေ

0
236

(Unicode)

အိုမီခရွန်အရေး ဝိုင်းဝန်းဆွေးနွေး ကာကွယ်ရေးနဲ့ ပြင်ဆင်ထားသင့်သည်များပြင်ဆင်နေ

မြန်မာနိုင်ငံထဲ ကိုဗစ်-၁၉ ရောဂါပထမလှိုင်း စတင်ဖြစ်ပွားတာက လေကြောင်းမှတစ်ဆင့် ရောဂါပိုး ဝင်ရောက်ခဲ့လို့ဖြစ်ပြီး၊ ရောဂါ ဖြစ်ပွားမှုများပြားခဲ့တဲ့ ဒုတိယလှိုင်းနဲ့ တတိယလှိုင်း တို့ စတင်ခဲ့တာကတော့ နယ်စပ်ဝင်/ထွက်ပေါက်တွေက တစ်ဆင့် စတင်ဖြစ်ပွားခဲ့တာကို တွေ့ရှိရတဲ့အတွက် လေကြောင်း မှတစ်ဆင့် ဝင်ရောက်လာသူတွေနဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေကနေ ဝင်ရောက်လာသူတွေကနေ ရောဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေဖို့ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေအပြင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို အထူးအလေးပေး ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။

စိုးရိမ်ဖွယ်ကူးစက်ပျံ့နှံ့တွေကို ဖြစ်ပွားနိုင်တဲ့ မျိုးဗီဇ ပြောင်းကိုဗစ်-၁၉ ရောဂါပိုး (Variants of Concern) အုပ်စုထဲအိုမီခရွန် (Omicron) မျိုးဗီဇ ပြောင်းရောဂါပိုး ကို (၂၆-၁၁-၂၀၂၁) ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထပ်မံ ထည့်သွင်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေတာတွေကို တွေ့ရှိနေရတဲ့အတွက် မြန်မာနိုင်ငံထဲ ဗီဇပြောင်းရောဂါပိုးဝင်ရောက်မလာစေဖို့ နိုဝင်ဘာ ၃၀ရက်က နေပြည်တော်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်စဉ် ကျန်းမာရေးဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အဆိုပါ မျိုးဗီဇပြောင်းရောဂါပိုးများ မိမိတို့နိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနဲ့ မိမိတို့ နိုင်ငံမှာ ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ကြီးမားစွာဖြစ်ပေါ်မလာစေရေး၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အချိန်နဲ့ တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်ရမယ်လို့ အစည်းအဝေးမှာပြောပါတယ်။

နောက်ပြီး အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံတွေနဲ့ အခြား အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းဗိုင်းရပ်စ် များ ဝင်ရောက်ကူးစက်ရာနိုင်ငံ/ဒေသများမှ လာရောက်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့်သတ်ချိန် တိုးမြှင့်ထားရှိခြင်းနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

ထို့အတူ နယ်စပ်ဒေသတွေမှာ စနစ်တကျ ကွာရန်တင်းဝင်ရောက်ခြင်းနဲ့ RT-PCR နဲ့ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ကိုလည်း စနစ်တကျ ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်းနဲ့ RT-PCR အဖြေ negative ဖြစ်မှ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျပို့ဆောင်ပေးရမယ်လို့လည်း ပြောပါတယ်။

RT-PCR စက်တွေကို မြဝတီမြို့၊ မူဆယ်မြို့နဲ့ ကျို င်းတုံ မြို့များတွင် တပ်ဆင်ထားပြီး အခြားနယ်စပ်မြို့တွေမှာလည်း တပ်ဆင်ဖို့ ပြင်ဆင်နေတာရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ယာယီရပ်နားထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများ၊ အသွားအလာ ကန့်သတ် ထားရှိတဲ့ Quarantine Center တွေကို အသင့်အနေအထား ပြန်လည်ပြင်ဆင်ဆောင်ရွက် ထားဖို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အဓိကကျတဲ့ ကာကွယ်ဆေး ထိုးလွှမ်းခြုံမှု မြင့်မားစေဖို့ ပြည်သူတွေအနေနဲ့ နိုင်ငံတော်မှထိုးနှံပေးတဲ့ ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးကို လက်လွတ်မခံဘဲ မဖြစ်မနေထိုးနှံကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ရောဂါနဲ့ ပ တ်သက်တဲ့ တစ်ဦးချင်းလိုက်နာရမယ့် အသိပေးချက်သတိပေးချက်နဲ့ ထုတ်ပြန်ကြေငြာချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်သွားဖို့ တိုက်တွန်းထားပါတယ်။

