CB bank ရဲ့ သတ်မှတ်ဘဏ်ခွဲအချို့တွင် တို ကင်မလိုပဲ ငွေသားထုတ်ယူနိုင်

0
110

(Unicode)

CB bank ရဲ့ သတ်မှတ်ဘဏ်ခွဲအချို့တွင် တို ကင်မလိုပဲ ငွေသားထုတ်ယူနိုင်

CB bank ရဲ့ သတ်မှတ်ဘဏ်ခွဲအချို့မှာ တိုကင် ယူစရာမလိုပဲ ငွေသားထုတ်ယူနိုင်ပြီလို့ CB bank က ကြေညာထားပါတယ်။

ငွေထုတ်ယူနိုင်မယ့်ဘဏ်ခွဲတွေကတော့ ဧရာဝတီတိုင်းဒေသကြီးက ညောင်တုန်းဘဏ်ခွဲ၊ ဓနုဖြူဘဏ်ခွဲ၊ ကျုံပျော်ဘဏ်ခွဲ၊ ငသိုင်းချောင်းဘဏ်ခွဲ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူဘဏ်ခွဲ၊ တောင်ကုတ်ဘဏ်ခွဲနဲ့ ဂွဘဏ်ခွဲတို့ဖြစ်ပါတယ်။

CB call center ကိုဆက်သွယ်မေးမြန်းချက်အရ ၄င်းဘဏ်ခွဲတွေမှာ စာရင်းဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေသာ ငွေထုတ်ယူခွင့်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် တိုကင်ယူစရာမလိုဘူးဆိုပေမယ့် မိမိငွေသားထုတ်ယူမယ့်ဘဏ်ခွဲနဲ့ ကြိုတင်ချိန်းဆိုမှုပြုလုပ်ရန်လိုအပ်ပြီး ၂ပတ်ကို ငွေကျပ်၅သိန်းထုတ်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

လက်ရှိရန်ကုန်မှာတော့ CB bank မှ ငွေသားထုတ်ယူလိုလျှင် CB pay မှတဆင့်တိုကင်ယူရန်လိုအပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ငွေစာရင်းအတွက် ၂ပတ်လျှင် ငွေကျပ်၅သိန်းထုတ်ယူခွင့်ပြုထားပါတယ်။

ကုမ္ပဏီငွေစာရင်းအတွက်ကတော့ ရန်ကုန်ဘဏ်ခွဲမှာဖွင့်လှစ်ထားတဲ့ ငွေစာရင်းအတွက် ၂ ပတ်လျှင် ငွေကျပ် သိန်း ၅၀ နှင့် နယ်ဘဏ်ခွဲမှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်းအတွက် ၂ပတ်လျှင် ငွေကျပ် သိန်း ၂၀ ထုတ်ယူခွင့်ပြုထားပါတယ်။

တိုကင်စနစ်ဖြင့် ငွေသားထုတ်ယူခွင့်ပေးထားထာကြောင့် ATM စက်တွေအတွင်း ငွေဖြည့်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ပေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပုံစာ – ယခင် ပုံဟောင်း ဖြစ်ပါသည်။

(Zawgyi)

CB bank ရဲ႕ သတ္မွတ္ဘဏ္ခြဲအခ်ိဳ႕တြင္ တို ကင္မလိုပဲ ေငြသားထုတ္ယူႏိုင္

CB bank ရဲ႕ သတ္မွတ္ဘဏ္ခြဲအခ်ိဳ႕မွာ တိုကင္ ယူစရာမလိုပဲ ေငြသားထုတ္ယူႏိုင္ၿပီလို႔ CB bank က ေၾကညာထားပါတယ္။

ေငြထုတ္ယူႏိုင္မယ့္ဘဏ္ခြဲေတြကေတာ့ ဧရာဝတီတိုင္းေဒသႀကီးက ေညာင္တုန္းဘဏ္ခြဲ၊ ဓႏုျဖဴဘဏ္ခြဲ၊ က်ဳံေပ်ာ္ဘဏ္ခြဲ၊ ငသိုင္းေခ်ာင္းဘဏ္ခြဲ၊ ရခိုင္ျပည္နယ္က ေက်ာက္ျဖဴဘဏ္ခြဲ၊ ေတာင္ကုတ္ဘဏ္ခြဲနဲ႔ ဂြဘဏ္ခြဲတို႔ျဖစ္ပါတယ္။

CB call center ကိုဆက္သြယ္ေမးျမန္းခ်က္အရ ၄င္းဘဏ္ခြဲေတြမွာ စာရင္းဖြင့္လွစ္ထားတဲ့ ဘဏ္အေကာင့္ေတြသာ ေငြထုတ္ယူခြင့္ျပဳမွာ ျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ တိုကင္ယူစရာမလိုဘူးဆိုေပမယ့္ မိမိေငြသားထုတ္ယူမယ့္ဘဏ္ခြဲနဲ႔ ႀကိဳတင္ခ်ိန္းဆိုမႈျပဳလုပ္ရန္လိုအပ္ၿပီး ၂ပတ္ကို ေငြက်ပ္၅သိန္းထုတ္ခြင့္ျပဳထားတယ္လို႔လည္း သိရပါတယ္။

လက္ရွိရန္ကုန္မွာေတာ့ CB bank မွ ေငြသားထုတ္ယူလိုလွ်င္ CB pay မွတဆင့္တိုကင္ယူရန္လိုအပ္ၿပီး လူပုဂၢိဳလ္တစ္ဦးခ်င္း၏ ေငြစာရင္းအတြက္ ၂ပတ္လွ်င္ ေငြက်ပ္၅သိန္းထုတ္ယူခြင့္ျပဳထားပါတယ္။

ကုမၸဏီေငြစာရင္းအတြက္ကေတာ့ ရန္ကုန္ဘဏ္ခြဲမွာဖြင့္လွစ္ထားတဲ့ ေငြစာရင္းအတြက္ ၂ ပတ္လွ်င္ ေငြက်ပ္ သိန္း ၅၀ ႏွင့္ နယ္ဘဏ္ခြဲမွာ ဖြင့္လွစ္ထားတဲ့ ေငြစာရင္းအတြက္ ၂ပတ္လွ်င္ ေငြက်ပ္ သိန္း ၂၀ ထုတ္ယူခြင့္ျပဳထားပါတယ္။

တိုကင္စနစ္ျဖင့္ ေငြသားထုတ္ယူခြင့္ေပးထားထာေၾကာင့္ ATM စက္ေတြအတြင္း ေငြျဖည့္ျခင္းလုပ္ငန္းေတြ လုပ္ေဆာင္ေပးမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။

ပုံစာ – ယခင္ ပုံေဟာင္း ျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here