မြို့တော်ခန်းမရှေ့ ရေစုကန်တည်ဆောက်မှု ၂၀% ပြီးစီး

0
240

(Unicode)

မြို့တော်ခန်းမရှေ့ ရေစုကန်တည်ဆောက်မှု ၂၀% ပြီးစီး

မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းချိန်နှင့် မြစ်ရေတက်ချိန်တို့တိုက်ဆိုင်ချိန်တွင် ရန်ကုန်မြို့လယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ် ပေါ်လေ့ရှိပါတယ်။

ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဦးစီးကာ မဟာဗန္ဓုလလမ်းပေါ် မြို့ တော်ခန်းမရှေ့မှာ အလျား ၇၀ပေ၊အနံ ၃၃ပေ၊အနက် ၇ပေရှိပြီး ရေဂါလံ ၁သိန်းဆန့်တဲ့ ရေစုကန်ကို တည်ဆောက်လျက်ရှိပါတယ်။

၄င်းရေစုကန်တည်ဆောက်ထားမှုစနစ်မှာ လမ်းပေါ်မှရေများဟာ အကျယ် ၃ပေရှိရေမြောင်းမှ တဆင့် ရေစုကန်ထဲသို့စီးဝင်စေကာ ယာယီသို လှောင်ပြီး ၄င်းမှတဆင့် အကျယ် ၃ပေရှိ ရေ မြောင်းဖြင့် မဟာဗန္ဓုလပန်းခြံဘေး ရေမြောင်းသို့ ဖောက်ထုတ်နိုင်ဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။

၄င်းရေစုကန်တည်ဆောက်တဲ့လုပ်ငန်းဟာ ၂၀% ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု) ဟာ ပုလဲလမ်းမကြီးပေါ်ရှိ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း သံမဏိစက်ရုံရှေ့တွင် အရှည် ၈၀၀ ပေ၊အကျယ် ၄ပေ၊အနက် ၅ပေရှိတဲ့ ရေအုတ်မြောင်းတည်ဆောက်နေပြီး ၄င်းမှာ ၂၅% ပြီးစီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

(Zawgyi)

ၿမိဳ႕ေတာ္ခန္းမေရွ႕ ေရစုကန္တည္ေဆာက္မႈ ၂၀% ၿပီးစီး

မိုးရာသီကာလအတြင္း မိုးသည္းထန္စြာ႐ြာသြန္းခ်ိန္ႏွင့္ ျမစ္ေရတက္ခ်ိန္တို႔တိုက္ဆိုင္ခ်ိန္တြင္ ရန္ကုန္ၿမိဳ႕လယ္မွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ ေပၚေလ့ရွိပါတယ္။

ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ အင္ဂ်င္နီယာဌာန(ေရစီးေရလာစီမံခန္႔ခြဲမႈ)မွ ဦးစီးကာ မဟာဗႏၶဳလလမ္းေပၚ ၿမိဳ႕ ေတာ္ခန္းမေရွ႕မွာ အလ်ား ၇၀ေပ၊အနံ ၃၃ေပ၊အနက္ ၇ေပရွိၿပီး ေရဂါလံ ၁သိန္းဆန္႔တဲ့ ေရစုကန္ကို တည္ေဆာက္လ်က္ရွိပါတယ္။

၄င္းေရစုကန္တည္ေဆာက္ထားမႈစနစ္မွာ လမ္းေပၚမွေရမ်ားဟာ အက်ယ္ ၃ေပရွိေရေျမာင္းမွ တဆင့္ ေရစုကန္ထဲသို႔စီးဝင္ေစကာ ယာယီသို ေလွာင္ၿပီး ၄င္းမွတဆင့္ အက်ယ္ ၃ေပရွိ ေရ ေျမာင္းျဖင့္ မဟာဗႏၶဳလပန္းၿခံေဘး ေရေျမာင္းသို႔ ေဖာက္ထုတ္ႏိုင္ဖို႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။

၄င္းေရစုကန္တည္ေဆာက္တဲ့လုပ္ငန္းဟာ ၂၀% ၿပီးစီးၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ အင္ဂ်င္နီယာဌာန(ေရစီးေရလာစီမံခန္႔ခြဲမႈ) ဟာ ပုလဲလမ္းမႀကီးေပၚရွိ ျမန္မာ့စီးပြါးေရးေကာ္ပိုေရးရွင္း သံမဏိစက္႐ုံေရွ႕တြင္ အရွည္ ၈၀၀ ေပ၊အက်ယ္ ၄ေပ၊အနက္ ၅ေပရွိတဲ့ ေရအုတ္ေျမာင္းတည္ေဆာက္ေနၿပီး ၄င္းမွာ ၂၅% ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here