Rain ရဲ့ဇာတ်လမ်းသစ် ၂၀၂၂ ဇန်နဝါရီတွင် ပြမည်

0
195

(Unicode)

Rain ရဲ့ဇာတ်လမ်းသစ် ၂၀၂၂ ဇန်နဝါရီတွင် ပြမည်

အသစ်ထွက်မယ့် ဒရာမာ Ghost Doctor မှာ Rain ပါဝင်မယ်လို့ tvN က ကြေညာလိုက်ပါတယ်။

Ghost Doctor ဟာ ဆေးဘက်ဆိုင်ရာ ဒရာမာတစ်ခုဖြစ်ပြီး ကွဲပြားခြားနားတဲ့ နောက်ခံအ သိုင်းအဝိုင်း၊ ကျွမ်းကျင်မှုနဲ့ကိုယ်ရည်ကိုယ် သွေးတွေရှိတဲ့ ဆရာဝန်နှစ်ယောက်ဟာ နောက်ဆုံးမှု စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ပေါင်းစပ်သွားတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းထဲမှာတော့ Rain က ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးရှိပေမယ့် မာနကြီးပြီး တကိုယ်ကောင်းဆန်တဲ့ ရင်ခေါင်းခွဲစိတ်ဆရာဝန် Cha Young Min အဖြစ် သရုပ် ဆောင်မှာဖြစ် ပြီး Kim Bum ကတော့ Silver-Spoon မှာနေထိုင်သူ Go Seung Tak အဖြစ်ပါဝင်မှာပါ။

Apink အဖွဲ့ဝင် Son Naeun က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ အံ့ဩဖွယ်ရာတွေကို ယုံကြည် သူ အရေးပေါ်ခန်းက အလုပ်သင်ဆရာဝန်မလေး Oh Soo Jung အဖြစ်ပါဝင်သရုပ်ဆောင် မှာပါ။

ဒရာမာထုတ်လုပ်သူတွေကတော့”Rain ဟာ Cha Youn Min ကို သူ့စတိုင်နဲ့သူဖန်တီးထားပြီး အစားထိုးလို့မရတဲ့ သရုပ်ဆောင်တစ်ယောက် ပါ” လို့ ပြောဆိုထားပါတယ်။

Ghost Doctor ကိုတော့ ၂၀၂၂ခုနှစ် ၊ဇန်နဝါရီ ၄ရက်နေ့မှာ ကိုရီးယားစံတော်ချိန် ည ၁၀နာရီခွဲအချိန်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here