၂၀၂၂ဇန်နဝါရီလထဲ ပါတီဗဟိုကော်မတီအစည်းအဝေးပြုလုပ်မည်ဟု USDPပြောခွင့်ရဆို

0
137

(Unicode)

၂၀၂၂ဇန်နဝါရီလထဲ ပါတီဗဟိုကော်မတီအစည်းအဝေးပြုလုပ်မည်ဟု USDPပြောခွင့်ရဆို

ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များလည်း ရှိနေသေးသည့်အတွက် ပါတီအနေဖြင့် ညီလာခံပြုလုပ်ရန် အစီအစဉ် မရှိသေးဘဲ ပါတီတစ်ရပ်၏ အဆင့်အမြင့်ဆုံးအစည်းအဝေးတစ်ရပ်ဖြစ်သည့် ပါတီဗဟိုကော်မတီအစည်းအဝေးတစ်ရပ်အား ၂၀၂၂ခုနှစ် ဇန်နဝါရီလထဲ ပြုလုပ်ရန်ရှိကြောင်း USDPပြောခွင့်ရဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

“ဒီဇင်ဘာလထဲမှာတော့ အစည်းအဝေးက မဖြစ်လောက်ဘူး။ ဇန်နဝါရီထဲမှာ လုပ်မှာ။ရက်အတိအကျတော့ မသိရသေးဘူး။ ပါတီမှာက ပါတီဗဟိုကော်မတီဝင်က ၂၇၅ဦးရှိတယ်။အရံဗဟိုကော်မတီဝင်က ၇၅ဦးရှိတယ်။စုစုပေါင်း ၃၅၀ပေါ့။ ဗဟိုကော်မတီဝင်တွေထဲကမှ ဗဟိုအတိုင်ပင်ခံတို့၊ဗဟိုအလုပ်အမှုဆောင်တို့ ပြန်ရွေးကြတာ။ပါတီညီလာခံပြီးတာလည်း ၅နှစ်ပြည့်ပြီဆိုတော့။အစည်းအဝေးက ပြန်လုပ်ရမှာ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပါတီဗဟိုကော်မတီဝင်များကို သဘောဆန္ဒများ တောင်းခံထားသည်ဟု USDP ပြောခွင့်ရဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

“ဆက်လက်ပြီးပါဝင်ထမ်းဆောင်မလား။ အချို့ကျတော့လည်း အသက်အရွယ်အားဖြင့် နားချင်ကြတာတွေရှိတယ်။ သဘောဆန္ဒကိုမေးမြန်းထားတာပေါ့”ဟု ဆက်ပြောသည်။

ကျင်းပပြုလုပ်မည့် ပါတီဗဟိုကော်မတီအစည်းအဝေးမှတဆင့် ပါတီထိပ်ပိုင်းခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိနိုင်မည်လား ဆိုသည့် မေးခွန်းအပေါ် “ဒါကတော့ ပါတီဗဟိုကော်မတီဝင်တွေရဲ့ သဘောဆန္ဒအတိုင်းပါပဲ”ဟု ဖြေသည်။

အပြောင်းအလဲ ကြီးကြီးမားမား ရှိနိုင်လိမ့်မည်မဟုတ်ဟုလည်း USDPပြောခွင့်ရဒေါက်တာနန္ဒာလှမြင့်က သူ့အမြင်ကို ပြောသည်။

(Zawgyi)

၂၀၂၂ဇန္နဝါရီလထဲ ပါတီဗဟိုေကာ္မတီအစည္းအေဝးျပဳလုပ္မည္ဟု USDPေျပာခြင့္ရဆို

ကိုဗစ္ဆိုင္ရာကန႔္သတ္ခ်က္မ်ားလည္း ရွိေနေသးသည့္အတြက္ ပါတီအေနျဖင့္ ညီလာခံျပဳလုပ္ရန္ အစီအစဥ္ မရွိေသးဘဲ ပါတီတစ္ရပ္၏ အဆင့္အျမင့္ဆုံးအစည္းအေဝးတစ္ရပ္ျဖစ္သည့္ ပါတီဗဟိုေကာ္မတီအစည္းအေဝးတစ္ရပ္အား ၂၀၂၂ခုႏွစ္ ဇန္နဝါရီလထဲ ျပဳလုပ္ရန္ရွိေၾကာင္း USDPေျပာခြင့္ရေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

“ဒီဇင္ဘာလထဲမွာေတာ့ အစည္းအေဝးက မျဖစ္ေလာက္ဘူး။ ဇန္နဝါရီထဲမွာ လုပ္မွာ။ရက္အတိအက်ေတာ့ မသိရေသးဘူး။ ပါတီမွာက ပါတီဗဟိုေကာ္မတီဝင္က ၂၇၅ဦးရွိတယ္။အရံဗဟိုေကာ္မတီဝင္က ၇၅ဦးရွိတယ္။စုစုေပါင္း ၃၅၀ေပါ့။ ဗဟိုေကာ္မတီဝင္ေတြထဲကမွ ဗဟိုအတိုင္ပင္ခံတို႔၊ဗဟိုအလုပ္အမႈေဆာင္တို႔ ျပန္ေ႐ြးၾကတာ။ပါတီညီလာခံၿပီးတာလည္း ၅ႏွစ္ျပည့္ၿပီဆိုေတာ့။အစည္းအေဝးက ျပန္လုပ္ရမွာ”ဟု ၎ကေျပာသည္။

လက္ရွိတြင္ ပါတီဗဟိုေကာ္မတီဝင္မ်ားကို သေဘာဆႏၵမ်ား ေတာင္းခံထားသည္ဟု USDP ေျပာခြင့္ရေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

“ဆက္လက္ၿပီးပါဝင္ထမ္းေဆာင္မလား။ အခ်ိဳ႕က်ေတာ့လည္း အသက္အ႐ြယ္အားျဖင့္ နားခ်င္ၾကတာေတြရွိတယ္။ သေဘာဆႏၵကိုေမးျမန္းထားတာေပါ့”ဟု ဆက္ေျပာသည္။

က်င္းပျပဳလုပ္မည့္ ပါတီဗဟိုေကာ္မတီအစည္းအေဝးမွတဆင့္ ပါတီထိပ္ပိုင္းေခါင္းေဆာင္ပိုင္း အေျပာင္းအလဲ ရွိႏိုင္မည္လား ဆိုသည့္ ေမးခြန္းအေပၚ “ဒါကေတာ့ ပါတီဗဟိုေကာ္မတီဝင္ေတြရဲ႕ သေဘာဆႏၵအတိုင္းပါပဲ”ဟု ေျဖသည္။

အေျပာင္းအလဲ ႀကီးႀကီးမားမား ရွိႏိုင္လိမ့္မည္မဟုတ္ဟုလည္း USDPေျပာခြင့္ရေဒါက္တာနႏၵာလွျမင့္က သူ႔အျမင္ကို ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here