ဒလမြို့နဲ့ လှိုင်သာယာက အိမ်ထောင်စု၂၀၀၀ကို တရုတ်သံရုံးက ဆန်ဆီများဝေ

0
152

(Unicode)

ဒလမြို့နဲ့ လှိုင်သာယာက အိမ်ထောင်စု၂၀၀၀ကို တရုတ်သံရုံးက ဆန်ဆီများဝေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်က အိမ်ထောင်စု၁၀၀၀ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ဆန်၊ဆီ၊ပဲနဲ့ အခြေခံစားနပ်ရိက္ခာတွေကို နိုဝင်ဘာလ၃၀ရက်က ပေးဝေခဲ့တယ်လို့ သံရုံးဘက်ကသတင်းထုတ်ပြန်ပါတယ်။

“လှူဒါန်းတဲ့ပစ္စည်းတွေက အခြေခံပြည်သူတွေရဲ့ လူနေမှုဘဝအခက်အခဲကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း”သံရုံးကပြောပါတယ်။

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာရှိတဲ့ အောင်တော်မူဘုန်းတော်ကြီးကျောင်းတိုက်နဲ့ ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နေရာတွေမှာ အိမ်ထောင်စုတွေကို လှူဒါန်းခဲ့တာပါ။

ကျန်စစ်သားရပ်ကွက်နဲ့ ကမာကဆစ်ရပ်ကွက်အတွင်းက အိမ်ထောင်စု ၁၀၀၀ ကိုပေးဝေခဲ့တာလို့ သိရပါတယ်။

တရုတ်သံရုံးဟာ နိုဝင်ဘာ၃၀ရက်နေ့မှာပဲ လှိုင်သာယာမြို့နယ်အတွင်းက အိမ်ထောင်စု ၁၀၀၀ကို အခုလိုမျိုးပဲ ဆန်၊ပဲ၊ဆီ နဲ့ အခြေခံစားနပ်ရိက္ခာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သံရုံးကပြောဆိုထားပါတယ်။

ဓါတ်ပုံ- ဒလမြို့နယ် ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ

(Zawgyi)

ဒလၿမိဳ႕နဲ႔ လႈိင္သာယာက အိမ္ေထာင္စု၂၀၀၀ကို တ႐ုတ္သံ႐ုံးက ဆန္ဆီမ်ားေဝ

ရန္ကုန္တိုင္းေဒသႀကီး ဒလၿမိဳ႕နယ္က အိမ္ေထာင္စု၁၀၀၀ကို ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး ဆန္၊ဆီ၊ပဲနဲ႔ အေျခခံစားနပ္ရိကၡာေတြကို ႏိုဝင္ဘာလ၃၀ရက္က ေပးေဝခဲ့တယ္လို႔ သံ႐ုံးဘက္ကသတင္းထုတ္ျပန္ပါတယ္။

“လႉဒါန္းတဲ့ပစၥည္းေတြက အေျခခံျပည္သူေတြရဲ႕ လူေနမႈဘဝအခက္အခဲကို ေျဖရွင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း”သံ႐ုံးကေျပာပါတယ္။

ဒလၿမိဳ႕နယ္ က်န္စစ္သားရပ္ကြက္မွာရွိတဲ့ ေအာင္ေတာ္မူဘုန္းေတာ္ႀကီးေက်ာင္းတိုက္နဲ႔ ကမာကဆစ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ေနရာေတြမွာ အိမ္ေထာင္စုေတြကို လႉဒါန္းခဲ့တာပါ။

က်န္စစ္သားရပ္ကြက္နဲ႔ ကမာကဆစ္ရပ္ကြက္အတြင္းက အိမ္ေထာင္စု ၁၀၀၀ ကိုေပးေဝခဲ့တာလို႔ သိရပါတယ္။

တ႐ုတ္သံ႐ုံးဟာ ႏိုဝင္ဘာ၃၀ရက္ေန႔မွာပဲ လႈိင္သာယာၿမိဳ႕နယ္အတြင္းက အိမ္ေထာင္စု ၁၀၀၀ကို အခုလိုမ်ိဳးပဲ ဆန္၊ပဲ၊ဆီ နဲ႔ အေျခခံစားနပ္ရိကၡာေတြကို ေပးေဝလႉဒါန္းခဲ့တယ္လို႔ သံ႐ုံးကေျပာဆိုထားပါတယ္။

ဓါတ္ပုံ- ဒလၿမိဳ႕နယ္ ကိုဗစ္-၁၉ သတင္းျပန္ၾကားေရးေကာ္မတီ


LEAVE A REPLY

Please enter your comment!
Please enter your name here