စစ်ကိုင်းတိုင်း မြို့နယ်လေးခုက ပြည်သူ နှစ်သောင်းခွဲကျော် ထပ်မံနေရပ်စွန့်ခွာခဲ့ရဟုOCHAဆို

0
318

(Unicode)

စစ်ကိုင်းတိုင်း မြို့နယ်လေးခုက ပြည်သူ နှစ်သောင်းခွဲကျော် ထပ်မံနေရပ်စွန့်ခွာခဲ့ရဟုOCHAဆို

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေကို ထပ်မံတွေ့ရှိနေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ဒီကနေ့မှာ အစီရင်ခံစာတစ်ရပ်နဲ့ ပြောဆိုပါတယ်။

တပ်မတော်၊ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ အခြားဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်း၊ အထူးသဖြင့်စစ်ကိုင်းတိုင်းဒေသကြီးက လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားလျက်ရှိပြီး နိုင်ငံတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရမှုများကို ထပ်မံတွေ့ရှိရတယ်လို့ OCHAရဲ့ အစီရင်ခံစာထဲဖော်ပြပါတယ်။

ယခုအစီရင်ခံစာရေးသားချိန်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်လေးခုမှာ လူဦးရေ ၂၆,၀၀၀ ကျော်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ကိန်းဂဏန်းများအရ အဆိုပါ‌တိုင်းဒေသကြီးမှာ တိုက်ပွဲရှောင်သူစုစုပေါင်း ၄၁,၀၀၀ နီးပါးရှိလာပြီလို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။

နောက်ပြီး ယခုအချိန်အထိ လူဦးရေ ၂၃,၃၀၀ ခန့်ဟာ ချင်းပြည်နယ်က ယာယီစခန်းတွေမှာ နေထိုင်ရလျက်ရှိပြီး မကွေးတိုင်းဒေသကြီးမှာ ၁၁,၇၅၀ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်း၊ ဖေဖေါ်ဝါရီလကတည်းက အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးလာသူပေါင်း ၁၅,၀၀၀ ခန့်ရှိခဲ့ပြီး ထပ်မံထွက်ပြေးမှုများလည်း ရှိနေတဲ့အကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့က မီးလောင်မှုကြောင့် ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပါအဝင် အနည်းဆုံး အိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စက်တင်ဘာလ ၁၈ရက်ကတည်းကဆိုလျှင် မီးလောင်ပျက်စီးသွားသည့် အိမ်ပေါင်း ၃၈၆ လုံးရှိသွားခဲ့ပြီဆိုတဲ့အကြောင်းနဲ့ မြို့နေလူထုမှာတော့ ပြီးခဲ့တဲ့လကတည်းက မြို့ကိုစွန့်ခွာသွားခဲ့ပြီး အိန္ဒိယနိုင်ငံနယ်စပ်မှာ ယာယီနေထိုင်နေရတဲ့အကြောင်း အစီရင်ခံစာထဲ ထည့်သွင်းဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများဟာ ချင်းပြည်နယ်အတွင်းက ပဋိပက္ခဒဏ်ခံစားရတဲ့နေရာတွေမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်နေမှုတွေအတွက် စိုးရိမ်နေပြီး အကူအညီလိုအပ်နေတဲ့ နေရပ်စွန့်ခွာလာသူ ၄,၀၀၀ ခန့်နဲ့ လက်ခံလူထု ၂၂,၀၀၀ အပါအဝင် လူပေါင်း ၂၆,၀၀၀ ခန့်ရှိနေတဲ့ မင်းတပ်မြို့သို့ အရေးပေါ်သွားလာခွင့်ရရှိရန်ကြိုးပမ်းနေကြတယ်လို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ဒီကနေ့မှာ အစီရင်ခံစာတစ်ရပ်နဲ့ ပြောဆိုပါတယ်။

(Zawgyi)

စစ္ကိုင္းတိုင္း ၿမိဳ႕နယ္ေလးခုက ျပည္သူ ႏွစ္ေသာင္းခြဲေက်ာ္ ထပ္မံေနရပ္စြန႔္ခြာခဲ့ရဟုOCHAဆို

ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ႏိုင္ငံတြင္းအိုးအိမ္စြန႔္ခြာထြက္ေျပးရမႈေတြကို ထပ္မံေတြ႕ရွိေနရတယ္လို႔ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (OCHA)က ဒီကေန႔မွာ အစီရင္ခံစာတစ္ရပ္နဲ႔ ေျပာဆိုပါတယ္။

