ပြည်မြို့မစျေးက ဆိုင်ပိုင်ရှင်ကို ကော်သေနတ်နဲ့ချိန်ပြီး ရွှေထည်တွေကိုလုယက်

0
181

(Unicode)

ပြည်မြို့မစျေးက ဆိုင်ပိုင်ရှင်ကို ကော်သေနတ်နဲ့ချိန်ပြီး ရွှေထည်တွေကိုလုယက်

ပဲခူးတိုင်း၊ပြည်မြို့က ပြည်မြို့မစျေးမှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ထဲကို ဒီနေ့မနက် ၈ နာရီလောက်က အမျိုးသားတစ်ယောက်ဝင်လာပြီး လက်စွပ်ပြခိုင်းခဲ့ပြီးနောက်မှာ ဆိုင်ပိုင်ရှင်ကိုပါလာတဲ့ကော်သေနတ်နဲ့ချိန်ပြီး ရွှေထည်တွေကိုလုယက်ထွက် ပြေးခဲ့ပေမဲ့ စျေးကလူတွေကဝိုင်းဝန်းဖမ်းဆီးမိခဲ့ပါတယ်။

“စျေးထဲမှာဖွင့်ထားတဲ့ “ခိုင်တလုံး”ရွှေဆိုင်မှာဖြစ်သွားတာပါ သူ့ကိုဝိုင်းဖမ်းမိပြီးသေနတ်ကိုကြည့်တော့မှကော်သေနတ်မှန်းသိပြီး ငိုအားထက်ရယ်အားသန်ရသေးတယ်”လို့ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ ကုန်စိမ်းရောင်းသူတစ်ယောက်ကပြောပါတယ်။

ကော်သေနတ်ပြလုယက်တဲ့အမျိုးသားဟာ ဆိုင်ရှင်ကိုလက်စွပ်ပြခိုင်းပြီး လုယက်နေစဥ်မှာ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူနဲ့ အပြန်အလှန်တွန်းထိုးနေချိန်မှာဘေးကလူတွေမြင်တာကြောင့် ရွှေထည်ပစ္စည်းတစ်ချို့ကိုယူပြီးထွက်ပြေးသွားခဲ့ပါတယ်။

“ထွက်ပြေးတဲ့အချိန်ဝိုင်းဖမ်းလို့မိသွားတယ် သူလုပြေးသွားတဲ့ရွှေထည်တွေကိုလည်းပြန်ရပါတယ်”လို့စျေးဆိုင်ပိုင်ရှင်တစ်ယောက်ကပြောပါတယ်။

လုယက်မှုကျူးလွန်ခဲ့သူကိုတော့ ပြည်မြို့မရဲစ ခန်းကို တရားဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့အတွက်ပို့ဆောင်ခဲ့ကြပါတယ်။

(Zawgyi)

ပြည်မြို့မဈေးက ဆိုင်ပိုင်ရှင်ကို ကော်သေနတ်နဲ့ချိန်ပြီး ရွှေထည်တွေကိုလုယက်

ပဲခူးတိုင်း၊ပြည်မြို့က ပြည်မြို့မဈေးမှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ထဲကို ဒီနေ့မနက် ၈ နာရီလောက်က အမျိုးသားတစ်ယောက်ဝင်လာပြီး လက်စွပ်ပြခိုင်းခဲ့ပြီးနောက်မှာ ဆိုင်ပိုင်ရှင်ကိုပါလာတဲ့ကော်သေနတ်နဲ့ချိန်ပြီး ရွှေထည်တွေကိုလုယက်ထွက် ပြေးခဲ့ပေမဲ့ ဈေးကလူတွေကဝိုင်းဝန်းဖမ်းဆီးမိခဲ့ပါတယ်။

“ဈေးထဲမှာဖွင့်ထားတဲ့ “ခိုင်တလုံး”ရွှေဆိုင်မှာဖြစ်သွားတာပါ သူ့ကိုဝိုင်းဖမ်းမိပြီးသေနတ်ကိုကြည့်တော့မှကော်သေနတ်မှန်းသိပြီး ငိုအားထက်ရယ်အားသန်ရသေးတယ်”လို့ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ ကုန်စိမ်းရောင်းသူတစ်ယောက်ကပြောပါတယ်။


“ထွက်ပြေးတဲ့အချိန်ဝိုင်းဖမ်းလို့မိသွားတယ် သူလုပြေးသွားတဲ့ရွှေထည်တွေကိုလည်းပြန်ရပါတယ်”လို့ဈေးဆိုင်ပိုင်ရှင်တစ်ယောက်ကပြောပါတယ်။



LEAVE A REPLY

Please enter your comment!
Please enter your name here