တွံတေးတွင် USDPစည်းရုံးရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
106

(Unicode)

တွံတေးတွင် USDPစည်းရုံးရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ USDPပါတီ စည်းရုံးရေးမှူးတစ်ဦး ယနေ့ ဒီဇင်ဘာမနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု တိုင်းပါတီရုံးတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

“ဒီနေ့မနက်က ဖြစ်သွားတာ။သူက ပါတီက ရပ်ကျေး စည်းရုံးရေးမှူးတစ်ဦးဖြစ်ပါတယ်။လဝက ရုံးကနေပြန်လာရင်း ရွာထိပ်မှာ သေနတ်နဲ့ အပစ်ခံရတာလို့ သိရပါတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းတွံတေးမြို့နယ်အတွင်းပါတီနှင့်ပတ်သတ်သည့်သူ သေဆုံးမှုမှာ ပထမဦးဆုံးဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

“ကွမ်းခြံကုန်းကတော့ ၂ဦး၊၃ဦးရှိပြီ။တွံတေးကတော့ အခုမှ ကြားတာ”ဟုဆက်ပြောသည်။

ရပ်ကျေးစည်းရုံးရေးမှူးသည် တွံတေးမြို့နယ်၊ တွံတေး-မအူပင်သွားကားလမ်းပေါ် တွင် တူဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးနေစဉ် အမည်မသိသေနတ်သမား၂ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟုသိရကာ တူဖြစ်သူကို လက်ရှိတွင် ဆေးရုံပို့ထားသည်။

(Zawgyi)

တြံေတးတြင္ USDPစည္း႐ုံးေရးမႉးတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္တိုင္း တြံေတးၿမိဳ႕နယ္မွ USDPပါတီ စည္း႐ုံးေရးမႉးတစ္ဦး ယေန႔ ဒီဇင္ဘာမနက္ပိုင္းက ေသနတ္ျဖင့္ ပစ္သတ္ခံရၿပီး ေသဆုံးသြားသည္ဟု တိုင္းပါတီ႐ုံးတာဝန္ရွိသူတစ္ဦးက အတည္ျပဳေျပာသည္။

“ဒီေန႔မနက္က ျဖစ္သြားတာ။သူက ပါတီက ရပ္ေက်း စည္း႐ုံးေရးမႉးတစ္ဦးျဖစ္ပါတယ္။လဝက ႐ုံးကေနျပန္လာရင္း ႐ြာထိပ္မွာ ေသနတ္နဲ႔ အပစ္ခံရတာလို႔ သိရပါတယ္”ဟု ၎ကေျပာသည္။

ရန္ကုန္တိုင္းတြံေတးၿမိဳ႕နယ္အတြင္းပါတီႏွင့္ပတ္သတ္သည့္သူ ေသဆုံးမႈမွာ ပထမဦးဆုံးျဖစ္ႏိုင္ေၾကာင္း ၎ကေျပာသည္။

“ကြမ္းၿခံကုန္းကေတာ့ ၂ဦး၊၃ဦးရွိၿပီ။တြံေတးကေတာ့ အခုမွ ၾကားတာ”ဟုဆက္ေျပာသည္။

ရပ္ေက်းစည္း႐ုံးေရးမႉးသည္ တြံေတးၿမိဳ႕နယ္၊ တြံေတး-မအူပင္သြားကားလမ္းေပၚ တြင္ တူျဖစ္သူႏွင့္အတူ ဆိုင္ကယ္စီးေနစဥ္ အမည္မသိေသနတ္သမား၂ဦးက ပစ္သတ္ခဲ့ျခင္းျဖစ္သည္ဟုသိရကာ တူျဖစ္သူကို လက္ရွိတြင္ ေဆး႐ုံပို႔ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here