2021 Mnet Asian Music Awards ကို BTS တက်ရောက်ဖို့ မသေချာ

0
265

(Unicode)

2021 Mnet Asian Music Awards ကို BTS တက်ရောက်ဖို့ မသေချာ

တောင်ကိုရီးယားရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ကွာရန်တင်းစည်းမျဉ်းကြောင့် BTS ဟာ 2021 Mnet Music Awards(2021 MAMA) ကို တက် ရောက်နိုင်ဖို့ မသေချာဖြစ်နေပါတယ်။

BTS ဟာ ခုလက်ရှိ အမေရိကမှာရှိနေပြီး ၄င်းတို့ရဲ့ပရိုမိုးရှင်းများနဲ့ Permission to Dance ဖျော်ဖြေပွဲတွေအတွက် နိုဝင်ဘာ ၁၇ရက်နေ့က တည်းက ရောက်ရှိနေတာပါ။

ဒီဇင်ဘာ ၃ရက်နေ့မှာတော့ လော့အိန်ဂျလိစ်မြို့ ရဲ့ Jingle Ball Tour မှာ ဖျော်ဖြေဖို့ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Omicronရဲ့ ကူးစက်မှုမြင့်တက်လာတာကြောင့် နိုင်ငံရပ်ခြားက လေ ကြောင်းခရီးဖြင့်ပြန်လာသူအားလုံး မဖြစ်မနေ ကွာရန်တင်း ၁၀ရက်ဝင်ရမည်ဟု တောင်ကိုရီးယားအစိုးရက အမိန့်ထုတ်ထားပါတယ်။

BTS ဟာ Jingle Ball Tour မှာ ဒီဇင်ဘာ ၃ရက် နေ့ဖျော်ဖြေပြီး တောင်ကိုရီးယားကိုအစောဆုံးဒီဇင်ဘာ ၄ရက်နေ့မှာ ရောက်ရှိနိုင်ပါတယ်။

ကွာရန်တင်း ၁၀ရက်ဝင်ရမှာဖြစ်တဲ့အတွက် ဒီဇင် ၁၄ရက်မှ ကွာရန်တင်းပြီးဆုံးမှာပါ။

2021 MAMA ဟာ ဒီဇင်ဘာ ၁၁ရက်နေ့မှာကျင်းပမှာဖြစ်တဲ့အတွက် အဲ့ဒီ့ရက်မှာ BTS ဟာ ကွာရန်တင်းဝင်ရတဲ့ အခြေအနေမှာပဲ ရှိနေဦးမှာပါ။

Mnet ကတော့ BTS ရဲ့ အခြေအနေနဲ့ပတ်သက် ပြီး တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

(Zawgyi)











LEAVE A REPLY

Please enter your comment!
Please enter your name here