တောင်အမေရိကမှာ ပထမဆုံး Omicron ကူးစက်မှု တွေ့ရှိကြောင်း ဘရာဇီးထုတ်ပြန်

0
155

(Unicode)

တောင်အမေရိကမှာ ပထမဆုံး Omicron ကူးစက်မှု တွေ့ရှိကြောင်း ဘရာဇီးထုတ်ပြန်

ဘရာဇီးဟာ တောင်အမေရိကတိုက်မှာ ဖြစ်ပွါးတဲ့ Omicron ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ၂ခုကို အတည်ပြုခဲ့ပါတယ်။

ဘရာဇီးရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ဆော်ပေါ်လိုရဲ့ အစိုးရက ၄၁နှစ်အရွယ် အမျိုးသားနဲ့၃၇နှစ်အရွယ်အမျိုးသမီးတို့ဆီမှာ Omicron မျိုးကွဲကူးစက်ထားတာကို တွေ့ရတယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

တောက်အာဖရိကမှ ခရီးသွား ၂ဦးဟာ ဘရာဇီးကို နိုဝင်ဘာ ၂၃ရက်နေ့ကရောက်ရှိလာခဲ့ပြီး တောင်အာဖရိကကို ပြန်ဖို့ကြိုးပမ်းချိန် လေ ဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

နောက်ထပ်စမ်းသပ်စစ်ဆေးမှုများက ၄င်းဟာ Omicron အမျိုးအစားဖြစ်ကြောင်း စစ်ဆေးအတည်ပြုခဲ့ပါတယ်။

ဘရာဇီးအစိုးရဟာ တနင်္လာနေ့ကစပြီး တောင် အာဖရိကနဲ့ အာဖရိကတောင်ပိုင်းရှိနိုင်ငံ ၅နိုင်ငံမှ ဝင်ခွင့်တွေကို တားမြစ်ခဲ့ပါတယ်။

Source-NHK

Photo credit-DW

(Zawgyi)







Source-NHK

Photo credit-DW


LEAVE A REPLY

Please enter your comment!
Please enter your name here