တပ္မေတာ္၊ ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ အျခားေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား ပိုမိုျပင္းထန္လာတဲ့ တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံရဲ႕အေနာက္ေျမာက္ပိုင္း၊ အထူးသျဖင့္စစ္ကိုင္းတိုင္းေဒသႀကီးက လူသားခ်င္းစာနာမႈအေျခအေနဟာ ဆက္လက္ဆိုး႐ြားလ်က္ရွိၿပီး ႏိုင္ငံတြင္းအိုးအိမ္စြန႔္ခြာထြက္ေျပးရမႈမ်ားကို ထပ္မံေတြ႕ရွိရတယ္လို႔ OCHAရဲ႕ အစီရင္ခံစာထဲေဖာ္ျပပါတယ္။

ယခုအစီရင္ခံစာေရးသားခ်ိန္အတြင္း စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ေလးခုမွာ လူဦးေရ ၂၆,၀၀၀ ေက်ာ္ဟာ ထပ္မံေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရၿပီး ႏိုဝင္ဘာ ၂၂ ရက္ေန႔က ကိန္းဂဏန္းမ်ားအရ အဆိုပါ‌တိုင္းေဒသႀကီးမွာ တိုက္ပြဲေရွာင္သူစုစုေပါင္း ၄၁,၀၀၀ နီးပါးရွိလာၿပီလို႔လည္း အစီရင္ခံစာမွာေဖာ္ျပပါတယ္။

ေနာက္ၿပီး ယခုအခ်ိန္အထိ လူဦးေရ ၂၃,၃၀၀ ခန႔္ဟာ ခ်င္းျပည္နယ္က ယာယီစခန္းေတြမွာ ေနထိုင္ရလ်က္ရွိၿပီး မေကြးတိုင္းေဒသႀကီးမွာ ၁၁,၇၅၀ခန႔္ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတဲ့အေၾကာင္း၊ ေဖေဖၚဝါရီလကတည္းက အိႏၵိယႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ထြက္ေျပးလာသူေပါင္း ၁၅,၀၀၀ ခန႔္ရွိခဲ့ၿပီး ထပ္မံထြက္ေျပးမႈမ်ားလည္း ရွိေနတဲ့အေၾကာင္း၊ ႏိုဝင္ဘာ ၂၈ ရက္ေန႔က မီးေလာင္မႈေၾကာင့္ ထန္တလန္ၿမိဳ႕မွာ ခရစ္ယာန္ဘုရားေက်ာင္းတစ္ခုအပါအဝင္ အနည္းဆုံး အိမ္ေျခ ၄၀ ခန႔္ ပ်က္စီးဆုံးရႈံးခဲ့ၿပီး စက္တင္ဘာလ ၁၈ရက္ကတည္းကဆိုလွ်င္ မီးေလာင္ပ်က္စီးသြားသည့္ အိမ္ေပါင္း ၃၈၆ လုံးရွိသြားခဲ့ၿပီဆိုတဲ့အေၾကာင္းနဲ႔ ၿမိဳ႕ေနလူထုမွာေတာ့ ၿပီးခဲ့တဲ့လကတည္းက ၿမိဳ႕ကိုစြန႔္ခြာသြားခဲ့ၿပီး အိႏၵိယႏိုင္ငံနယ္စပ္မွာ ယာယီေနထိုင္ေနရတဲ့အေၾကာင္း အစီရင္ခံစာထဲ ထည့္သြင္းဆိုပါတယ္။

ဒါ့အျပင္ လူသားခ်င္းစာနာမႈလုပ္ငန္းေဆာင္႐ြက္သူမ်ားဟာ ခ်င္းျပည္နယ္အတြင္းက ပဋိပကၡဒဏ္ခံစားရတဲ့ေနရာေတြမွာ အစားအစာ၊ ေလာင္စာဆီနဲ႔ ေဆးဝါးျပတ္လပ္ေနမႈေတြအတြက္ စိုးရိမ္ေနၿပီး အကူအညီလိုအပ္ေနတဲ့ ေနရပ္စြန႔္ခြာလာသူ ၄,၀၀၀ ခန႔္နဲ႔ လက္ခံလူထု ၂၂,၀၀၀ အပါအဝင္ လူေပါင္း ၂၆,၀၀၀ ခန႔္ရွိေနတဲ့ မင္းတပ္ၿမိဳ႕သို႔ အေရးေပၚသြားလာခြင့္ရရွိရန္ႀကိဳးပမ္းေနၾကတယ္လို႔လည္း ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (OCHA)က ဒီကေန႔မွာ အစီရင္ခံစာတစ္ရပ္နဲ႔ ေျပာဆိုပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here