UK တွင် အရွယ်ရောက်ပြီးသူတိုင်းကို ဇန်နဝါရီ လကုန်မှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးပေးမည်

0
120

(Unicode)

UK တွင် အရွယ်ရောက်ပြီးသူတိုင်းကို ဇန်နဝါရီ လကုန်မှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးပေးမည်

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အစိုးရအနေနဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ အသက်၁၈နှစ်နှင့်အထက်များကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးနိုင်ဖို့ မျှောလင့်ထားပါတယ်။

ဒီအစီအစဉ်ကို င်္အဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဗြိတိန်ဟာ Omicron ဗိုင်းရပ်ကူးစက်ခံထားရတဲ့ ကူးစက်မှု ၂၂ခုကိုလည်း အတည်ပြုခဲ့ပါတယ်။

Johnson က ” Omicron ကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးသောကာကွယ်ရေးက ကာကွယ် ဆေးထိုးပြီး အားကောင်းလာဖို့ပါပဲ” လို့ ပြောပါတယ်။

အရည်အချင်းပြည့်မီသူတိုင်း ကာကွယ်ဆေးရရှိမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ ဝန်ထမ်းတွေကို ကူညီဖို့အတွက် တပ်မတော် သားများကိုလည်း စေလွှတ်ပေးမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဗြိတိန်အစိုးရဟာ ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းနဲ့ အခြားအစီအမံတွေဟာ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို နိုင်ငံတွင်း တွေ့ရှိခဲ့တာကြောင့် အင်္ဂလန် ဟာ င်္အဂါနေ့ကစပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့ပါတယ်။

အဲ့ဒီထဲမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ ဆိုင်တွေမှာ နှာခေါင်းစည်း mask တွေတပ်ဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် UK ကိုရောက်လာတဲ့ မည်သူမဆို ရောက်ပြီး ၂ရက်မြောက်နေ့တွင် PCR စစ်ဆေးမှုများပြုလုပ်ရမှာဖြစ်ပြီး Negative အဖြေမထွက်မချင်း မိမိဘာသာမိမိသီးသန့်ခွဲနေရမယ် လို့လည်း ဆိုထားပါတယ်။

အခုလိုချမှတ်တဲ့စည်းမျဉ်းတွေဟာ ဘယ်လော က်ထိ ထိရောက်မယ်မှန်းမသိပေမယ့်လည်း နှာခေါင်းစည်း Mask တွေကို ဝတ်ဆင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ နိုင်ငံသားတစ်ဦးက ပြောပြပါတယ်။

ပြည်သူအချို့ကလည်း သွားလာလှုပ်ရှားမှုအပေါ် တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ နောက် တကြိမ်ပြန်အသက်ဝင်လာမှာကို စိုးရိမ်နေကြပါတယ်။

Photo credit-The Guardian

(Zawgyi)















LEAVE A REPLY

Please enter your comment!
Please enter your name here