လျှပ်စစ်မီတာခတွေကို Mobile banking များဖြင့်ပေးသွင်းနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းကြေညာ
0
131
(Unicode)
လျှပ်စစ်မီတာခတွေကို Mobile banking များဖြင့်ပေးသွင်းနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းကြေညာ
လျှပ်စစ်မီတာခတွေကို ဘဏ်များမှတဆင့် mobile banking တွေနဲ့ပေးဆောင်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပါတယ်။
၄င်းဘဏ်တွေမှာတော့-
၁။မြန်မာအရှေ့တိုင်းဘဏ်(MOB)
(ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်နေ့ထိ)
၂။UAB ဘဏ်
(ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်နေ့ထိ)
၃။သမဝါယမဘဏ်(CB)
(ဒီဇင်ဘာ ၂ ရက်မှ ၁၃ ရက်နေ့ထိ)
၄။ဧရာဝတီဘဏ်(AYA)
(ဒီဇင်ဘာ ၂ ရက်မှ ၁၃ ရက်နေ့ထိ)
၅။မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)
(ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်နေ့ထိ)
၆။ကမ္ဘောဇဘဏ်(KBZ)
(ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်နေ့ထိ)
၇။Internet Wallet Myanmar Ltd(OK$)
(ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်နေ့ထိ)
၈။Mytel Wallet International Myanmar (Mytel Pay)
(ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်နေ့ထိ)
၈။Tun Commercial Bank
(ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်နေ့ထိ)
တို့ဖြစ်ပါတယ်။
ဒါပေမယ့် မီတာဆောင်သူများကတော့ မြို့နယ် လျှပ်စစ်မီတာရုံးတွေမှာသာ တန်းစီလျက်ရှိနေကြပါတယ်။
အများစုကတော့ mobile banking မသုံးတတ် တာကတကြောင်း၊မီတာဘေလ်ဆောင်ပြီး သွားတဲ့အခါကျရင် မီတာရုံးမှာဆောင်သလို ချလံမရတာကတကြောင်း စတာတွေကြောင့် mobile banking ကို အသုံးနည်းနေပါတယ်။
တချို့ကျတော့လည်း မီတာရုံးအနီးတွေမှာ ပေါက်ကွဲမှုဖြစ်စဉ်တွေဖြစ်ခဲ့တာကြောင့် ဘဏ်ကနေတဆင့်ပေးဆောင်ဖြစ်တယ်လို့ ရန်ကုန် မြို့နေ ပြည်သူတစ်ဦးကပြောပြပါတယ်။
လက်ရှိမှာတော့ ကပ်ရောဂါဘေးအန္တရာယ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် စီးပွါးရေးကျပ်တည်းမှုတွေရှိနေကာ မီတာခမတတ်နိုင်လို့မီတာမဆောင်သူတွေလည်းရှိနေပါတယ်။
Photo – Dagon YESC
(Zawgyi)
၎င်းဘဏ်တွေမှာတော့-
၂။UAB ဘဏ်
၃။သမဝါယမဘဏ်(CB)
၎။ဧရာဝတီဘဏ်(AYA)
၆။ကမ္ဘောဇဘဏ်(KBZ)
၈။Tun Commercial Bank
တို့ဖြစ်ပါတယ်။
Photo – Dagon YESC
LEAVE A REPLY
Please enter your comment!
Please enter your name here