(Zawgyi)

အိုမီခ႐ြန္အေရး ဝိုင္းဝန္းေဆြးေႏြး ကာကြယ္ေရးနဲ႔ ျပင္ဆင္ထားသင့္သည္မ်ားျပင္ဆင္ေန

ျမန္မာႏိုင္ငံထဲ ကိုဗစ္-၁၉ ေရာဂါပထမလႈိင္း စတင္ျဖစ္ပြားတာက ေလေၾကာင္းမွတစ္ဆင့္ ေရာဂါပိုး ဝင္ေရာက္ခဲ့လို႔ျဖစ္ၿပီး၊ ေရာဂါ ျဖစ္ပြားမႈမ်ားျပားခဲ့တဲ့ ဒုတိယလႈိင္းနဲ႔ တတိယလႈိင္း တို႔ စတင္ခဲ့တာကေတာ့ နယ္စပ္ဝင္/ထြက္ေပါက္ေတြက တစ္ဆင့္ စတင္ျဖစ္ပြားခဲ့တာကို ေတြ႕ရွိရတဲ့အတြက္ ေလေၾကာင္း မွတစ္ဆင့္ ဝင္ေရာက္လာသူေတြနဲ႔ နယ္စပ္ဝင္/ထြက္ေပါက္ေတြကေန ဝင္ေရာက္လာသူေတြကေန ေရာဂါကူးစက္ပ်ံ႕ႏွံ႔ျခင္း မရွိေစဖို႔ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြအျပင္ ကိုဗစ္-၁၉ ေရာဂါပိုး မ်ိဳးဗီဇ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းေတြကို အထူးအေလးေပး ေဆာင္႐ြက္မယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ေဒါက္တာသက္ခိုင္ဝင္းကေျပာပါတယ္။

စိုးရိမ္ဖြယ္ကူးစက္ပ်ံ႕ႏွံ႔ေတြကို ျဖစ္ပြားႏိုင္တဲ့ မ်ိဳးဗီဇ ေျပာင္းကိုဗစ္-၁၉ ေရာဂါပိုး (Variants of Concern) အုပ္စုထဲအိုမီခ႐ြန္ (Omicron) မ်ိဳးဗီဇ ေျပာင္းေရာဂါပိုး ကို (၂၆-၁၁-၂၀၂၁) ရက္ေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕က ထပ္မံ ထည့္သြင္းခဲ့ၿပီး ကမာၻတစ္ဝွမ္းမွာ လ်င္ျမန္စြာ ကူးစက္ျပန႔္ပြားေနတာေတြကို ေတြ႕ရွိေနရတဲ့အတြက္ ျမန္မာႏိုင္ငံထဲ ဗီဇေျပာင္းေရာဂါပိုးဝင္ေရာက္မလာေစဖို႔ ႏိုဝင္ဘာ ၃၀ရက္က ေနျပည္ေတာ္မွာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးျပဳလုပ္စဥ္ က်န္းမာေရးဝန္ႀကီးက အထက္ပါအတိုင္းေျပာၾကားခဲ့တာပါ။

ဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက အဆိုပါ မ်ိဳးဗီဇေျပာင္းေရာဂါပိုးမ်ား မိမိတို႔ႏိုင္ငံအတြင္းသို႔ မဝင္ေရာက္လာေစေရးနဲ႔ မိမိတို႔ ႏိုင္ငံမွာ ေရာဂါျဖစ္ပြားမႈလႈိင္း ေနာက္ထပ္တစ္ခုအျဖစ္ ႀကီးမားစြာျဖစ္ေပၚမလာေစေရး၊ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြနဲ႔ ဘက္ေပါင္းစုံမွ ႀကိဳတင္ျပင္ဆင္မႈေတြကို စနစ္တက် စီမံခ်က္ေရးဆြဲၿပီး အခ်ိန္နဲ႔ တစ္ေျပးညီ လ်င္ျမန္စြာေဆာင္႐ြက္ရမယ္လို႔ အစည္းအေဝးမွာေျပာပါတယ္။

