ရွှေပြားသင်္ကန်းတော်အတွက် ရွှေစင်တစ်ကျပ်သားငွေကျပ်၁၆သိန်းနှုန်းဖြင့် ဆက်ကပ်နိုင်

0
180

(Unicode)

ရွှေပြားသင်္ကန်းတော်အတွက် ရွှေစင်တစ်ကျပ်သားငွေကျပ်၁၆သိန်းနှုန်းဖြင့် ဆက်ကပ်နိုင်

ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ရွှေပြားသင်္ကန်းတော်များ အလှူခံခြင်းနှင့် ပတ်သက်၍ အလှူရှင်များ လှူဒါန်းနိုင်ရန်အတွက် ရွှေစင်တစ်ကျပ်သားလျှင် ငွေကျပ် ၁၆သိန်း သတ်မှတ်အလှူခံမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများထံ နိုဝင်ဘာ၃၀ရက်က လျှောက်ထားခဲ့သည်ဟု သိရသည်။

ယခုအခါတွင် ရွှေဈေးနှုန်းများ ပြန်လည်တည်ငြိမ်လာပြီဖြစ်၍ ဘုရားဖူး အများပြည်သူအလှူရှင်များအနေဖြင့် ရွှေစင်ပြားများ လှူဒါန်းလိုပါက လှူဒါန်းနိုင်ရန်အတွက်ဖြစ်သည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဒီဇင်ဘာ၁ရက် သတင်းထုတ်ပြန်ချက်ကဖော်ပြသည်။

နိုဝင်ဘာ၃၀ရက်က ပြုလုပ်သောရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားအတွင်း အထက်ဖော်ပြပါ ဂေါပကအဖွဲ့၏ လျှောက်ထားချက်ကို ဩဝါဒါစရိယ ဆရာတော်ကြီးများက သင့်မြတ်ကြောင်း ဩဝါဒကထာများ မြွက်ကြား တော်မူခဲ့ကြောင်းလည်းသိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအားစနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်(အစိုးရရုံးပိတ်ရက်)များတွင် နံနက်(၅)နာရီ မှည(၇)နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ထားပြီး ကျန်ရက်များတွင် နေ့စဉ်နံနက်(၅)နာရီ မှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

(Zawgyi)

ေ႐ႊျပားသကၤန္းေတာ္အတြက္ ေ႐ႊစင္တစ္က်ပ္သားေငြက်ပ္၁၆သိန္းႏႈန္းျဖင့္ ဆက္ကပ္ႏိုင္

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအတြက္ ေ႐ႊျပားသကၤန္းေတာ္မ်ား အလႉခံျခင္းႏွင့္ ပတ္သက္၍ အလႉရွင္မ်ား လႉဒါန္းႏိုင္ရန္အတြက္ ေ႐ႊစင္တစ္က်ပ္သားလွ်င္ ေငြက်ပ္ ၁၆သိန္း သတ္မွတ္အလႉခံမည္ျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕က ေ႐ႊတိဂုံေစတီေတာ္ ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ားထံ ႏိုဝင္ဘာ၃၀ရက္က ေလွ်ာက္ထားခဲ့သည္ဟု သိရသည္။

ယခုအခါတြင္ ေ႐ႊေဈးႏႈန္းမ်ား ျပန္လည္တည္ၿငိမ္လာၿပီျဖစ္၍ ဘုရားဖူး အမ်ားျပည္သူအလႉရွင္မ်ားအေနျဖင့္ ေ႐ႊစင္ျပားမ်ား လႉဒါန္းလိုပါက လႉဒါန္းႏိုင္ရန္အတြက္ျဖစ္သည္ဟု ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕၏ ဒီဇင္ဘာ၁ရက္ သတင္းထုတ္ျပန္ခ်က္ကေဖာ္ျပသည္။

ႏိုဝင္ဘာ၃၀ရက္က ျပဳလုပ္ေသာေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕၏ ဩဝါဒါစရိယဆရာေတာ္ႀကီးမ်ားထံမွ ဩဝါဒခံယူပြဲ အခမ္းအနားအတြင္း အထက္ေဖာ္ျပပါ ေဂါပကအဖြဲ႕၏ ေလွ်ာက္ထားခ်က္ကို ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ားက သင့္ျမတ္ေၾကာင္း ဩဝါဒကထာမ်ား ႁမြက္ၾကား ေတာ္မူခဲ့ေၾကာင္းလည္းသိရသည္။

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအားစေန၊ တနဂၤေႏြႏွင့္ အမ်ားျပည္သူ႐ုံးပိတ္ရက္(အစိုးရ႐ုံးပိတ္ရက္)မ်ားတြင္ နံနက္(၅)နာရီ မွည(၇)နာရီအထိ အခ်ိန္တိုးျမႇင့္ဖြင့္လွစ္ထားၿပီး က်န္ရက္မ်ားတြင္ ေန႔စဥ္နံနက္(၅)နာရီ မွ ညေန(၆)နာရီအထိ ဖြင့္လွစ္ထားေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here