ေနာက္ၿပီး အာဖရိကတိုက္ေတာင္ပိုင္းေဒသႏိုင္ငံေတြနဲ႔ အျခား အိုမီခ႐ြန္ (Omicron) မ်ိဳးဗီဇေျပာင္းဗိုင္းရပ္စ္ မ်ား ဝင္ေရာက္ကူးစက္ရာႏိုင္ငံ/ေဒသမ်ားမွ လာေရာက္သူေတြကို ခရီးသြားလာခြင့္ ပိတ္ပင္ျခင္း (သို႔မဟုတ္) အသြားအလာကန႔္သတ္ခ်ိန္ တိုးျမႇင့္ထားရွိျခင္းနဲ႔ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ၊ မရွိ RT-PCR ျဖင့္ အႀကိမ္တိုးျမႇင့္စစ္ေဆးျခင္းတို႔ကို ေဆာင္႐ြက္သြားမယ္လို႔လည္း ဝန္ႀကီးက ဆက္ေျပာပါတယ္။

ထို႔အတူ နယ္စပ္ေဒသေတြမွာ စနစ္တက် ကြာရန္တင္းဝင္ေရာက္ျခင္းနဲ႔ RT-PCR နဲ႔ ဓါတ္ခြဲစမ္းသပ္စစ္ေဆးျခင္း ကိုလည္း စနစ္တက် ေဆာင္႐ြက္ရမွာျဖစ္တဲ့အေၾကာင္းနဲ႔ RT-PCR အေျဖ negative ျဖစ္မွ ျမန္မာႏိုင္ငံအတြင္းရွိ သက္ဆိုင္ရာေဒသမ်ားသို႔ စနစ္တက်ပို႔ေဆာင္ေပးရမယ္လို႔လည္း ေျပာပါတယ္။

RT-PCR စက္ေတြကို ျမဝတီၿမိဳ႕၊ မူဆယ္ၿမိဳ႕နဲ႔ က်ိဳ င္းတုံ ၿမိဳ႕မ်ားတြင္ တပ္ဆင္ထားၿပီး အျခားနယ္စပ္ၿမိဳ႕ေတြမွာလည္း တပ္ဆင္ဖို႔ ျပင္ဆင္ေနတာရွိပါတယ္။

က်န္းမာေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ယာယီရပ္နားထားတဲ့ ကိုဗစ္-၁၉ ေရာဂါ ကုသေရးဌာနမ်ား၊ အသြားအလာ ကန႔္သတ္ ထားရွိတဲ့ Quarantine Center ေတြကို အသင့္အေနအထား ျပန္လည္ျပင္ဆင္ေဆာင္႐ြက္ ထားဖို႔၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရးအတြက္ အဓိကက်တဲ့ ကာကြယ္ေဆး ထိုးလႊမ္းၿခဳံမႈ ျမင့္မားေစဖို႔ ျပည္သူေတြအေနနဲ႔ ႏိုင္ငံေတာ္မွထိုးႏွံေပးတဲ့ ကိုဗစ္ ၁၉ေရာဂါကာကြယ္ေဆးကို လက္လြတ္မခံဘဲ မျဖစ္မေနထိုးႏွံၾကဖို႔၊ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားတဲ့ ကိုဗစ္ ၁၉ေရာဂါနဲ႔ ပ တ္သက္တဲ့ တစ္ဦးခ်င္းလိုက္နာရမယ့္ အသိေပးခ်က္သတိေပးခ်က္နဲ႔ ထုတ္ျပန္ေၾကျငာခ်က္မ်ားကို တိတိက်က်လိုက္နာ ေဆာင္႐ြက္သြားဖို႔ တိုက္တြန္းထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here